Print

အမျိုးသားနှင့် အမျိုးသမီးအကြား စိတ်ဝင်စားဖွယ်ရာ စိတ်အခြေအနေများ

  17-Jun-2019
Preview Image

အမျိုးသားနဲ့ အမျိုးသမီးဟာ ကိုယ်ခန္ဓာတည်ဆောက်ပုံချင်း ကွဲလွဲမှုရှိရုံသာမက စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေကလည်း မတူဘဲ ကွဲပြားမှုရှိနေတာကို စိတ်ဝင်စားဖွယ်ရာ တွေ့ရှိထားပါတယ်။

(၁) အမျိုးသားတွေက အမျိုးသမီးတွေထက်နှစ်ဆ-သုံးဆ ပိုပြီး စိတ်အပြောင်းအလဲ
မြန်တတ်ပါတယ်။ အမျိုးသမီးအများစုက အမျိုးသားအများစုထက် ဆုံးဖြတ်ချက် ချမှတ်ဖို့ ပိုကြာတတ်ပါတယ်။ ဒါပေမဲ့ အမျိုးသားတွေက သူတို့ ဆုံးဖြတ်ထားပြီးသား အရာတစ်ခုကို ပိုပြီး ပြီးဆုံးအောင် ဆောင်ရွက်လေ့ရှိပါတယ်။

(၂) အိုင်ကျူစစ်ဆေးနည်း ခံယူထားတဲ့ သူတွေကို လေ့လာမှုတစ်ရပ်အရ အမျိုးသမီးတွေက အမျိုးသားတွေထက် ပျမ်းမျှအားဖြင့် အိုင်ကျူအနည်းငယ် ပိုမြင့်တာကို တွေ့ရပါတယ်။

(၃) အမျိုးသမီးတွေက အမျိုးသားတွေထက် မျက်နှာတွေ၊ အထူးသဖြင့် အမျိူးသမီးတွေရဲ့ မျက်နှာတွေကို ပိုမိုမှတ်မိတတ်ကြပါတယ်။

(၄) အမျိုးသားတွေက အမျိုးသမီးတွေထက် ပိုပြီး ကူညီတတ်ကြပါတယ်။

(၅) အမျိုးသမီးတွေက အလုပ်ကြောင့် ရလာနိုင်တဲ့ ရလဒ်တွေကို ခန့်မှန်းတဲ့အခါမှာ ပိုပြီး အဆိုးမြင်တတ်ကြပါတယ်။

(၆) အမျိုးသမီးအများစုက တချို့အလုပ်ကိစ္စတွေမှာ တော်တယ်လို့ ယုံကြည်ကြပေမယ့် အရာရာတိုင်းကို ကောင်းအောင် မစွမ်းဆောင်နိုင်ကြပါဘူး။

(၇) အမျိုးသမီးတွေက အမျိုးသားတွေထက် ပိုပြီး ကြောက်ရွံ့တတ်၊ စိုးရိမ်ပူပန်တတ်ကြပါတယ်။

(၈) အမျိုးသမီးတွေက အမျိုးသားတွေထက်နှစ်ဆပိုပြီး စကားများကြပါတယ်။ တစ်နေ့မှာ အမျိုးသားတွေက ပျမ်းမျှအားဖြင့် စကားလုံး ၁၂၅,၀၀ လုံး ပြောကြပြီး အမျိုးသမီးတွေက ပျမ်းမျှအားဖြင့် ၂၅၅,၀၀ လုံးပြောလေ့ရှိကြပါတယ်။

(၉) အမျိုးသားအများစုက ပျမ်းမျှအားဖြင့် ခုနစ်စက္ကန့်ကြာတိုင်း Sex အကြောင်း စဉ်းစားလေ့ရှိကြပါတယ်။

(၁ဝ) အမျိုးသမီးတွေရဲ့ ဦးနှောက်ဟာ မျက်နှာအမူအရာနဲ့ စိတ်ခံစားမှုကို အကဲခတ်ရာမှာ ပိုပါးနပ်တတ်ပါတယ်။ အမျိုးသားတွေက မိန်းမတွေရဲ့ မျက်ရည်ကို တွေ့တဲ့အခါကျမှ သူတို့လုပ်ရပ် မှားသွားမှန်း တကယ် သဘောပေါက်သွားတယ်လို့ တချို့ အမျိုးသမီးတွေက ဆိုပါတယ်။ ဒါကြောင့် အမျိုးသမီးတွေက (အမျိုးသားတွေထက်) နာကျင်ဝမ်းနည်း တဲ့အခါ လေးဆ ပိုပြီး ငိုကြွေးတတ်တာပါ။

Credit : Good Health


သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။


 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18