Print

အဆီကျချင်တဲ့ ပျိုမေတွေ ဒါလေးတွေ သေချာဖတ်ပေးပါနော်

  17-Jun-2019
Preview Image

"ဝလို့ လှလို့" ဆိုတဲ့ အဆိုရှိခဲ့ပေမယ့် အလှအပနဲ့ ကျန်းမာရေးကို ဂရုစိုက်လာကြတဲ့ ခေတ်ကြီးမှာ အဝလွန်ခြင်းဟာ ပြသနာတစ်ရပ် ဖြစ်လာပါတယ်။ ဝလာတာနဲ့အမျှ ခန္ဓာကိုယ် ကြည့်မကောင်းတော့လို့ စိတ်ညစ်ရ၊ အဝတ်အစားအတွက်လည်း ဒုက္ခရောက်ရ၊ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေအတွက်လည်း စိတ်ပူရနဲ့ မသက်သာလှပါဘူး။

ဝစေတဲ့အကြောင်းမှာ အဓိက က လူနေမှုပုံစံကြောင့် ဖြစ်ပါတယ်။

- လှုပ်ရှားမှုနည်းခြင်း၊ အဆီအဆိမ့်နဲ့ ကယ်လိုရီများတဲ့ သရေစာတွေ အစားများခြင်းတွေကြောင့် စားသမျှ ကယ်လိုရီတွေဟာ ခန္ဓာကိုယ်က လိုအပ်တဲ့ ပမာဏထက်ပိုလျှံကာ အဆီတွေအဖြစ် ပြောင်းလဲသွားပြီး ဝဖြိုးလာရခြင်းပဲ ဖြစ်ပါတယ်။

- ဝလာမှ အဆီချမယ်လို့ စိတ်မကူးဘဲ မဝအောင် ကြိုတင်ဂရုစိုက်သင့်ပါတယ်။

- ဝနေတဲ့သူတွေကလည်း ကိုယ့်ကိုယ်ကို အချိန်မီပြုပြင်ပါ။

- ဘေးထွက်ဆိုးကျိုးတွေရှိနိုင်တဲ့ အဆီချဆေးတွေကို အားမကိုးဘဲ လူနေမှုပုံစံကို ပြောင်းလဲလိုက်ရုံနဲ့ အဆီကျပြီး အမြဲသွယ်လျနေမယ့်အပြင် ကျန်းမာလှပလာမှာ သေချာပါတယ်။

- လွယ်လွယ်လေးပါ။ သင့်တော်တဲ့ ကယ်လိုရီပမာဏကို ရရှိအောင်စားပြီး အဲဒီကယ်လိုရီတွေကိုများများ လောင်ကျွမ်းသွားအောင် လုပ်နိုင်ရင်ရပါပြီ။

ခိုင်မာတဲ့ဆုံးဖြတ်ချက်ချပါ။

အရေးကြီးဆုံးအချက်ပါ။

- ခိုင်မာတဲ့ ဆုံးဖြတ်ချက်မရှိပဲနဲ့ ကိုယ့်စိတ်ကို ကိုယ်မနိုင်ဘနဲ့တော့ ဘယ်အရာမှလုပ်လို့ရမှာ မဟုတ်ပါဘူး။

အဆီအဆိမ့်နဲ့ အချိုတွေကို ရှောင်ကြဉ်ပါ။

- ကယ်လိုရီများတဲ့ အဆီအဆိမ့်တွေ၊ အချိုတွေကို တတ်နိုင်သလောက် ရှောင်ကြဉ်ပါ။

- သရေစာတွေလည်း လျှော့စားပါ။

- အသင့်စားသုံးနိုင်တဲ့ အစားအစာတွေဖြစ်တဲ့ ပီဇာ၊ ဘာဂါ၊ ကွတ်ကီး၊ အချိုရည်၊ Snack တွေကို ဝေးဝေးကရှောင်ပါ။

- အေးခဲထားတဲ့ အစာတွေမှာလည်း အဆီတွေနဲ့ ဆားဓာတ်တွေ ပါဝင်လို့ ရှောင်ကြဉ်သင့်ပါတယ်။

- ကိုယ်အလေးချိန်ကို ထိန်းဖို့အတွက်ကတော့ အိမ်မှာချက်ပြုတ်ထားတဲ့ ဟင်းလျာတွေက အကောင်းဆုံးဖြစ်ပါတယ်။

အမျှင်ဓာတ်ပါတဲ့ စားစရာတွေကို များများစားပေးပါ။

- အမျှင်ဓာတ်ပါတဲ့ စားစရာတွေက အစာချေရာမှာ နှေးကွေးစေတဲ့အတွက် ဗိုက်ပြည့်နေလို့ အစားထပ်စားချင်စိတ်ကို လျှော့ချပေးပါတယ်။

- ထို့ပြင် ခန္ဓာကိုယ်က အဆီပိုတွေကို ဖယ်ရှားရာမှာလည်း အထောက်အကူပေးပါတယ်။

- ဆန်လုံးညို၊ ဘာလီ၊ အုတ်ဂျုံ၊ အညိုရောင် ပေါင်မုန့်စတဲ့ အုတ်ဂျုံနှင့်လုပ်သော အစားအစာများ၊ ပဲအမျိုးမျိုး၊ ဟင်းသီးဟင်းရွက်တွေနဲ့ အသီးအနှံတွေကို များများစားပေးပါ။

- ဂျပန်လူမျိုးတွေဟာ အဆီကျစေဖို့ မနက်တိုင်း ငှက်ပျောသီး တစ်လုံးစားပြီး ရေ ၂ ဖန်ခွက် သောက်ကြပါတယ်။

မျှတတဲ့ အစားအသောက်ပုံစံ ဖြစ်ပါစေ။

- ကာဗိုဟိုက်ဒရိတ်၊ အဆီနဲ့ အသားတွေကို မျှတအောင်စားပေးပါ။

- မျှတတဲ့ အစားအသောက်ပုံစံမှ သင့်ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရတွေကို ပေးစွမ်းနိုင်သလို ကိုယ်အလေးချိန် လျှော့ချရာမှာလည်း အထောက်အကူ ပေးပါတယ်။

- Vitamin D, Omega-3 နဲ့ Omega-6 Fatty acids တွေက အဆီကျစေပြီး vitamin A,C နဲ့ E ကလည်း အဆီဆဲလ်တွေထဲမှာရှိတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။

- အနီရောင်အသားတွေကိုတော့ လုံးဝရှောင်ကြဉ်သင့်ပါတယ်။

- အစပ်တွေကလည်း ခန္ဓာကိုယ်က ဇီဝဖြစ်စဉ်တွေကို မြန်ဆန်စေလို့ အဆီတွေကို မြန်မြန် ချေဖျက်ပေးနိုင်ပါတယ်။

ခဏခဏစားပါ

- အစားကို တစ်ခါထဲ အများကြီးမစားဘဲ နည်းနည်းနဲ့ ခဏခဏ စားပေးပါ။

- ၃ ခါ အများကြီး စားမယ့်အစား ၆ ခါ နည်းနည်းစီခွဲစားပါ။

- ထိုအခါ သွေးတွင်းသကြားဓာတ်ကို ထိန်းထားနိုင်ပြီး ဆာလောင်ခြင်းကို ဟန့်တားပေးပါတယ်။

စားသောက်မှုပုံစံ ပြောင်းပါ။

- မနက်စာကို အာဟာရပြည့်ဝတဲ့ အစားအစာတွေနဲ့ အများကြီးစားပါ။

- ဒါပေမယ့် အိပ်ရာမဝင်ခင် ၃ နာရီအလိုက စပြီးတော့ ဘာမှမစားမိပါစေနဲ့တော့။

- စားနေကျ ပန်းကန်ထက် ပိုသေးတဲ့ ပန်းကန်နဲ့စားပါ။

- အစားကို ဖြည်းဖြည်းချင်း ဝါးစားပါ။ အစားပိုစားချင်စိတ်ကို ထိန်းပေးပါလိမ့်မယ်။

- တီဗီကြည့် ရင်း ဒါမှမဟုတ် အင်တာနက်သုံးရင်း အစားစားရင် အစားစားချင်စိတ် ပိုပြင်းပြနိုင်လို့ ရှောင်ကြဉ်သင့်ပါတယ်။

အရောင်များရဲ့ စွမ်းအားကို အသုံးချပါ။

- ထမင်းစား စားပွဲဝန်းကျင်မှာ အနီ၊ အဝါ၊ လိမ္မော်တို့လို အရောင်တောက်တောက်တွေ ရှိနေရင် အစားစားချင်စိတ်ကို ပိုဖြစ်စေပြီး အပြာရောင်လို အရောင် မှိုင်းမှိုင်းတွေကတော့ အစားစားချင်စိတ်ကို လျော့ကျစေပါတယ်။

ရေများများသောက်ပါ။

- ရေများများသောက်ခြင်းဟာ ခန္ဓာကိုယ်က မလိုအပ်တော့တဲ့ အညစ်အကြေးတွေကို သန့်စင်စေပါတယ်။

- ဗိုက်လည်း ပြည့်နေစေလို့ အစားအများကြီး စားချင်စိတ်မဖြစ်အောင် ထိန်းပေးပါတယ်။

- ဝိတ်တက်စေတဲ့ အချိုရည်၊ အရက်၊ ဘီယာတွေအစား ရေကိုပဲသောက်ပါ။

- ရိုးရိုးရေထက် ရေနွေးတွေက ဝိတ်ချရာမှာ အထောက်အကူပြုပါတယ်။

- ရေနွေးကြမ်းကို ကိုယ်အလေးချိန်ကျအောင် သောက်သုံးကြပါတယ်။

တစ်ပတ်တစ်ခါ ကိုယ့်ကိုယ်ကိုဆုချပါ။

- ရေခဲမုန့်၊ ပီဇာစတဲ့ မိမိအရမ်းကြိုက်ပေမယ့် ရှောင်နေရတဲ့ စားစရာတွေကို တစ်ပတ်တစ်ခါတော့ စားပါ။

- စိတ်ကို လွတ်လွတ်လပ်လပ်ထားပြီး စားချင်တာ စားနိုင်ပေမယ့် အာသာပြေရုံသာ စားဖို့ သတိရှိပါ။

နေ့တိုင်း ကိုယ်လက်လှုပ်ရှား ကစားပေးပါ။

- အေရိုးဗစ်၊ ရေကူး၊ စက်ဘီးစီးခြင်း တို့လို အားကစား မလုပ်နိုင်ရင်တောင် လမ်းလျှောက်ပေးပါ။

- ကားမစီးဘဲ လမ်းလျှောက်သွားလို့ရရင် လမ်းလျှောက်ပါ။

- ဓာတ်လှေကားကို မသုံးဘဲ လှေကားနဲ့ အတက်အဆင်းပြုပါ။

- Gym မှာသွားပြီး မိမိခန္ဓာကိုယ်ရဲ့ အဆီချချင်တဲ့ အစိတ်အပိုင်းအတွက် သင့်တော်တဲ့ လေ့ကျင့်ခန်းတွေနဲ့ အဆီချနိုင်ပါတယ်။

- ယောဂကျင့်စဉ်တွေကလည်း ကိုယ်အလေးချိန် လျော့နည်းစေဖို့ အထောက်အကူ ပေးပါတယ်။

ဗီတာမင်ဒီလုံလောက်စွာရရှိပါစေ။

- နံနက်ခင်းနေရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့ပေးပါ။

- ဗီတာမင်ဒီကြွယ်ဝတဲ့ အစားအစာတွေကို များများစားပေးပါ။

- ဗီတာမင်ဒီ လုံလောက်စွာ မရရှိရင် ဘယ်လောက်ကောင်းတဲ့ အဆီချနည်းလမ်းပဲဖြစ်ဖြစ် မြန်မြန်ဆန်ဆန်နဲ့ ထိရောက်မှုရှိမှာ မဟုတ်ပါဘူး။

စိတ်ဖိစီးမှုကိုလျှော့ချပါ။

- တရားထိုင်ခြင်း၊ အသက်ရှုလေ့ကျင့်ခန်း လုပ်ခြင်းတို့နဲ့ မိမိမှာရှိတဲ့ စိတ်ဖိစီးမှုကို လျှော့ချပါ။

- အကောင်းမြင်ပါ။

- တစ်နေ့ကို အနည်းဆုံး ၈ နာရီ အိပ်ပါ။

- စိတ်ဖိစီးမှုကြောင့် အစားပိုစားပြီး ပိုဝလာနိုင်လို့ ဖြစ်ပါတယ်။

နည်းလမ်းလေးတွေက အရမ်းကိုရှိးရှင်းလွယ်ကူပါတယ်။ လုပ်နိုင်လေ အကျိုးရှိလေမို့ ကြိုးစားကြည့်ကြပါနော်။


Credit : မီးချောလေး


သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။


 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18