Print

ကလေးငယ်များကို လက်သန်ရာ ရွေးချယ်စေပါ

  16-Jun-2019
Preview Image

ဘယ်ဘက်သန်တဲ့ ကလေးငယ်များကို ညာဘက်သန်အောင် အတင်းအကြပ် ဖိအားပေးတဲ့ မိဘများ ရှိနေပါတယ်။ ယင်းဟာ မှားယွင်းတဲ့ လုပ်ဆောင်ချက်ပဲ ဖြစ်ပါတယ်။ ဘယ်ဘက်လက်သန်တဲ့သူဟာ ဆိုရင်ဖြစ် အသုံးအဖြုန်းကြီးတယ်တွေရော၊ ဆိုးတယ်တွေရော အစရှိသဖြင့် ကောလဟာလနဲ့ ရှေးရိုးစွဲ အယူများကြောင့် အချို့သော မိဘများဟာ ကလေးငယ်များကို ဘယ်ဘက်လက်သန်နေပါက ညာဘက်လက် သန်ရောက်
ရိုက်နက်ဆုံးမ၊ တွန်းအားပေး ပြောင်းစေတာမျိုးတို့ ရှိပါတယ်။ ယင်းဟာ အင်မတန်မှားယွင်းပါတယ်။ ဘယ်ဘက်လက်သန်သူဟာ ညာဘက်ဦးနှောက်ကို ပိုမို အသုံးပြုသူဖြစ်ပြီး ညာဘက်လက် သန်သူဟာ ဘယ်ဘက်အခြမ်း ဦးနှောက်ကို အများဆုံး အသုံးပြုသူ ဖြစ်ပါတယ်။ ညာဘက်ဦးနှောက် အသုံးပြုသော ဘယ်လက်သန်သူများဟာ အတွေးအခေါ်ပိုင်းဆိုင်ရာ၊ စိတ်ကူးစိတ်သန်းဆိုင်ရာ၊ အနုပညာဆိုင်ရာတို့မှာ သန်ပြီး စွန့်စားရတာ ဝါသနာပါသူများ ဖြစ်ပါတယ်။ ညာဘက်လက်သန်သူများကတော့ ဘယ်ဘက်အခြမ်း
ဦးနှောက်ကို အသုံးပြုပြီး သိပ္ဗံပညာရပ်ဆိုင်ရာ၊ တွက်ချက်မှုပိုင်းဆိုင်ရာ၊ ဘာသာစကား
လေ့လာမှုပိုင်းဆိုင်ရာ၊ အရေးအသား ဆိုင်ရာတို့မှာ ကျွမ်းကျင်ပြီး သတိကြီးစွာ လုပ်ကိုင်တတ်သူများ ဖြစ်ပါတယ်။

အချို့မိဘများကတော့ မိမိရဲ့ သားသမီးကို အများအလယ်ကို သွားတဲ့အခါ ဘယ်သန်ဖြစ်နေတာကြောင့် အများအကဲ့ရဲ့ခံရမှာကို စိုးရိမ်တဲ့အတွက်ကြောင်း ဆိုပြီးတော့ ကြိုးစားပြင်ယူကြပါတယ်။ အကယ်၍ ညာသန်သူကို ဘယ်သန်အောင် ပြောင်းစေတာပဲဖြစ်ဖြစ်၊ ဘယ်သန်သူကို ညာသန်အောင် တွန်းအားပေးတာပဲဖြစ်ဖြစ် လုပ်လိုက်ခြင်းက ကလေးငယ်ရဲ့ ဦးနှောက်ကို confuse ဖြစ်စေပြီး အာရုံကြောလုပ်ဆောင်ချက်ကို ထိခိုက်သွားပါတယ်။ လူသားတို့ မွေးဖွားစဉ်ကတည်းက ဘယ်ဘက်အခြမ်းက ပိုသန်တယ်ဆိုတာ ပါလာပြီးသား ဖြစ်ပါတယ်။ အဲ့ဒါကို ပြုပြင်ယူရန် ကြိုးစားခြင်းကြောင့် လက်ရေးမှာသာ ပြောင်းလိုက်စေခြင်းက ကလေးငယ်ရဲ့ အာရုံကြောနဲ့ အခြားသော ကျန်းမာရေး ဆိုင်ရာများကို ထိခိုက်စေပါတယ်။ လေ့လာတွေ့ရှိချက်များအရ ဘယ်ဘက်လက် သန်သူကို ညာဘက်လက်သန်အောင် လုပ်လိုက်ခြင်းကြောင့် -

- စကားထစ်ခြင်း၊ စကားဖြောင့်ဖြောင့်တန်းတန်းမပြောနိုင်ခြင်း
- စကား မပီသတော့ခြင်း
- အာရုံကြော အားနည်း၊ အကြောဆွဲခြင်း
- ဉာဏ်ထိုင်းခြင်း
- မှတ်ဉာဏ်အားနည်းခြင်း
- ရှက်ရွံ့ခြင်း
- အာရုံစူးစိုက်မှုနည်းခြင်း
- လက်သည်းကိုက်ခြင်း

အစရှိသဖြင့်တို့ကို အကုန်လုံးလည်း ဖြစ်နိုင်သလို တစ်ခုခုကိုလည်း ဖြစ်သွားနိုင်စေပါတယ်။ ယင်းဟာ ငယ်စဉ်ဘဝမှာ ဖြစ်ရုံမကပဲ ဘဝတစ်သက်လုံး ဖြစ်သွားစေမယ့် အရာများဖြစ်ပါတယ်။ ဒါကြောင့်မို့ ကလေးငယ်များကို ဘယ်သန်သန်၊ ညာသန်သန် ပြုပြင်ပြောင်းလဲမှု မလုပ်ပါစေရန် တိုက်တွန်းလိုက်ရ ပါတယ်။


Credit : အောင်ခမ်း ( ရိုးရာလေး)


သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။


 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18