Print

ပန်းသေပန်းညှိုးခြင်း

  15-Jun-2019
Preview Image

ပန်းညှိုးပန်းသေခြင်း၏ ရောဂါလက္ခဏာများ ပန်းညှိုးပန်းသေခြင်းသည် အတွေ့များဆုံးသော အမျိုးသားများ၏ လိင်စွ မ်းအားကို အဟန့်အတားဖစ်စေသည့် ရောဂါတစ်မျိုးဖြစ်ပါသည်။ ထိုရောဂါသည် အမျိုးသားများ၏ လိင်ဆက်ဆံခြင်းကို အလွန်ထိခိုက်စပါသည်။ ပန်းညှိုးပန်းသေစဖြစ်သော လူနာ၏ လိင်ဆက်ဆံမှုမှာ ယဘုယျအားဖြင့် ပုံမှန်ရှိပါသည်။ ရွှေပိတောက်ဆေးရုံ ဆီးလမ်းကြောင်းအထူးကု ပါရဂူ၏ ရှင်းပြချက်အရ ပန်းညှိုးပန်းသေလက္ခဏာတွင် စိတ်အာရုံကြောင့် ပန်းညှိုးပန်းသေခြင်းနှင့် လိင်အင်္ဂါအဖွဲ့အစည်းကြောင့် ပန်းညှိုးပန်းသေခြင်း စသောလက္ခဏာများ ပါဝင်သည်။ ပန်းညှိုးပန်းသေလက္ခဏာဖြစ်ပွားပါက ဆေးရုံသို့ အချိန်မီစစ်ဆေးကုသရမည်။

ပန်းညှိုးပန်းသေခြင်း၏ ရောဂါလက္ခဏာများ

1.စိတ်အာရုံကြောင့် ပန်းညှိုးပန်းသေခြင်း စဖြစ်သော လက္ခဏာများမှာ -ရာဂါလက္ခဏာမြန်ခြင်း၊ လိင်တံအလိုအလျောက်ကြွခြင်း၊ ညအိပ်ချိန် (သို့တရေးနိုးချိန်တွင် လက်နှင့်လုပ်ခြင်း (သို့) လိင်စိတ်ကြွစေမည့် အကြောင်းများ တွေးချိန်၌ထောင်ခြင်း၊ အမှန်တကယ် လိင်ဆက်ဆံသည့်အချိန်တွင် မထောင်နိုင်ြ ခင်း (သို့) လိင်တံသည် အမျိုးသမီးအင်္ဂါနှင့် ထိမိချိန်တွင် မာပြီးထောင်လာကာ ထိုးထည့်သောအခါတွင် ပြန်၍ပျော့သွားတတ် ပါသည်။ ထို့အပြင် စိတ်လောခြင်း၊ စိတ်ခြောက်ခြားခြင်း၊ စိတ်ဂနာမငြိမ်ဖြစ်ခြင်းနှင့် အာရုံကြောအားနည်းခြင်းများ ဖြစ်တတ်ပါသည်။ အချို့သောလူများတွင် သုတ်လွှတ်မြန်ခြင်း (သို့) လိင်ဆက်ဆံချိန်တွင် သုတ်လွှတ်မြန်ခြင်းလည်း ရှိပါသည်။

2.လိင်အင်္ဂါအဖွဲ့အစည်းထိခိုက်မှုကြောင့် ပန်းညှိုးပန်းသေခြင်း စဖြစ်သော လက္ခဏာများမှာ - မည့်သည့်အခြေအနေတွင်ဖြစ်ဖြစ် လိင်တံမကြွနိုင်ခြင်း၊ ရာဂါအခြေအနေ အလွန်ဆိုးရွားခြင်းနှင့် အချို့သော လူများတွင် ဆီးချိုရောဂါများလည်း ရှိနိုင်ပါသည်။

Credit : Shwe Padauk Hospital Yangon

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။

 



Related Articles


Advertisment 18