Print

မိန်းမကိုယ် သန့်ရှင်းရေးအတွက် ဒါတွေလုပ်မိရဲ့လား

  15-Jun-2019
Preview Image

မိန်းကလေး တစ်ယောက်အတွက် မိန်းမကိုယ်သန့်ရှင်းရေကလည်း အရေးကြီးပါတယ်။ မျက်နှာကို လှပအောင် ဘယ်လိုပဲ ပြင်ဆင်ခြယ်သထားပါစေ၊ သင့်ကိုယ်သင် လုံခြုံမှုမရှိနိင်ပါဘူး။ ခန္ဓာကိုယ်တစ်ကိုယ်လုံးသန့်ရှင်းပြီး တစ်ကိုယ်ရေကျန်းမာရေးနဲ့ ညီညွတ်ဖို့ လိုတယ်ဆိုပေမယ့် သင့်ခန္ဓာကိုယ်ရဲ့ မျိုးပွားအင်္ဂါဖြစ်တဲ့ မိန်းမကိုယ် သန့်ရှင်းနေဖို့လည်း လိုအပ်ပါတယ်။ ဒါကြောင့် သင်ရဲ့ တစ်ကိုယ်ရေ သန့်ရှင်းရေးမှာ အရေးပါတဲ့ မိန်းမကိုယ် သန့်ရှင်းရေးအတွက် ဒါတွေလုပ်မိပါရဲ့လား။

- ကြမ်းတမ်းတဲ့ ဆပ်ပြာတွေ၊ အမွှေးရနံ့လွန်ကဲတဲ့ ဆပ်ပြာတွေ မသုံးသင့်ပါဘူး။

- ရနံ့ပြင်းလွန်းတဲ့ မိန်းမကိုယ် သန့်စင်ဆေးရည်တွေကို အလွန်အမင်း အသုံးပြုတာက မိန်းမကိုယ် ခြောက်သွေ့စေနိုင်တာကြောင့် အလွန်အမင်း အသုံးပြုတာကိုရှောင်ပါ။

- မိန်းမကိုယ် အတွင်းပိုင်းထဲကို သန့်စင်ဆေးရည်တွေနဲ့ ဆေးကြာတာ၊ ရေနဲ့ဆေး ကြောတာမျိုးတွေကို ရှောင်သင့်ပါတယ်။ မိန်းမကိုယ်အတွင်းမှာ သဘာဝအရ ပိုးမွှားတွေကို မဝင်ရောက်နိုင်အောင်ကာ ကွယ်နိုင်စွမ်းရှိပါတယ်။ သန့်စင်ပေးဖို့ မလိုပါဘူး။

- အထူးသဖြင့် မိန်းကလေးတွေဟာ ရာသီလာနေချိန်တွေမှာ သန့်ရှင်းရေးကို ပိုမိုဂရုစိုက်ဖို့ လိုပါတယ်။ ရာသီလာတဲ့ ရက်တွေမှာ မျိုးပွားအင်္ဂါတွေကို သန့်ရှင်းရေးလုပ်တဲ့ အခါ ရေနွေးနွေးလေးနဲ့ သန့်စင်ပေးတာ အကောင်းဆုံးပါ။

- အမျိုးသမီး လစဉ်သုံးပစ္စည်းကို မလဲဘဲ တစ်နေကုန် ဝတ်ဆင်ထားတာမျိုးကို ရှောင်ရှားပါ။ အထူးသဖြင့် ညအိပ်ရာဝင်ခါနီးမှာ မိန်းမကိုယ်သန့်ရှင်းရေးကို သ ချာစွာပြုလုပ်ပြီး လစဉ်သုံးပစ္စည်းအသစ်ကို လဲလှယ်ဝတ်ဆင်ကာ အိပ်စက်ပါ။

- တင်းကျပ်လွန်းတဲ့ အတွင်းခံဘောင်း ဘီ၊ ထူလွန်း၊ ပူလွန်းတဲ့ အတွင်းခံဘောင်း ဘီတွေအစား လေဝင်လေထွက်ကောင်းတဲ့ ချည်သား အတွင်းခံဘောင်းဘီကို ဝတ်ဆင်ပါ။

- ပိုးမွှားကူးစက် လွယ်စေနိုင်တဲ့ လိင်အင်္ဂါတစ်ဝိုက်မှာရှိ အရေပြားတွေ သန့်ရှင်းနေဖို့ အလွန်အရေးကြီးပါတယ်။

- ဆီးသွားချင်တာကို မသွားဘဲ ဆီး အောင့်ထားတာမျိုးကို ရှောင်ရှားပါ။

- မျိုးပွားအင်္ဂါ တဝိုက်မှာ နာကျင်မှုဖြစ်တာ၊ နီရဲနေတတ်တာ၊ ယားယံတာ၊ အိမ်ထောင်သည်တွေ အမျိုးသားနဲ့ အတူနေတဲ့အခါ နာကျင်မှုခံစားရတာ၊ သွေးဆင်းတာ စတာတွေဖြစ်ပေါ်ပါက ဆရာဝန်နဲ့ တိုင်ပင်ပါ။

Credit : Good health


သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။


 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18