Print

ကိုယ်ဝန်ဆောင်နှင့် အရေပြားပြဿနာ

  10-Jun-2019
Preview Image

ကိုယ်ဝန်ဆောင်စဉ်ကာလအတွင်း အရေပြားမှာ ပြောင်းလဲမှု

ကိုယ်ဝန်ဆောင်စဉ်မှာ endocrine and metabolic changes ဆိုတဲ့ သွေးသားပြောင်းလဲမှုတွေကြောင့် အရေပြားမှာလည်း ထူးခြားတဲ့ပြောင်းလဲမှုတွေ တွေ့ရတတ်ပါတယ်။ ကိုယ်ဝန်ရှိရင် အရေပြားအရောင် ပြောင်းပါတယ်။ ပိုသိသာတာက နို့သီးတစ်ဝိုက်ရယ်၊ လိင်အင်္ဂါရယ်ပါ။ နောက်ပြီး ချက်နဲ့ ဆီးခုံစပ်ကြား ဗိုက်အလယ်
တည့်တည့်နေရာမှာ အညိုရောင်ရင့်ရင့် ဖြစ်တတ်ပါတယ်။ နောက်ပြဿနာကတော့ တင်းတိပ်စွဲတာပါ။ တင်းတိပ်တော်တော် များများကတော့ မီးဖွားပြီးရင် တဖြည်းဖြည်းနဲ့ ပျောက်သွားတတ်ပါတယ်။ တချို့ကျတော့လည်း မပျောက်ဘဲ စွဲကျန်နေတတ်တာမို့ စနစ်တကျကုသဖို့ လိုပါတယ်။ မွေးညင်းနုလေးတွေ ပိုရှည်လာတတ်ပါတယ်။ ဦးခေါင်းက ဆံပင်ကတော့ သိပ်သိသိသာသာ ပြောင်းလဲမှု မရှိပေမယ့် မီးဖွားပြီးရင်တော့ တချို့ဆံပင်တွေ တော်တော်ကျွတ်တတ်ကြပါတယ်။

လက်သည်းခြေသည်းတွေ ပြောင်းလဲမှု

သာမန်အချိန်ထက်စာရင် လက်သည်းခြေသည်း ရှည်တဲ့နှုန်းက နည်းနည်းပိုမြန်တယ်လို့ ဆိုပါတယ်။

ချွေးအိတ်၊ အဆီအိတ် ပြောင်းလဲမှု

အရေပြားထဲက ချွေးအိတ်တွေရယ်၊ အဆီအိတ်တွေရယ် ပိုမိုပြီးအလုပ်များ လာကြတဲ့အတွက် ချွေးပိုထွက်တတ်ပါတယ်။ အဆီလည်း ပြန်တတ်ပါတယ်။

အကြောပြတ်တာတွေရော ရှိတတ်ကြတယ်နော်…

ဒါကတော့ အားလုံးလိုလို သိကြပြီးသားပါ။ Striae atrophicae လို့ခေါ်ပါတယ်။ ဗိုက်နဲ့ရင်သားတွေမှာ ဖြစ်လေ့ရှိပါတယ်။ အဲဒီဗိုက်ကြောပြတ်တာတွေ သက်သာ အောင်ဆိုပြီး စတီးရွိုက် (Steroid) ပါတဲ့ လိမ်းဆေးတွေ လုံးဝမလိမ်းကြပါနဲ့၊ သာမန်အရေပြားတောင် အဲဒီလိမ်းဆေးတွေလိမ်းရင် အကြောပြတ်တဲ့ အရေးအကြောင်းတွေ ပေါ်လာနိုင်ပါတယ်။

တခြားအရေပြားတွေရှိခဲ့ရင် ကိုယ်ဝန်ဆောင်စဉ်မှာ ပိုဆိုးသွားတတ်ပါသလား

တချို့အရေပြားရောဂါတွေကို သိသိသာသာ သက်သာသွားတတ်သလို၊ တချို့ အရေပြားရောဂါတွေ ကျတော့လည်း ကိုယ်ဝန်ရှိစဉ်မှာ ပိုမိုဆိုးရွားတတ်ပါတယ်။ ဥပမာအားဖြင့် Atopic dermatitis လို့ခေါ်တဲ့ နှင်းခူရှိခဲ့ရင် ကိုယ်ဝန်ဆောင်စဉ်မှာ သက်သာသွားတတ်ပါတယ်။ ဆိုရီယားစစ် Psoriasis ဆိုတဲ့ အကြေးခွံဖြူတွေကွာတဲ့
ဖောင်းကြွကွက်တွေနဲ့ ရောဂါ (တချို့ကလည်း“ပွေးကြီး” ဆိုပြီး မြန်မာမူပြုကြပါတယ်) ဆိုရင်လည်း ကိုယ်ဝန်ရှိစဉ် သက်သာလာပြီး မွေးလည်းမွေးပြီးရော ရောဂါပြန်ကြွတတ်တဲ့ သဘောရှိပါတယ်။ ဒါပေမယ့် SLE ဆိုတဲ့ အရေပြားလေးဖက်နာတို့ အရေပြားမှို တို့၊ ကြွက်နို့တို့၊ ရေယုန်တော့ကျတော့ ပိုဆိုးသွားပါတယ်။ Pruritus gravidarum လို့ခေါ်တဲ့ ကိုယ်ဝန်ဆောင်တွေ ယားတဲ့ဝေဒနာ သတ်သတ်မှတ်မှတ်ကို ရှိပါတယ်။
ဖြစ်နိုင်တဲ့ အကြောင်းကတော့ အများကြီးပါ။ ဒါပေမယ့် bile salts လို့ခေါ်တဲ့ သည်းခြေဆားဓာတ် သွေးထဲမှာများနေလို့ ဖြစ်နိုင်တယ်ဆိုပြီး သုံးသပ်ကြပါတယ်။

 

ကျွန်တော်တို့တစ်တွေ ရှေးရိုးလက်စွဲ ဘာမီတွန် (cholorpheniramine) ပဲ သုံးသင့်ပါတယ်။ အယားတော့ သက်သာပါတယ်။ မအိမ်ချင်ဘူးဆိုတဲ့ နောက်ဆုံးပေါ်ဆေးတွေ မသုံးသင့်ပါဘူး။ ရိုးရိုးယားတာထက် ပိုဆိုးတာက prurigo ဆိုတဲ့ ယားဖုတွေလည်း ရှားရှားပါးပါး ပေးတတ်ပါတယ်။ လက်တွေ၊ ခြေတွေ၊ ဗိုက်တွေပေါ်မှာ ဖြစ်တတ်ပြီး မီးဖွားပြီးနောက် တော်တော်ကြာကြာအထိ ရှိနေတတ်ပါတယ်။ ဆရာဝန်နဲ့ ပြသပြီး ကုသသင့်ပါတယ်။ နောက်ပြီး ယားနာတစ်မျိုးလည်း အလွန်ရှားရှားပါးပါး ကြုံရတတ်ပါတယ်။ Herpes gestationis လိုပခေါ်တယ်။ ချက်တစ်ဝိုက်ကနေ အစပြုပြီး ယားဖုတွေ၊ ရေယုန်လို အရည်ကြည်ဖုတွေပိုလာပြီး ပေါင်၊ လက်ဖဝါး၊ ခြေဖဝါးတွေအထိ ပျံ့နှံ့သွားတတ်ပါတယ်။ နောက်တစ်ခါ ကိုယ်ဝန်ထပ်ဆောင်ရင် ထပ်မံဖြစ်ရုံတင်မကဘူး၊ အခြေအနေ ပိုပြီးဆိုးတဲ့အတွက် သတိထားစရာပါ။ ပြီးတော့ Polymorphic eruption ဆိုတဲ့ ယားနာတစ်မျိုးကတော့ အဖြစ်များပါတယ်။

 

ကိုယ်ဝန်ဆောင်မိခင် ၂၀၀ မှာ တစ်ယောက်လောက် ဖြစ်တတ်ပါတယ်။ မိခင်ကလည်း ဝမယ်၊ ဗိုက်ထဲက ကလေး
ကလည်း ဝမယ်၊ ဒါမှမဟုတ် အမြွှာပူးဆိုရင် ပိုဖြစ်နိုင်ပါတယ်။ သားဦးကိုယ်ဝန်ဆောင်ဆိုလည်း ပိုဖြစ်လေ့ရှိပါတယ်။ ကိုယ်ဝန်ဆောင် ရင့်တဲ့အခါမှာ အဲဒီယားတဲ့ အင်ပျဉ်ကွက်တွေက ဗိုက်သားကြောပြတ်တဲ့နေရာ ပေါင်တွေမှာ ပေါ်လာတယ်။ ထူးခြားတာက ချက်ကတော့ ဘာမှမဖြစ်ဘူး။ ဘာမီတွန် သောက်ဆေးတွေအပြင် စတီးရွိုက်ပါတဲ့ လိမ်းဆေးတချို့ လိမ်းမှသက်သာပါမယ်။ အကောင်းဆုံးကတော့ ဆရာဝန်နဲ့ ပြသတိုင်ပင်သင့်ပါတယ်။

Credit : ဒေါက်တာကျော်ကျော်(အရေပြားအထူးကု)

 သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18