Print

အကိုက်အခဲပျောက်ဆေးသောက်သည့် အမျိုးသားများ ပန်းသေပန်းညှိုးဖြစ်နိုင်

  09-Jun-2019
Preview Image

အကိုက်အခဲပျောက်ဆေးကို ပုံမှန်သောက်တဲ့ အမျိုးသားတွေဟာ ပန်းသေပန်းညှိုးဖြစ်နိုင်ခြေ မြင့်မားတယ်လို့ လေ့လာမှု အသစ်အရ သိရှိထားပါတယ်။

ကိုဒင်းအပါအဝင် Opioid အမျိုးအစား အကိုက်အခဲပျောက်ဆေးကို ပုံမှန်သုံးစွဲတဲ့ အမျိုးသား တွေမှာ အဲဒီ ပြဿနာတွေ ဖြစ်ပေါ်တယ်လို့ သိရပါတယ်။ Opioid ကို အသုံးပြုတဲ့ အမျိုးသားတွေဟာ အဲဒီဆေးဝါး မမှီဝဲသူတွေထက် ပန်းသေပန်းညှိုး ဖြစ်နိုင်ခြေ ၅၀ ရာခိုင်နှုန်း ပိုမြင့်မားတယ်လို့ ဆိုပါတယ်။ မော်ဖင်း၊ အိုက်ဒရို ကော်ဒေါနဲ့ အောက်ဆီ ကော်ဒုန်းတွေဟာ အသုံးများတဲ့ အိုပီဝိုက် အကိုက်အခဲ ပျောက်ဆေး အမျိုးအစားတွေ ဖြစ်ပါတယ်။ ခါးကိုက် ခါးနာ ဝေဒနာရှိတဲ့ အမျိုးသားပေါင်း ၁၁၀ဝဝ ယောက်ကို လေ့လာမှုပြုလုပ်ရာမှာ အသက် ၆၀ ကျော် အမျိုးသားတွေဟာ ငယ်ရွယ်တဲ့ အမျိုးသားတွေထက် ပန်းသေပန်းညှိုဖြစ်တာ ပိုများတယ်လို့ တွေ့ရှိခဲ့ပါတယ်။

အိုပီဝိုက် အမျိုးအစား အကိုက်အခဲ ပျောက်ဆေးကို အချိန်ကြာကြာ သောက်သုံးသူတွေမှာ ပန်းသေပန်းညှိုး ဖြစ်နိုင်ခြေ ပိုမြင့်မားတာကို တွေ့ရှိ ခဲ့ပါတယ်။ အိုပီဝိုက် အမျိုးအစား ဆေးဝါးတွေကို ရေရှည်အသုံးပြုရင် ဆေးစွဲတာ၊ ဆေးလွန်ပြီး အသက်ဆုံးရှုံးတာ၊ မကြာခဏ အိပ်ရာမှ နိုးတာ၊ အသက်ကြီး သူတွေမှာ လိမ့်ကျတာ၊ ဟော်မုန်းထုတ်လုပ်မှု လျော့နည်းတာတွေအပြင် အခုအခါမှာ ပန်းသေပန်းညှိုးပါ ဖြစ်တယ်လို့ သိရပါတယ်။ အသက် ၆၀ နဲ့ ၆၉ နှစ်ကြား အမျိုးသားတွေဟာ အသက် ၁၈ နှစ်နဲ့ ၂၉ နှစ်ကြား အမျိုးသားတွေထက် ပန်းသေပန်းညှိုး ဆေးဝါး အသုံးပြုမှု ၁၄ ဆ ပိုများပါတယ်။ စိတ်ကျဝေဒနာနဲ့ အိပ်ဆေးအသုံးပြုတဲ့ အမျိုးသားတွေမှာလည်း ပန်းသေပန်းညှိုး ဖြစ်နိုင်ခြေ ပိုမြင့်မားပါတယ်။

Credit : Good Health

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။

 



Related Articles


Advertisment 18