Print

အမျိုးသမီး မျိုးပွားအင်္ဂါအဖွဲ့အစည်း

  09-Jun-2019
Preview Image

ကလေးသန္ဓေတည်မွေးဖွားသည့် အမျိုးသမီးမျိုးပွားအဂါၤတွင် အတွင်းမအဂါၤများ (သားအိမ်၊ သားဥအိမ်၊ သားဥပြွန်)နှင့် ပြင်ပအဂါၤများ (သားအိမ်ခေါင်း၊ မွေးလမ်းကြောင်း၊ မိန်းမကိုယ်) တို့ပါဝင်သည်။ မိန်းကလေးတစ်ဦးသည် ၁၀-၁၃ နှစ်အရွယ်ခန့်တွင် အပျိုဖြစ်လာသည့်အတွက် သားဥအိမ်မှ သားဥများ စတင်ထုတ်လုပ်ပါသည်။ လစဉ် သားဥအိမ်တွင် သားဥတစ်ခုဖြစ်ပေါ်လာပါသည်။ မိန်းမတစ်ဦးသည် ဤအချိန်ကာလအတွင်း လိင်ဆက်ဆံပါက ယောကျ်ားအဂါၤမှ သုတ်ကောင်များသည် သုတ်ရည်နှင့်အတူ သားအိမ်အတွင်းသို့ ရောက်ရှိလာပြီး ထိုမှတဆင့် သားဥပြွန်ထဲရှိ သားဥအတွင်းသို့ သုတ်ကောင်ဝင်ရောက် သွားသည့်အခါ သန္ဓေတည်သွားပြီး မိန်းကလေးမှာ ကိုယ်ဝန်ရှိလာနိုင်ပါသည်။ ကိုယ်ဝန်ရှိပြီး  ၉လကြာသောအခါ ကလေးမွေးဖွားပါသည်။

 

အမျိုးသမီးမျိုးပွားစနစ်အကြောင်း သိရှိပြီးလျှင် ရာသီသွေးပေါ်ခြင်းအကြောင်းကို သိရှိရန် လိုအပ်ပါသည်။ လစဉ်မိန်းကလေးတစ်ဦး၏ သားဥအိမ်မှ သားဥတစ်လုံး ကြွေဆင်းလာပြီးနောက် သန္ဓေတည်ခဲ့ပါက အဆင်သင့်ဖြစ်ရန် သားအိမ်၏ အတွင်းသားများကို တိုးပွားပြင်ဆင်မှုများ ဖြစ်ပေါ်လာပါသည်။ သားဥသည် သုတ်ကောင်နှင့် မထိတွေ့ပါက သန္ဓေတည်ခြင်း မရှိသောကြောင့် သားအိမ်အတွင်းသားများ တိုးပွားပြင်ဆင်မှုများ ပျက်ပြယ်ပြီး သွေးများနှင့်အတူ ကြွေကျလာပါမည်။ ၎င်းသွေးများသည် သားဥနှင့်အတူ မိန်းမအဂါၤမှတဆင့် ကျဆင်းလာပါမည်။

 

ဤဖြစ်စဉ်ကို ရာသီသွေးဆင်းခြင်းဟု ခေါ်ပါသည်။ ရာသီသွေးလာခြင်းမှာ ၂ ရက်မှ ၇ ရက်အထိလာနိုင်ပါသည်။ ရာသီသွေး အနည်းအများနှင့် ရာသီသွေးလာသည့်အချိန် ကာလတို့မှာ မိန်းမတစ်ဦးနှင့်တစ်ဦး မတူနိုင်ပါ။ အချို့မှာ ရာသီလာချိန်တွင် နာကျင်မှုကို ခံစားရသော်လည်း အချို့မှာ မခံစားရပါ။ သားဥ၏ သက်တမ်းမှာ ၄၈ နာရီခန့်ရှိပါသည်။ ရာသီသွေးလာခြင်း၏ အကြောင်းအရင်းဖြစ်သော သုတ်ကောင်နှင့် သားဥမပေါင်းစည်းရခြင်းမှာ မိန်းမတစ်ဦးအနေဖြင့် လိင်ဆက်ဆံမှုမပြုခြင်းကြောင့်၎င်း၊ ပဋိသန္ဓေ တားဆေးကို အသုံးပြုခြင်းကြောင့်၎င်း၊ လိင်ဆက်ဆံသည့်အချိန်တွင် ကွန်ဒုံးကို စနစ်တကျသုံးခြင်းကြောင့်၎င်း ဖြစ်နိုင်ပါသည်။


ကလေးရရန် ပါဝင်ဆောင်ရွက်သည့် အမျိုးသားအဂါၤ အစိတ်အပိုင်းများတွင် ယောကျ်ားအဂါၤ (လိင်တံ)၊ နှင့် ဝှေးစေ့တို့ပါဝင်သည်။ ဝှေးစေ့မှ သုတ်ပိုးကို ထုတ်လွှတ်၍ သုတ်ရည်ကြည်အိတ်မှ သုတ်ရည်ကြည်များ ထုတ်လွှတ်ပါသည်။ သုတ်ကောင်၏ သက်တမ်းမှာ ၇၂ နာရီခန့်ရှိပါသည်။ ယောကျ်ားလေးတစ်ဦးသည် လိင်ဆက်ဆံသည့်အခါ သုတ်ကောင်မြောက်မြားစွာတို့ကို သားအိမ်အတွင်းသို့ ရောက်ရှိစေပါသည်။ သုတ်ရည်အတွင်းရှိ သုတ်ကောင်များစွာထဲမှ တစ်ကောင်သာ သားဥတစ်ဥနှင့် တွေ့ဆုံလေ့ရှိပါသည်။ ထိုအခါ မိနိးမတွင် ကိုယ်ဝန်ရှိလာပါမည်။ ကိုးလအကြာတွင် ကလေးမွေးဖွားပါသည်။

Credit : ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန


သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။


 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18