Print

သတိလစ်၊ မူးမေ့လျှင်

  07-Jun-2019
Preview Image

သတိလစ်လှဲကျသောလူကို
- နာမည်ခေါ် နှိုးကြည့်ပါ။
- ခေါ်မရရင် အသက်ရှူလမ်းကြောင်းပွင့် မပွင့်၊ အသက်ရှူမရှူ၊ နှလုံးခုန်မခုန် စတာတွေ စစ်ဆေးပါ။ (A.B.C) စတာတွေ အလုပ်မလုပ်တော့ရင်တော့ C P R (Cardia Pulmonay Resuscitation) နှလုံးအသက်ကယ် စလုပ်ပါတော့ အရေးကြီးတဲ့အရာတွေ အလုပ်လုပ် နေသေးတယ်ဆိုရင်တော့ ဆေးရုံအမြန်ပို့ဖို့ပြင်ဆင်ပါ။ လမ်းတစ်လျှောက်မှာလည်း A, B, C စတာတွေကို ၅ မိနစ်တစ်ခါ စစ်ဆေးသွားပါ။ ဖြစ်ခါစမှာ အသက်ရှူလမ်းပွင့်သေးတယ် သွေးခုန်သေးတယ်ဆိုပေမယ့် အချိန်မရွေးရပ်သွားနိုင်ပါတယ်။ ထို့ကြောင့် မကြာမကြာ စစ်ဆေးပေးရပါတယ်။ ထိုသို့ ဆေးရုံကိုသယ်ပို့ရာတွင် လူနာကိုထားရမယ့် ပုံစံလည်း အရေးကြီးပါတယ်။

ဘယ်အချိန်တွေမှာ ဆေးရုံကားခေါ်မလဲ

(ဆေးရုံကားခေါ်ပါ) လူနာက သတိလစ်နေတယ် ပြီးတော့
- တစ်မိနစ်အတွင်းမှာ သတိပြန်မလည်လာဘူး အမြင့်ကပြုတ်ကျတယ်။ သွေးထွက်နေ
တယ်။
- ဆီးချိုးရှိတယ်။
- တက်နေတယ်။
- ဝမ်းမနိုင်၊ ဆီးမနိုင်ဖြစ်နေတယ်။
- အသက်မရှူဘူး။
- ကိုယ်ဝန်ရှိတယ်။
- အသက် ၅၀ ကျော်
(ဆေးရုံကားခေါ်ပါ) လူနာသတိပြန်လည်လာတယ်။ ဒါပေမယ့်
- ရင်ဘတ်အောင့်နေတယ်၊ ဖိထားသလိုဖြစ်နေတယ်။ နှလုံးခုန်အမှန်ဘူး၊
- စကားမပြောနိုင်၊ မမြင်နိုင်၊ လက်ခြေမလှုပ်နိုင်

Credit :  ရှေးဦးသူနာပြု

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။


 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18