Print

အမျိုးသားများ ကိုယ်အလေးချိန် လျော့ချခြင်းဖြင့် စွမ်းဆောင်ရည် မြင့်မားလ...

  03-Jun-2019
Preview Image

အဝလွန်သော အမျိုးသားများသည် အခြား ကျန်းမာရေး ဆုတ်ယုတ်မှုများနှင့်အတူ ကျားစွမ်းဆောင်ရည်လည်း ကျဆင်းလာလေ့ရှိရာဝယ် ကိုယ်အလေးချိန်လျော့ချခြင်းဖြင့် သုက်ပိုးအား ပိုမိုကောင်းမွန် လာနိုင်မည်ဖြစ်ပြီး ပန်းသေပန်းညိုးဖြစ်နေသူများကိုမူ ကင်ဆာဆေးဝါးများ တိုက်ကျွေးခြင်းဖြင့် ပြန်လည်၍ လူစဉ်မှီ လာစေနိုင်ကြောင်း ကနေဒါ နိုင်ငံ၊ ရှာဘရုခ် တက္ကသိုလ်မှ သုတေသီများကဆိုသည်။

အဝလွန်တယ်ဆိုတာ အမျိုးသားတွေကိုမှ စွမ်းဆောင်ရည်အား ကျဆင်းစေတာ မဟုတ်ပါဘူး။ အဝလွန်တဲ့ အမျိုးသမီး တွေဟာလည်း ကိုယ်ဝန်ရဖို့ခဲယဉ်းပါတယ်။ ကိုယ်ဝန်ရသွားတယ်ဆိုရင်လည်း ပျက်ကျဖို့က များပါတယ်။ ဒါကြောင့် အမျိုးသမီးတွေ အနေနဲ့လည်း ကျန်းမာတဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးဖြစ်ဖို့ ကိုယ်အလေးချိန်ကို လျော့ချဖို့ လိုအပ်ပါတယ်။ အမျိုးသားတွေ ကိုယ်အလေးချိန်လျော့ချခြင်းအားဖြင့် ကျားစွမ်းဆောင်ရည်မြင့်မားလာတယ်ဆိုတာ ထင်ရှားနေသလို ကင်ဆာဆေးဝါးတွေရဲ့ ဘေးထွက်အာနိသင်တွေကြောင့်လည်း ပန်းသေပန်းညိုးနေ သူတွေတောင်မှ အိမ်ထောင်ရေးသုခကို ပြန်ပြီး ခံစားရတယ်ဆိုတာကို တွေ့ရပါတယ်ဟု သုတေသီတစ်ဦးက ပြောပြသည်။

သားသမီးမရနိုင်လို့ရောက်လာတဲ့ အိမ်ထောင်ရှင်စုံတွဲ ၆၅ တွဲထဲက အမျိုးသားတွေကို အစားအစာ အာဟာရနဲ့ ကိုယ်လက်လှုပ်ရှားမှု အပတ်စဉ်သင်တန်းကို အချိန်တစ်နှစ်ကြာတဲ့အထိ တက်ခိုင်းခဲ့ပါတယ်။ သူတို့ထဲက တချို့ တဝက်ရဲ့ဇနီးသည်တွေက ကိုယ်ဝန်ရရှိခဲ့ပါတယ်။ အဲဒီလိုအောင်မြင်မှုရရှိခဲ့သူတွေဟာ ကိုယ်အလေးချိန်ကို အများဆုံးလျော့ချနိုင်ခဲ့တဲ့ သူတွေဖြစ်နေတာကို တွေ့ရပါတယ်ဟု ၎င်းက ဆက်လက်ပြောပြသည်။

ကိုယ်အလေးချိန်က ကျန်းမာရေးနဲ့ ညီညွတ်လာတာနဲ့အမျှ ကျားစွမ်းဆောင်ရည်အားလည်း ပြန်လည်မြင့်မား ကောင်းမွန်လာတယ်ဆိုတာကို ပထမဆုံးအကြိမ် လေ့လာသိရှိခဲ့တာဖြစ်ပါတယ်။ အဝလွန်ခြင်းကြောင့် သုက်ပိုး အကောင်ရည်နဲသွားသလို ဗီဇဓါတု ပစ္စည်းတွေလည်း ပြောင်းလဲသွားတဲ့အတွက် သုက်ရည်ရဲ့ အာနိသင်ကိုလည်း ကျဆင်းစေပါတယ်။ ဒါကြောင့် ကလေး လိုချင်တယ်ဆိုရင် လင်ကော မယားပါ ကိုယ်အလေးချိန်လျော့ချနိုင်ရင် ပိုကောင်းပါလိမ့်မယ်ဟု ၎င်းက ဖြည့်စွက်ပြောပြသည်။

ထို့အပြင် ကင်ဆာဆေးဝါးများ၏ ဘေးထွက်အာနိသင်ကလည်း ပန်းသေပန်းညိုးနေသော အမျိုးသားများအား အိမ်ထောင်ရေးသုခပြန်လည်ပြည့် ဝစေနိုင်ရာဝယ် ရင်သားကင်ဆာအတွက် အသုံးပြုသော Letrozole သည် အမျိုးသားများ၏ Testosterone ဟော်မုန်းကို အရည်အသွေး ထိန်းပေးထားနိုင်ပြီး Estrogen ဟော်မုန်းအဖြစ် ပြောင်းလဲ ပျက်စီးမသွားအောင် ထိန်းချုပ်ပေးကြောင်း၊ အဝလွန်ခြင်းကြောင့် ကလေးမရနိုင်သော အမျိုးသား ၁၂ ဦးကို Letrozole တိုက်ကျွေးကြည့်ရာ ၂ ဦးက ကလေးရရှိနိုင်ခဲ့သည့်အတွက် ကင်ဆာဆေးဝါးများတွင်ပါဝင်သော ဓါတုပစ္စည်းများကို အသုံးပြုကာ ပန်းသေပန်းညိုးနေသော ပုရိသများအတွက် အထောက်အကူပြုဆေးဝါးများကို ဆက်လက် ဖော်စပ်ထုတ်လုပ်သွားရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

Credit : ကိုမျိုး(သုတစွယ်စုံ)


သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18