Print

မြန်မာ့ဓလေ့ မြန်မာ့အစားအစာများစွာထဲမှာ ရာသီပေါ်လည်းဖြစ် လူကြိုက်လည်းမျ...

  18-May-2019
Preview Image

မရမ်းသီးအမှည့်ကို သကြားရေစိမ်ပြီး စားကြသလို မရမ်းသီးစိမ်းကို ဟင်းလျာအမျိုးမျိုး ပြုလုပ်ပြီး စားသုံးကြပါတယ်။ မရမ်းသီး ငါးပိထောင်း၊ မရမ်းသီး စိမ်းငါးပိချက် အစရှိသဖြင့် အရသာထူးကဲအောင် စားသုံးလေ့ရှိကြပါတယ်။ မရမ်းသီးခြောက်ကို ငါး၊ ဝက်သားတို့နဲ့ တွဲဖက်ချက်စားလေ့ ရှိပါတယ်။ မရမ်းသီးသုပ်မှာလည်း ကြားရရုံနဲ့ သွားရည်ယိုနိုင်တဲ့ အစားအစာတစ်မျိုးပဲ ဖြစ်ပါတယ်။ အဲဒီလို ဘက်စုံအသုံးဝင်တဲ့ မရမ်းသီးရဲ့ အာဟာရ အချိုးအဆနဲ့ အသုံးဝင်ပုံကို တင်ပြချင်ပါတယ်။

အချဉ်ဓာတ်ကဲတဲ့ မရမ်းသီးမှာ

Calorie ၆ဝ
Vitamin C ၁၇ ရာခိုင်နှုန်း
Vitamin A ၇ ရာခိုင်နှုန်း
Calcium ၁ ရာခိုင်နှုန်း
Iron ၅ ရာခိုင်နှုန်း
Carbohydrate 16 mg

အဆီကျလှပစေခြင်းမှာ Vitamin C များစွာပါဝင်သောကြောင့်ဖြစ်ပြီး အသားအရေ ကြည်လင်လှပစေနိုင်သောကြောင့်လည်း တန်ဖိုးရှိလှတဲ့ အသီးအနှံလည်း ဖြစ်ပါတယ်။

Vitamin A လည်း ပါဝင်သည်ဖြစ်ရာ ဓာတ်တိုးဆန့်ကျင်နိုင်ခြင်းကြောင့် ကင်ဆာဖြစ်ခြင်းမှ ကာကွယ်ပေးနိုင်သည့်အပြင် အသားအရေလည်း တင်းရင်းလှပစေနိုင်ပါတယ်။ ဒါ့ကြောင့် အလှအပ တန်ဖိုးထားသူများ အကြိုက်တွေ့နိုင်မည့် သီးနှံလည်း ဖြစ်ပါတယ်။

သံဓာတ် ကယ်လစီယမ်ဓာတ်တို့လည်း အချိုးကျပါဝင်တာကြောင့် ကျန်းမာရေးကို စောင့်ရှောက်ပေးမည့် အစားအစာလည်း ဖြစ်ပါသည်။ အချဉ်ကဲသော မရမ်းသီးတွင် ခံတွင်းမြိန်စေတဲ့ အစာစားချင်စိတ်ကို များစာဖြစ်ပေါ် စေနိုင်ပါတယ်။ မရမ်းချိုသီးကို သူ့အတိုင်းပဲ ရေစင်စင်ဆေးပြီး စားသုံးနိုင်သလို အချိုဓာတ်ကို ပေးစွမ်းနိုင်သောကြောင့် စွမ်းအင်ကိုလည်း ပေးစွမ်းနိုင်ပါတယ်။

မရမ်းသီးကို အထက်ဖော်ပြပါ တွဲဖက်စားသောက်သော အသားငါးများနဲ့ စားသုံးပါက အသားဓာတ်များပါ တိုးပွားနိုင်သောကြောင့် အာဟာရမျှတစွာ ရရှိနိုင်မှာဖြစ်ပါတယ်။ မရမ်းသီးသုပ် စားလျှင် ပါဝင်သော ပဲမှုန့်၊ ပုစွန် ခြောက်တို့ဖြင့် တွဲဖက်စားသောက်သောကြောင့် အသားဓာတ် သတ္တုဓာတ် များပေါများစွာ ရရှိနိုင်ပါသေးတယ်။ မရမ်းသီး စားသုံးခြင်းဖြင့် မရမ်းသီးမှရတဲ့ အာဟာရသာမက တွဲဖက် စားသောက်သော ပစ္စည်းများမှရသော အာဟာရဓာတ်ကိုလည်း ရရှိစေနိုင်ပါတယ်။ အမှည့်လွန်ပြီး ယင်ပေါများချိန်မှာ များစွာစားသုံးမိပါက ဝမ်းရောဂါရစေနိုင်သောကြောင့် ဆင်ခြင်သင့်ပါတယ်။

Credit : ဒေါက်တာဇာနည်ဝင်း

 သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။

 



Related Articles


Advertisment 18