Print

မျက်နှာပေါင်းတင်လွှာ သုံးသင့်တဲ့အကြောင်းရင်း

  17-May-2019
Preview Image

မျက်နှာပေါင်းတင်လွှာတွေဟာ အရေပြားဆဲလ်သေတွေ၊ ဆား ဝက်ခြံတွေကိုဖယ်ရှားပြီး မျက်နှာအရေပြားကို စိုပြည်ချောမွေ့နေစေပြီး အဆီပြန်တဲ့အသားအရေတွေ၊ ဝက်ခြံများတဲ့သူတွေအတွက် ကောင်းကျိုးပြုပါတယ်။

အသင့်သုံး မျက်နှာပေါင်း တင်လွှာအမျိုးမျိုးဝယ်ပြီးတော့ပဲ ဖြစ်ဖြစ်၊ အိမ်မှာပဲကိုယ်တိုင် ပေါင်းတင်လွှာလေးတွေ လုပ်ပြီးတော့ပဲဖြစ်ဖြစ် လွယ်လွယ်ကူကူပေါင်းတင်နိုင်တာကြောင့် တွင်တွင်ကျယ်ကျယ်လုပ်လာနေ ကြပါပြီ။

မျက်နှာပေါင်းတင်အရည် သုတ်လိမ်းပြီး ၁၅ မိနစ်လောက် နေရင်ခြောက်သွားတဲ့အဖတ်တွေ ခွာချလိုက်တဲ့အခါ ချွေးပေါက်တွေပွင့်ပြီး မျက်နှာအရေပြား လန်းဆန်းစိုပြည်စေပါတယ်။

မျက်နှာပေါ်မှာရှိနေတဲ့ ဖုန်နဲ့ အညစ်အကြေးတွေ၊ အရေပြး ဆဲလ်သေတွေ ဖယ်လိုက်သလို ဖြစ်တဲ့အတွက် ဆားဝက်ခြံသမား တွေလုပ်သင့်တယ်လို့ဆိုပါတယ်။

ပေါင်းတင်လွှာထဲက အရေပြားအားဖြည့်ဓာတ်တွေဟာ မျက်နှာထဲကို စိမ့်ဝင်သွားတဲ့အတွက် အသားအရေတင်းရင်းကာ ဖြူဝင်းနုပျိုစေပါတယ်။

နောက်ပြီး ချွေးပေါက်တွေကတစ်ဆင့် အရေပြားထဲဝင်မယ့် ဘက်တီးရီးယားတွေကိုလည်း ဖယ်ရှားပေးပြီး ဒီလိုပေါင်းတင်တာဟာ အကြမ်းမခံနိုင်တဲ့အရေ ပြား (Sensitive Skin) ပိုင်ရှင်တွေအတွက်လည်း သင့်တော်ပါတယ်။ မျက်နှာမှာမွေးညင်းထူတဲ့ သူတွေအတွက်ဆိုရင်လည်း ပေါင်းတင်လွှာ မကြာခဏသုတ်လိမ်းပြီး အမွေးတွေဖယ်ရှားနိုင်ပါတယ်။

မျက်နှာအရေပြား ညစ်ထပ်ထပ်ဖြစ်နေရင်လည်း အလှပြင ဆိုင်တွေမသွားဘဲ အိမ်မှာပဲ ပေါင်းတင်အရည်လေးနဲ့ လုပ်ပေးရင် အသားအရေတွေကြည် စင်စေပါတယ်။

Credit:7day Daily
 

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။

 



Related Articles


Advertisment 18