Print

နံနက်ခင်းမှာ စိတ်ဖိစီးမှု ကင်းကင်းနှင့် လန်းဆန်းနေစေရန်

  30-Apr-2019
Preview Image


လေ့ကျင့်ခန်းကို လျစ်လျူမရှုပါနှင့်

အချိန်ကိုအကျိုးရှိစွာသုံးပါ။
မနက်စောစော အချိန်ကို စနစ်တကျအသုံးချတာကလည်း စိတ်ဖိစီးမှုသက်သာစေတဲ့ နည်းလမ်းတစ်ခုပါပဲ။ ကမ္ဘာကျော်သူဌေးကြီးတွေဟာ မနက်ခင်းအချိန်မှာ အရင်ကစဉ်းစားထားပြီး ဆောင်ရွက်ဖို့ အချိန်မရလို့ မလုပ်ဖြစ်တဲ့ အလုပ်ကိစ္စတော်တော်များများကို ပြုလုပ်လေ့ရှိတယ်လို့ သိရပါတယ်။ တီဗီကြည့်ပြီး အချိန်ဖြုန်းတာ၊ အစာစားချိန် ယူလွန်းတာတွေကို တတ်နိုင်သလောက်လျှော့ပြီး ပိုကျန်းမာစေမယ့် နည်းလမ်းတွေနဲ့ အချိန်ဖြုန်းသင့်ပါတယ်။ 

နှိုးစက်ပေးတတ်သည့် အကျင့်ကိုလျှော့ပါ။

နေ့တိုင်း နှိုးစက်ပေးပြီး အိပ်ရာက ထနေကျမို့ နှိုးစက်က သင့်အတွက် သူငယ်ချင်းတစ်ယောက်လို ဖြစ်ချင်ဖြစ်နေမှာပါ။ တကယ်တော့ နှိုးစက်က အဆိုးဆုံးရန်သူပါလို့ လေ့လာသူတွေက ဆိုပါတယ်။ ကယ်လီဖိုးနီးယား ဆေးပညာဌာနမှ ဒေါက်တာ ကပ်ဖာရဲ့ အဆိုအရ ရုတ်တရက် ကျယ်ကျယ်လောင်လောင်နဲ့ ထွက်ပေါ်လာတဲ့ နှိုးစက်သံကို ကြားလိုက်တဲ့အခါ ဦးနှောက်က စိတ်ဖိစီးမှုဖြစ်စေတဲ့ ဟော်မုန်းကော်တီစောနဲ့ အဒရီနယ်လင်တို့ကို ထုတ်လုပ်ပေးလိုက်တယ်လို့ သိရပါတယ်။ နှိုးစက်သံကြောင့် ချက်ချင်းလန့်သွားလို့ နိုးနိုးကြားကြား ဖြစ်သွားပေမယ့် နောက်ဆက်တွဲကတော့ ခေါင်းမူးနောက်နောက်ဖြစ်တာ၊ စိတ်ရှုပ်တာတွေ ခံစားရစေနိုင်တယ်လို့ ဆိုပါတယ်။

ဘယ်လိုဆောင်ရွက်သင့်လဲ။
ဖြစ်နိုင်ရင် အိပ်ရာစောစောဝင်ပြီး နှိုးစက်မပါဘဲ မနက်အိပ်ရာထကျင့်ရှိအောင် ပြုလုပ်သင့်ပါတယ်။ ဒါပေမဲ့ အလုပ်တွေများလို့ နှိုးစက်နှင့်မှ အိပ်ရာထမယ်ဆိုရင်တော့ နှိုးစက်ကို မိမိလက်လှမ်းမမီနိုင်တဲ့ နေရာ၊ ချက်ချင်းပိတ်လို့မရတဲ့ နေရာမျိုးမှာထားပါ။

သန့်ရှင်းသန့်ရပ်အောင်နေပါ။

မနက်စောစော စိတ်ကြည်လင်ဖို့ အထိရောက်ဆုံးနည်းကတော့ သန့်ရှင်းသပ်ရပ်တဲ့ ပတ်ဝန်းကျင်နှင့် နိုးထတာပဲဖြစ်ပါတယ်။ သန့်သန့်ရှင်းရှင်းဖြစ်အောင် တစ်ကိုယ်ရည် သန်ရှင်းရေးလုပ်တာအပြင် တခြားအရာတွေရှိတာကြောင့် ပြုလုပ်နိုင်ပါတယ်။

ဘယ်လိုဆောင်ရွက်ရမလဲ။
၁။ ရေချိုးပါ။
မနက်အလုပ်မသွားခင် ရေချိုးတာဟာ တစ်နေ့တာလုံး စိတ်ကြည်လင်နေစေပြီး အလုပ်မှာလည်း အာရုံစူးစိုက်မှုကောင်းစေပါတယ်။

၂။ အလုပ်နေရာကို သန့်ရှင်းထားပါ။

၃။ ရေသောက်ပါ။
မိုးလင်းအိပ်ရာထတာနှင့် ရေအေးအေးတစ်ခွက် သောက်ပေးတာဟာ ကျန်းမာစွာနဲ့ နေ့တစ်နေ့ကို စတင်လိုက်တာနဲ့ တူပါတယ်။

၄။ တရားမှတ်ချိန်ရှာပါ။
တရားရှုမှတ်တာဟာ စိတ်ရှင်းလင်းစေပြီး မကောင်းတဲ့ အတွေးတွေ ခေါင်းထဲက ဖြေဖျောက်နိုင်အောင် ကုူညီပေးပါသည်။

၅။ မနက်စာစားပါ။


Ref:
အိဖြူ (ဆေးဝါးတက္ကသိုလ်)
Arogyam magazine, No.276 July 2015, Pg.190-192


သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18