Print

ခုခံအားကျဆင်းမှု ကူးစက်ရောဂါနှင့် သံဓာတ်

  08-Apr-2019
Preview Image

သံဓာတ်သည် ခန္ဓာကိုယ်ကျန်းမာ ကြံ့ခိုင်ရေးအတွက် လိုအပ်သောသတ္တု ဓာတ်တစ်မျိုး ဖြစ်ပါသည်။ သံဓာတ်သည် ရိုးတွင်းခြင်းဆီမှ သွေးနီဥများ ထုတ်လုပ်နိုင်အောင် အားပေးပြီး သွေးအတွင်း ဟီမိုဂလိုဘင်ခေါ် အောက်ဆီဂျင်သယ်ဆောင်သည့် ဓာတ်တစ်မျိုးကို တိုးပွားစေကာ သွေးအားကိုကောင်းစေပါသည်။ အကြောင်းအမျိုးမျိုးကြောင့် သံဓာတ်ချို့တဲ့သူများမှာ မောပန်းခြင်း၊ နုံးခွေခြင်း၊ ခေါင်းမူးခြင်း၊ ခေါင်းကိုက်ခြင်း၊ အားမရှိသလိုခံစားရခြင်း၊ ရင်တုန်ခြင်း၊ အသက်ရှူမဝခြင်းတို့ကို ခံစားရပြီး လူမှာလည်း ဖြူဖပ်ဖြူရော် ဖြစ်နေတတ်ပါသည်။ ထို့ကြောင့် သွေးအားကောင်းစေရန် လိုအပ်သော သံဓာတ်ပမာဏကို အလုံအလောက် စားသုံးရန်လိုအပ်ပါသည်။ သင်တစ်နေ့တာ လိုအပ်သော သံဓာတ်ပမာဏမှာ ၁ဝ-၁၈ မီလီဂရမ်ခန့် ရှိပါသည်။ ခုခံအားကျဆင်းမှု ကူးစက်ရောဂါရှင်များမှာ အောက်ပါအကြောင်းအမျိုးမျိုးကြောင့် သွေးအားနည်းတတ်ပါသည်။

၁။ အာဟာရပြည့်စုံအောင် မစားသုံးရခြင်း၊
၂။ အူမှ အာဟာရစုပ်ယူမှု အားနည်းခြင်း၊
၃။ ဝမ်းလျှော၊ ဝမ်းပျက်၊ ပျို့အန်ခြင်း၊
၄။ အခွင့်ကောင်းယူ ကူးစက်ရောဂါများ ထပ်မံခံစားရခြင်း၊ ဥပမာ-တီဘီ၊ မှိုရောဂါ။
၅။ ဆေးဝါးများကြောင့် ရိုးတွင်းခြင်ဆီ အားနည်းသွားခြင်း၊
၆။ HIV ပိုးကြောင့် ရိုးတွင်းခြင်ဆီ အားနည်းသွားခြင်း၊

ထို့ကြောင့် သွေးအားနည်းရခြင်း၏ အကြောင်းရင်းခံကို ရှာဖွေ၍ ကုသပေးရန် လိုပါသည်။ သံဓာတ်ချို့တဲ့၍ အားနည်းသူများတွင် သံဓာတ်ကိုဖြည့်စွက်ကျွေးဖို့ လိုအပ်ပါသည်။ တချို့သော သုတေသနပြုချက်များအရ သံဓာတ်ပါသော အားဆေးသောက်သုံးရန် ဝေဒနာရှင်အချို့က ကြောက်ကြပါသည်။ ဤသို့ မဖြစ်သင့်ပါ။ စမ်းသပ်မှု သုတေသနတိုင်းတွင် သံဓာတ်သည် HIV ပိုးပွားများမှုကို အားပေးကြောင်း မတွေ့ရပါ။ ကင်ညာနိုင်ငံရှိ HIV ပိုး ကူးစက်ခံထားရသူများအား သံဓာတ် ၆ဝ မီလီ၈ရမ်ကို တိုက်ကျွေး၍ လေးလကြာ သုတေသနပြုချက်များအရလည်း HIV ပိုး ပိုမိုပွားများလာမှုကို မတွေ့ရပါ။ ထို့ကြောင့်
လိုအပ်ပါက သံဓာတ်ပါသော အားဆေးကို မှီဝဲရပါမည်။ HIV ပိုးရှိပြီး သွေးအားနည်းသော သူများတွင် ရောဂါတိုးနှုန်း ပိုမိုမြန်ခြင်း၊ သေဆုံးမှုနှုန်းများခြင်းနှင့် ကိုယ်ဝန်ဆောင် မိခင်များတွင် ကလေးသို့ ရောဂါကူးစက်မှုနှုန်းများသောကြောင့် HIV ပိုးရှိသူများတွင် သွေးအားနည်းခြင်းကို သတိထားစောင်ကြည့်၍ ကုသရန်လိုအပ်ပါသည်။ သံဓာတ်ချို့တဲ့သူများတွင်

- ခန္ဓာကိုယ်ပြင်ပမှ ဝင်ရောက်လာသော ရောဂါပိုးမွှားများကို တိုက်ခိုက်နှိမ်နင်းသည့် Antibody ခေါ် ပဋိလှုံ့ပစ္စည်းနှင့် Interleukin -1 အင်တာလုကင် - ဝမ်းခေါ် ဓာတ်တစ်မျိုးထုတ်လုပ်မှု ကျဆင်းနေတတ်ပါသည်။

- ၎င်းအပြင် Killer cell ခေါ် ရောဂါပိုးများကို သတ်ဖြတ်သည့်သွေးဖြူဥတစ်မျိုး၏ လုပ်ငန်းဆောင်ရွက်မှုကိုလည်း ကျဆင်းစေသောကြောင့် ခန္ဓာကိုယ်၏ ရောဂါခုခံအား ကျဆင်းနေတတ်ပါသည်။ 

- သံံဓာတ်ကို လိုသည်ထက် ပိုမိုနေသောသူများတွင် သံဓာတ်သည် ဗက်တီးရီးယား ပိုးမွှားများ ရောဂါဖြစ်စေမှုကို အားနည်းစေခြင်း၊

- Polymorphonuclear Cell ခေါ်သွေးဖြူဥများ၏ လုပ်ငန်းဆောင်ရွက်မှုကို အားနည်းစေခြင်းတို့ကြောင့် ကူးစက်ရောဂါ ပိုမိုရလွယ်ပါတယ်။ ထို့ကြောင့် ရောဂါခုခံအားစနစ် ပုံမှန်အလုပ် လုပ်ဆောင်ရန် လိုအပ်သော သံဓာတ်ကို လွန်ကြူးခြင်း မရှိစေဘဲ နေ့စဉ်လိုအပ်သလောက် မှီဝဲသင့်ကြောင်း တင်ပြအပ်ပါသည်။

Credit : ဒေါက်တာအောင်စန်း




Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18