Print

အိပ်မပျော်တဲ့ဝေဒနာ

  07-Apr-2019
Preview Image

ကောင်းမွန်စွာအိပ်မပျော်တဲ့ အကြောင်းအရင်းကတော့ များပါတယ်။ ကဖင်းဓာတ်၊ အရက်၊ ဆေးဝါးတချို့ဟာ အိပ်မပျော်တဲ့ဝေဒနာကို ဖြစ်စေနိုင်ပါတယ်။ ကိုယ်လက် လှုပ်ရှားမှုနည်းခြင်း၊ အိပ်ရာဝင်ခါနီးမှာ ညစာစားခြင်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။ 
တစ်နေ့တာမှာ အိပ်စက်နားနေချိန်မမှန်ခြင်းကြောင့်လည်းကောင်း၊ စံတော်ချိန်မတူတဲ့ နေရာတစ်နေရာသို့ ခရီးသွားခြင်း (များသောအားဖြင့် လေယာဉ်စီးပြီး အလှမ်းဝေးတဲ့ နိုင်ငံတစ်ခုသို့ ခရီးသွားခြင်း) ကြောင့်လည်းကောင်း အိပ်မပျော်ခြင်း
ဝေဒနာကို ခံစားရနိုင်ပါတယ်။ စိုးရိမ်ပူပန်မှုလွန်ကဲခြင်း၊ စိတ်ဖိစီးမှုများခြင်း၊ စိတ်ဓာတ်ကျခြင်းစတဲ့ အကြောင်းအရာတွေအပြင် အခြားသောစိတ်ရောဂါတွေမှာလည်း အိပ်မပျော်နိုင်တဲ့ ဝေဒနာကို ခံစားရနိုင်ပါတယ်။

အိပ်မပျော်တဲ့ဝေဒနာကို ဘယ်လိုကုသမလဲ

အိပ်မပျော်တဲ့ဝေဒနာဟာ ဘာကြောင့် ဖြစ်နိုင်တယ်ဆိုတာကို အရင်ဦးဆုံး ဆန်းစစ်သင့်ပါတယ်။ အိပ်မပျော်တဲ့အခါတိုင်း အိပ်ဆေးမသောက်သင့်ပါဘူး။ ဖြစ်နိုင်တဲ့ အရင်းခံအကြောင်းအရာကို ရှာဖွေပြီး ကုသသင့်ပါတယ်။ ကော်ဖီမှာပါတဲ့
ကဖင်းဓာတ်ဟာလူကို လန်းဆန်းစေပြီး အိပ်မပျော်စေတဲ့အတွက် ကော်ဖီများများ သောက်တတ်သူတွေဟာ ကော်ဖီလျှော့ဖို့ လိုအပ်ပါတယ်။ အနောက်နိုင်ငံတွေမှာ တစ်နေ့ကို ကော်ဖီခြောက် ခွက်သောက်ရင် သာမန်လူတွေတောင် မျက်လုံးကြောင်ပြီး အိပ်မပျော်တတ်ဘူးလို့ ဆိုပါတယ်။ အနောက်နိုင်ငံတွေက လူတွေထက် ကော်ဖီလျှော့သောက်ဖို့ လိုပါလိမ့်မယ်။ အရက်သောက်ခြင်းဟာ အိပ်ပျော်စေနိုင်တယ်လို့ ထင်ရတတ်ပေမယ့် အရက်ဟာ အိပ်စက်ခြင်းကို အနှောက်အယှက် ပေးနိုင်တယ်လို့ ဆိုပါတယ်။ အချို့သော သောက်ဆေးများဟာ အိပ်စက်ခြင်းကို အဟန့်အတားဖြစ်ပါတယ်။ ဥပမာ propranolol။ 

အိပ်စက် နားနေချိန် အတိအကျမရှိတဲ့သူတွေ (များသောအားဖြင့် ဆရာဝန်၊ သူနာပြုနဲ့ ညပိုင်းအချိန်ပိုလုပ်နေသူ) မှာလည်း ဖြစ်နိုင်တဲ့အတွက် အိပ်ရာဝင်ချိန်ကို အတတ်နိုင်ဆုံး ပုံမှန်ဖြစ်အောင်ထားသင့်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်း
ပုံမှန်လုပ်ပြီး ညစာကို စောစောစားပါ။ အိပ်ရာမဝင်ခင် ရေနွေးနွေးဖြင့် ရေချိုးပြီး စိတ်လက်ပေါ့ပါးအောင် နေသင့်ပါတယ်။အိပ်ဆေးတွေသောက်မယ်ဆိုရင်လည်း ဆေးအရှိန်မြန်မြန်တက်ပြီး အာနိသင် အရမ်းကြာတဲ့အခါ မနက်အိပ်ရာထချိန်တိုင်အောင် အိပ်ချင်စိတ် မပျောက်သေးဘဲ လေးလံနေတတ်ပါတယ်။ 

Credit : ဒေါက်တာငြိမ်းချမ်းအောင်

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။






Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18