Print

လေချဉ်တက်ခြင်းအတွက် ဆောင်ရန်၊ ရှောင်ရန်အချက်များ

  06-Apr-2019
Preview Image

လေတက်ခြင်းက အစာအိမ်ထဲက အစာနဲ့အတူပါလာတဲ့ လေပမာဏကို မဖြစ်မနေ ပြန်ထုတ်ရခြင်းကြောင့် ဖြစ်ပေါ်လာတာပါ။ တချို့အသံဆိုးဆိုးဝါးဝါးမြည်ပြီး လေတက်တာကို တွေ့ဖူးကြပါလိမ့်မယ်။ အဲ့ဒီလို အခြေအနေကို ကာကွယ်ဖို့ ဆောင်ရန်၊ ရှောင်ရန်များကို ဖော်ပြပေးလိုက်ပါတယ်။ အမြှုပ်ထနေတဲ့ ကာဗွန်နိတ် နဲ့ ဆော်ဒါရည်တွေက လေတက်ခြင်းကို သာမန်ထက်ပိုဖြစ်ပွားစေပါတယ်။ ဒီအချိုရည်တွေကို အလွန်သောက်သုံးရင် သင့်အစာအိမ်ထဲက လေထု အစိုင်အခဲကို ပွစေပြီး လေတက်မှုပိုဖြစ်စေပါလိမ့်မယ်။

၁။ ခရင်မ်တွေ ကြက်ဥတွေကလည်း လေပွစေပြီး လေချဉ်တက်တာကို အားပေးပါတယ်။

၂။ ကော်ဖီပူကဲ့သို့ တခြားအရည်ပူပူတွေကို တဖြည်းဖြည်း သောက်ပေးပါ။

၃။ ဘယ်လို အစာအမျိုးအစားကိုဖြစ်စေ ဖြည်းဖြည်းနဲ့ ကျေညက်အောင်ဝါးစားပါ။ အစာစားချိန်မှာ ပါးစပ်ပိတ်ပြီး ဝါးစားခြင်းကလည်း လေတက်ခြင်းကို လျော့နည်းစေတဲ့တစ်ချက်ပါပဲ။

၄။ အဝတ်အစား ကျပ်ကျပ်တွေဝတ်ခြင်း ရှောင်ပေးပါ။

လေချဉ်တက်ခြင်းအတွက် စားသင့်တဲ့အစာကတော့ ချင်းပါ။ ချင်းကို ဖျော်ရည်ဖြစ်စေ၊ ဟင်းချက်ရာမှာဖြစ်စေ၊ အသုံးပြုပေးပါ။ နေကြာစေ့လို အစေ့အဆန်တွေကိုလည်း အစာစားပြီးချိန်မှာ လက်တစ်ဆုပ်စာလောက်
စားသုံးပေးနိုင်ပါတယ်။

Credit : Ko Zar Sat Khin 

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။




Related Articles


Advertisment 18