Print

အရေးကြီးသော ဗီတီတာမင်နှင့် သတ္ထုဓာတ်များ

  06-Apr-2019
Preview Image

အမျိုးသမီးများ အထူးသဖြင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် နို့တိုက်မိခင်များသည် အရေးကြီးသော ဗီတာမင်နှင့် သတ္ထုဓာတ် ၅ မျိုးလိုအပ်ပါသည်။ ၎င်းတို့မှာ -သံဓာတ် ( Iron) ဖိုးလစ်အက်စစ် (Folic Acid) ကယ်လ်စီယမ် (Calcium) အိုင်အိုဒင်း (Iodine) နှင့် ဗီတာမင်အေ (Vitamin A) တို့ဖြစ်ပါသည်။ အာဟာရ ပြည့်ဝခြင်းဆိုသည်မှာ အစားအစာလုံလောက်စွာ စားသုံးခြင်းနှင့် ကိုယ်ခန္ဓာကိုယ်ကြီးထွားကျန်းမာပြီး ရောဂါများကို တိုက်ဖျက်နိုင်သော အစာများကိုရွေးချယ်ခြင်း တို့ဖြစ်ပါသည်၊

(၁) သံဓာတ်
သံဓာတ်သည် သွေးအားကောင်းမွန်စေပြီး သွေးအားနည်းခြင်း (Anaemia) ကို ကာကွယ်ပေးသည်။ အမျိုးသမီးတစ်ဦး၏ ဘဝတစ်လျှောက်လုံးတွင် သံဓာတ်အမြောက်အများလိုအပ်သည်။ အထူးသဖြင့် ရာသီသွေးပေါ်စဉ်နှင့် ကိုယ်ဝန်ဆောင်စဉ် နှစ်များတွင် အထူးလိုအပ်ပါသည်။ 

သံဓာတ်ကြွယ်ဝသော အစားအစာများ

- အသား (အထူးသဖြင့် အသည်း၊ နှလုံးနှင့် ကျောက်ကပ်)
- သွေး
- ကြက်သား
- ဥအမျိုးမျိုး
- ငါးအမျိုးမျိုး
- ပဲအမျိုးမျိုး
- နှံကောင်၊ ပုရစ်
- ပဲ့စေ့များ

သံဓာတ်တော်သင့်ရုံပါရှိသော အစားအစာများ

- အရောင်ရင့်သောဂေါ်ဖီထုပ်
- အာလူး
- ပန်းဂေါ်ဖီ
- မုန်လာဥ
- နေကြာစေ့၊ နှမ်းစေ့၊ ရွှေဖရုံသီးစေ့
- စတော်ဘယ်ရီ
- အစိမ်းရင့်ရောင်ဟင်းရွက်များ
- နာနတ်သီး
- ကန်စွန်းဥ
- ပင်လယ်ရေမှော်
- ပန်းဂေါ်ဖီအစိမ်

အစားအစာများကို ကြာရှည်စွာ မချက်ပြုတ်ပါနှင့်။ အကြောင်းမှာ ဖိုးလစ်အက်စစ်နှင့် အခြားဗီတာမင်များကို ပျက်စီးစေသည်၊ ရှောက်အမျိုးအနွယ်အသီးများနှင့် ခရမ်းချဉ်သီးများကို သံဓာတ်ပါရှိသော အစားအစာများနှင့် တွဲစားသုံးသင့်သည်၊ ထိုအသီးများသည် ဗီတာမင်စီများပါဝင်ပြီး အစားအစာထဲရှိသံဓာတ်ကို ပိုမိုအသုံးချစေသည်။

သံဓာတ်ပိုမိုရရှှိရန် ချက်ပြုြတ်ခင်း

• သံအိုးသုံး၍ ချက်ပြုတ်ပါ။
• ခရမ်းချဉ်သီး၊ သံပရာရည် (သို့) ရှောက်၊ သံပယိုရည် (ဗီတာမင်စီ ကြွယ်ဝသော) တို့ကိုဟင်းချက်နေစဉ် ထည့်သုံးပါက အိုးထဲရှိသံဓာတ်များသည် အစားအစာထဲသို့ ရောက်ရှိသွားနိုင်သည်။

Credit : WEAVE

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။





Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18