Print

လေ့ကျင့်ခန်းပြုလုပ်ခြင်းဟာ ရုတ်တရက်ပြင်းထန်သည့် ခံစားချက်တွေကို လျော့က...

  28-Mar-2019
Preview Image

          လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်သူတွေဟာ လှုပ်ရှားမှု နည်းပါးသူတွေထက် ဘဝသက်တမ်းတစ်ခု နှစ်နှစ်ထက်ပိုပြီး နေထိုင်နိုင်ကြောင်း လေ့လာတွေ့ရှိချက် အသစ်တွေအရ သိရပါတယ်။ ဒါဆိုရင် လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်သူတွေဟာ ရုတ်တရက် ပြင်းထန်တဲ့ စိတ်ခံစားချက်တွေကို အသက်ရှင်နေသမျှ မောင်းထုတ်ပေးနိုင်ပြီလား။


          ဒီတစ်ချက်တည်းနဲ့တော့ ပြည့်စုံမှုမရှိပါဘူး။ ဒါပေမဲ့ ပုံမှန်ပြုလုပ်ခြင်းအားဖြင့် ရုတ်တရက် ပြင်ထန်းတဲ့ စိတ်ခံစားမှု အခြေအနေတွေကို တစ်ဖက်တစ်လမ်းကနေ လျှော့ချပေးနိုင်ပါတယ်။ လေ့လာသူတွေရဲ့ ပြောကြားချက်အရ ပုံမှန်လေ့ကျင့်ခန်းထက် ပိုပြီးပြုလုပ်ရတဲ့ လေ့ကျင့်ခန်းတွေဟာ လိုလားအပ်တဲ့အကျိုးထက်ဆန့်ကျင်ဘက်ဖြစ်နိုင်ကြောင်း လေ့လာသူတွေက ဆိုပါတယ်။ ဥပမာ - သီးသန့်ကျွမ်းကျင်မှုရှိအောင် သင်ယူထားတဲ့ မာရသွန်၊ အားကစားပွဲတွေမှာ ယှဉ်ပြိုင်ရတဲ့ အားကစားမျိုး၊ ရှည်လျားတဲ့ စက်ဘီးစီးပြိုင်ပွဲ စတဲ့ပြင်းထန်စွာ လေ့ကျင့်ရသော လေ့ကျင့်ခန်းတွေဟာ လိုလားအပ်တဲ့အကျိုးထက် ဆန့်ကျင်ဘက် ဖြစ်နိုင်ကြောင်းကို ဆိုလိုခြင်းဖြစ်ပါတယ်။


          တစ်နေ့ကို အေရိုးဗစ်လိုမျိုး ပေါ့ပေ့ါပါးပါးပြုလုပ်ရတဲ့ လေ့ကျင့်ခန်းတွေလိုမျိုး လေ့ကျင့်ခန်းတွေကို မိနစ် ၃၀ကနေ မိနစ် ၆၀ လောက် ပြုလုပ်ပေးမယ်ဆိုရင် သင်ဟာ ရုတ်တရက် ပြင်းထန်တဲ့ ခံစားချက်တွေကို လျှော့ချပေးနိုင်ပါတယ် လို့ Kansas ရှိ Saint Luke’s Mid America Heart Institute မှ လေ့လာသူ Coauthor and Uinical Cardiologist Dr.James O’Keefe ဆိုပါတယ်။ သင့်ရဲ့အချိန်တွေထဲက တစ်နာရီလောက် ခန္ဓာအစိတ်အပိုင်းတွေ၊ သန်မာစေတဲ့လေ့ကျင့်ခန်းတွေ သို့မဟုတ် ယောဂကျင့်စဉ်တွေကို ကောင်းမွန်စွာ ပြုလုပ်ခြင်းဟာ ကောင်းမွန်တဲ့အကျိုးတွေကို ရရှိစေတယ်လို့ သူက ထပ်မံဆိုခဲ့ပါတယ်။

  

        လေ့လာသူတွေရဲ့ သက်သေပြချက်တွေအရ ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေဖြစ်တဲ့ မာရသွန်လိုမျိုး အပြေးလေ့ကျင့်ခန်းတွေကို ချက်ချင်ပြုလုပ်ပေးမယ်ဆိုရင် သွေးဖိအား မြင့်တက်ခြင်း အခြေအနေနဲ့ကြုံတွေ့ခွင့် ရနိုင်ပြီး နှလုံးကို ထိခိုက်ပျက်စီးစေနိုင်ကြောင်း လေ့လာသူတွေက ဆိုပါတယ်။ အကယ်၍ သင့်အနေဖြင့် မာရသွန်လိုမျိုး ပြေးခြင်းမျိုးကို ပြုလုပ်ချင်တယ်ဆိုရင် သေချာစွာ သီးသန့်ကျွမ်းကျင်မှုရှိအောင် လေ့ကျင့်ထားဖို့လိုအပ်ပါတယ်။ ဒါပေမဲ့ ဒီအချက်ဟာ အကြာကြီး မပြုလုပ်သင့်တဲ့ လေ့ကျင့်ခန်းဖြစ်ပြီး ကျန်းမာသောလေ့ကျင့်ခန်းတစ်ခု မဟုတ်ကြောင်း လေ့လာသူတွေက ဆိုပါတယ်။


Credit :

မေပျိုပျို




Related Articles


Advertisment 18