Print

အမျိုးသမီးများသည် ကယ်လ်စီယမ်ကိုပိုမိုလိုအပ်

  31-Mar-2019
Preview Image

မိန်းကလေးများနှင့် အမျိုးသမီးများသည် ကယ်လ်စီယမ်ကိုပိုမိုလိုအပ်ချိန်မှာ-

• ငယ်ရွယ်စဉ်အချိန် ကယ်လ်စီယမ်သည် မျိုးသမးီများအရွယ်ရောက်သောအခါတွင် အန္တရာယ်ကင်း သားဖွားနိုင်စေရန် တင်ပါးဆုံရိုးများ ကြီးထွားမှုကိုကူညီပေးသည်။

• ကိုယ်ဝန်ဆောင်နေချိန် ကိုယ်ဝန်ဆောင် အမျိုးသမးီများသည်။ ရင်သွေးများ အရိုးကြီးထွားစေရန်နှင့် မိမိ၏အရိုးနှင့် သွားများခိုင်မာစေရန် ကယ်လ်စီယမ်ကိုလိုအပ်ပါသည်။

• မိခင်နို့တိုက်ကျွေးချိန် ကယ်လ်စီယမ်သည် မိခင်နို့ရည်ထုတ်လုပ်ရန် လိုအပ်ပါသည်။

• အသက်ကြီးလာသောအချိန် ကယ်လ်စီယမ်သည် အရိုးအားနည်းခြင်း (အရိုးပွရောဂါ) ကိုကာကွယ်ရန်လို အပ်သည်။

ကယ်လ်စီယမ်ဓာတ် ကြွယ်ဝသောအစားအစာများမှာ-

• နို့၊ မလိုင်၊ ဒိန်ချဉ်
• ဒိန်ခဲ
• နှမ်းထောင်း
• အရိုးမှုန့်
• အစိမ်းရောင်
• အရွက်များ
• ဗာဒမ်သီး
• ပဲများ၊ ပဲပိစပ်
• အခွံပါရေသတ္တဝါ (ပုဇွန်။ ဂဏန်း။ ခရု)
• ထုံး

အစားအစာများမှ ကယ်လ်စီယမ်ပိုမုမိုရရှှိခြင်း

• အရိုး (သို့) ဥအခွံများကို ရှာလကာရည် (သို့) သံပုရာရည်တွင်နာရီ အနည်းငယ်မျှစိမ်ထားပြီးနောက် ထိုအရည်များကိုဟင်းရည် (သို့) အခြားအစားအစာများတွင်သုံးပေးခြင်း။

• ဟင်းရည်အတွက်အရိုးများကို ချက်ပြုတ်နေစဉ်သံပရာရည်။ ရှာလကာရည် (သို့) ခရမ်းချဉ်သီးထည့်ှုချက်ခြင်း၊ နေရောင်ခြည်သည် ကယ်လ်စီယမ်ဓာတ်အသုံးချမှုကို ကူညီပေးသည်၊ နေရောင်အောက်တွင်တစ်နေ့လျှင် ၁၅ မိနစ်ခန့်နေပေးပါ၊
နေရောင်ခြည်သည် အရေပြားကိုထိတွေ့ရမည်။


Credit : WEAVE

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။





Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18