Print

ဘီယာဗိုက်ကို လျော့ချပေးမယ့် နည်းလမ်း (၅) သွယ်

  30-Mar-2019
Preview Image

အရက် အလွန်အကျွံ သောက်ရတာကို နှစ်ခြိုက်တတ်တဲ့ သူတွေအတွက်တော့ အခုချက်ချင်း မဟုတ်ရင်တောင် နောက်ပိုင်း ဗိုက်ရွှဲတဲ့ ြ ပသနာဖြစ်လာစေမှာ သေချာပါတယ်။ အထူးသဖြင့် အားကစားလုပ်ဖို့ လည်း အချိန်မရှိ၊ ခန္ဓာကိုယ် ထိန်းသိမ်းမှု လေ့ကျင့်ခန်းတွေ မလုပ်ဖြစ်တဲ့သူတစ်ယောက် ဖြစ်တယ်ဆိုရင်ပေါ့။ သာမန်အားဖြင့် သင့်ဝမ်းဗိုက်ထဲမှာ အဆီတွေတက်လာဖို့ဆိုရင် ကယ်လိုရီများများစားစားတောင် မလိုအပ်ပါဘူး။ ဗိုက်အဆီ တက်မလာစေချင်ဘူးဆိုရင်တော့ အားကစားကို အသေအချာလုပ်ပေးဖို့ လိုအပ်ပါလိမ့်မယ်။ အဲဒီ ဘီယာဗိုက်ကို အန္တရာယ်မဖြစ်ရအောင် အောက်ကအချက် (၅) ချက်ကို လိုက်လုပ်ကြည့်ပါ။

လိုအပ်တာထက်ပိုမသောက်သုံးသင့်ပါ။

၁၂ အောင်စ ဘီယာပုလင်းတစ်လုံးမှာရှိတဲ့ ကယ်လိုရီ ၁၅၀ ပမာဏကို လျော့ချဖို့ အကောင်းဆုံး ဖြေရှင်းနည်းနဲ့ သက်သေအထောက်အထားကောင်းတစ်ခုက ဘီယာကို အလွန်အကျွံ မသောက်ဖို့ပါပဲ။ အကြောင်းရင်းကတော့ အေးအေးလေးနဲ့ အရသာရှိတဲ့ အဲ့ဒီဘီယာကို သောက်လိုက်တဲ့အခါမှာ သင့်အသည်းက မခံနိုင်ဖြစ်ပြီး အားနည်းစေ
ပါတယ်။ အဆီဓာတ်ကို အာနိသင်အဖြစ် ပြောင်းနိုင်စွမ်း ပိုနည်းစေပါတယ်။ ဒါကြောင့် သင့်ရဲ့ချက်နားတဝိုက်ကို ပိုထွက်နေအောင် တွန်းထုတ်ပေးပါတယ်။

ကယ်လိုရီပမာဏကို စဉ်းစားချင့်ချိန်ပါ။

သင်နေ့တိုင်းစားသုံးတဲ့ ကယ်လိုရီပမာဏကို သိရှိဖို့အရေးကြီးပါတယ်။ လူတစ်ယောက်နဲ့တစ်ယောက် ကွဲပြားနေတာကြောင့် မတူကွဲပြားတဲ့ alcohol ပါတဲ့ အရည်တွေကို အကြမ်းဖျင်းလောက်တော့ ခန့်မှန်းတတ်ဖို့လိုပါတယ်။ ဒါကြောင့်မို့ ဒီဘီယာဗိုုက်ကို လျော့ချဖို့ အကောင်းဆုံးနည်းက ကန့်သတ်ချက်ထားပြီး ဘီယာနှစ်လုံးတည်းနဲ့ ကယ်လိုရီပမာဏကို လျော့ချပြီးသောက်ရပါမယ်။

ကယ်လိုရီ အနည်းငယ်သာပါတဲ့ ဘီယာကိုပြောင်းသောက်ပါ။

ပုလင်းအရေအတွက် မဟုတ်ဘဲ ကယ်လိုရီပမာဏကိုသာ လျော့ချပါ။ အဲဒီဗိုက်ကို ဝိတ်လျော့ဖို့ ဘီယာကို အဆက်ဖြတ်စရာ မလိုပါဘူး။ ဒါပေမယ့် ကယ်လိုရီ ၈၀ ကနေ ၁၀၀ ကြား ပါဝင်တဲ့ ဘီယာအပျော့စားကို စတင်ပြောင်းသောက်နိုင်ပါတယ်။

ရေများများသောက်ပေးပါ။

ရေဓာတ်မရှုံးဆုံးရအောင် ဘီယာတစ်ခွက်သောက်တိုင်း အနည်းဆုံးရေတစ်ခွက်လောက် သောက်ပေးရတာလည်း နည်းလမ်းကောင်းတစ်ခုဖြစ်ပါတယ်။ ဒီနည်းဟာ ဗိုက်ဝစေရုံသာမက အသည်းကိုအစာချေဖျက်ရာမှာရော၊ အစာကို အာဟာရအဖြစ်ကို ပြောင်းစေရာမှာပါ အလုပ်ဖြစ်တဲ့ နည်းပါ။ အကျိုးဆက်အနေနဲ့ကတော့ ဘီယာလျော့
သောက်ချင်စိတ်ဖြစ်လာမှာပေါ့။

နှလုံးကို အလုပ်လုပ်ပါစေ။

ခပ်သွက်သွက်လေး လမ်းလျှောက်ရာကနေတဖြည်းဖြည်း အရှိန်မြင့်တင်ပေးပါ။ ဒါမှမဟုတ် ခြေလမ်းကျဲကျဲ လှမ်းပေးခြင်းအားဖြင့်လည်း နှလုံးကိုကျန်းမာစေတယ်ဆိုတာ သိထားပါ။ ဒီလိုလေ့ကျင့်ခန်း လုပ်ဆောင်ပေးခြင်းဟာ ဝမ်းဗိုက်အတွင်းမှာရှိတဲ့ အဆီတွေကို လျော့ချပေးပါတယ်။

Credit : Trend Myanmar

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။





Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18