Print

အရေးကြီးသော ဗီတာမင်နှှင့့်် သတ္ထုဓာတ်များ

  30-Mar-2019
Preview Image

အမျိုးသမီးများ အထူးသဖြင့် ကိုယ်ဝန်ဆောင် အမျိုးသမီးများနှင့် နို့တိုက်မိခင်များသည် အရေးကြီးသော ဗီတာမင်နှင့်သတ္ထုဓာတ် ၅ မျိုးလိုအပ်ပါသည်။ ၎င်းတို့မှာ- သံဓာတ် (Iron) ဖိုးလစ်အက်စစ် (Folic Acid) ကယ်လ်စီယမ် (Calcium) အိုင်အိုဒင်း (Iodine)နှင့် ဗီတာမင်အေ (Vitamin A) တို့ဖြစ်ပါသည်။ဖောလစ်အက်စစ် (Folic Acid) ခန္ဓာကိုယ်သည် ကျန်းမာသော သွေးနီဥများပြုလုပ်ရန် အတွက်ဖိုးလစ် အက်စစ်ကို လိုအပ်ပါသည်။ ဖောလစ်အက်စစ်ချို့တဲ့ပါက အမျိုးသမီးများတွင် သွေးအားနည်းရောဂါဖြစ်နိုင်ပြီး မွေးကင်းစကလေးများတွင် ပြင်းထန်သောပြဿနာများဖြစ်နိုင်ပါသည်။ ထို့ကြောင့်
ကိုယ်ဝန်ဆောင်နေစဉ် ဖိုးလစ်အက်စစ်ကိုအထူးလိုအပ်ပါသည်။

ဖိုးလစ်အက်စစ် ကြွယ်ဝသော အစားအစာများ

• အစိမ်းရောင်ရင့်ဟင်းရွက်များ
• ကောက်နှံများ
• မှိုများ
• အသည်း
• အသား
• ငါး
• အခွံမာအသီး (ဥပမာ - မြေပဲ)
• ပဲများ၊ ပဲစေ့များ
• ဥများ

အိုင်အိိုဒင်း

အစားအစာထဲတွင်ပါဝင်သော အိုင်အိုဒင်းဓာတ်သည် လည်ပင်းကြီးရောဂါ (Goiter) နှင့် အခြား ပြဿနာများကို ကာကွယ်ပေးသည် အကယ်၍ အမျိုးသမီးတစ်ဦး ကိုယ်ဝန်ဆောင်နေချိန်တွင် အိုင်အိုဒင်း ဓာတ်ချို့တဲ့ခဲ့ပါက မွေးလာသောကလေးတွင် ဉာဏ်ရည်နှေးနိုင်သည်။ လည်ပင်းကြီးရောဂါနှင့် ဉာဏ်ရည် နှေးခြင်းသည် များသောအားဖြင့်မြေကြီး ရေနှင့် အစားအစာများတွင် သဘာဝအိုင်အိုဒင်းဓာတ် အလွန်နည်း ပါးခြင်းကြောင့်ဖြစ်သည်။ အလွယ်ကူဆုံးနည်းလမ်းဖြင့် အိုင်အိုဒင်းဓာတ် လုံလောက်စွာရရှိရန် သာမန်ဆား ကိုမသုံးဘဲ အိုင်အိုဒင်းဆားကို သုံးသင့်သည် (သို့မဟုတ်) အောက်တွင်ဖော်ပြထားသော အစားအစာများ (အစို (သို့) အခြောက်) ကို စားသုံးနိုင်သည်။

• ပုဇွန်၊ ဂဏန်း
• ငါး
• ပင်လယ်ရေမှော်ပင်
• ပီလောပီနံ
• ဂေါ်ဖီထုပ်

အကယ်၍အိုင်အိုဒင်းဆား (သို့မဟုတ်) ဖော်ပြထားသော အစားအသောက်များ ရရှိရန်မလွယ်ပါက (သို့) မိမိနေရာဒေသတွင် လည်ပင်းကြီးရောဂါ (သို့) ဉာဏ်ရည်နှေးခြင်းတွေ အမြဲဖြစ်နေပါကဒေသခံ ကျန်းမာရေးဌာနနှင့် တိုင်ပင်ပြီး အိုင်အိုဒင်းဆီကို သောက်ရန်ဖြစ်စေ ဆေးထိုးရန်ဖြစ်စေ တောင်းခံကြည့်ပါ။ 

ဗီတီတီတာမင် A

ဗီတာမင် Aသည်ကြက်မျက်သင့်ခြင်း (ညတွင်အမြင်အာရုံအားနည်းခြင်း) နှင့် အချို့ရောဂါပိုးဝင်ခြင်းတို့ ကာကွယ်ပေးသည်။ ကိုယ်ဝန်ဆောင်မိခင်များစွာတို့ ကြက်မျက်သင့်ခြင်းမှာ ကိုယ်ဝန်မဆောင်မီမှာပင် အစားအစာတွင် ဗီတာမင် A ချို့တဲ့ခြင်းကြောင့်ဖြစ်သည်။ ကိုယ်ဝန်ဆောင်စဉ် ကိုယ်ခန္ဓာပိုလိုအပ်ချက် များရှိလာသောအခါ ပြဿနာဖြစ်ပေါ်လာတတ်သည်။ ဗီတာမင် A ချို့တဲ့သော ကလေးငယ်များတွင် အမြင်အာရုံကွယ်သွားတတ်ပါသည်။ ကိုယ်ဝန်ဆောင်မိခင်သည် ဗီတာမင် A ကြွယ်ဝသော အစာများစားခြင်းဖြင့် ဗီတာမင် A ပိုပါရှိသော မိခင်နို့ရည်ကို ထုတ်လုပ်နိုင်သည်။

Credit : WEAVE

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။





Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18