Print

တပြိုင်နက် ပြဿနာ

  23-Mar-2019
Preview Image

တပြိုင်နက် ပြဿနာဆိုသည်မှာ စိတ်ဝေဒနာအပြင် ဆေးသုံးစွဲမှုကြောင့် ဖြစ်ပေါ်လာသော ပြဿနာများကို ဆိုလိုပါသည်။ တပြိုင်နက် ပြဿနာများကို လူမှုရေးရှုဒေါင့်မှ စဉ်းစားရန် လိုအပ်သည်။ ထို့အပြင် ကိုယ်ခန္ဓာတွင် ဖြစ်ပေါ်နေသော ဝေဒနာများကိုလည်း ထည်းသွင်းစဉ်းစားရန်လိုသည်။ တပြိုင်နက် ပြဿသနာများမှာ အစဉ် မတူညီချေ။ ဥပမာ အသက် ၂ဝ အရွယ်စကီဇိုဖရမ်းနီးယား ဝေဒနာရှင် လူငယ်တစ်ဦးမှ အရက်အလွန်အကျွံသောက်ခြင်း၊ ဆေးလိပ်၊ ဆေးခြောက်သုံးစွဲခင်းကို အသက် ၃ဝ အရွယ်အမျိုးသမီးတစ်ဦး အကြီးစား စိတ်ကျဝေဒနာကြောင့် ဘင်ဇိုဒိုင်ယာဇီပင်းကို အလွဲသုံးစားပြုသည်နှင့် ဆန်းစစ်ပုံ၊ ကုသပုံခင်း လုံးဝကွဲပြားခြားနားပါသည်။ နှစ်မျိုးစလုံးမှာ တပြိုင်နက်ပြသနာများ ဖြစ်သော်လည်း အလွန်ကွဲပြားခြားနားပါသည်။ စိတ်ကျန်းမာရေးအချက်များကို လေ့လာဆန်းစစ်ရာတွင် အောက်ဖော်ပြပါ လမ်းညွှန်ချက်မှ ဆေးဝါးသုံးမှု၊ဆေးဝါးကြောင့်ဖြစ်သော ပြဿနာ၊ တပြိုင်နက် ပြဿနာများကို ဆန်းစစ်ရာတွင် အလွန်အသုံးဝင်ပါသည်။

Ref: WEAVE

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။





Related Articles


Advertisment 18