Print

တစ်ဦးတစ်ယောက်သည် ကြမ်းတမ်းစွာပြုမှုနေသူနှင့်အတူ နေထိုင်နေပါက

  19-Mar-2019
Preview Image

- သ့ူအတွက်ကာကွယ်မှု လိုအပ်သည်လား မေးကြည့်ပါ။
- ထိုသူပြောပြသမျှကို ဝေဖန်ခြင်း၊ အကြံပေးခြင်း မပြုပဲနားထောင်ပါ။
- အကူအညီရယူရန် အကြံပြုပါ။
- စခန်းတွင်းတွင် အကြမ်းဖက်ခံရသူများကို အကူအညီပေးနေသည့် အဖွဲ့အစည်းများ ပံ့ပိုးပေးနေမှုများကို သတင်းပေးပြောပြပါ။
- လိုအပ်သော ဝန်ဆောင်မှု လုပ်ငန်းဌာနများသို့ ကာယကံရှင်၏ ဆန္ဒနှင့် အညီပို့ဆောင်ပါ။
- ဤသတင်းကို လျို့ဝှက်စွာထားပါ။ မပေါက်ကြားပါစေနှင့်။


အကြမ်းဖက်မှုများကို လျော့ချနိုင်ရန် မည်ကဲ့သို့ ကူညီရမည်နည်း။
အကြမ်းဖက်မှုများကို လျော့ချနိုင်ရေးအတွက် အရေးကြီးဆုံးအလုပ်ကို လူထုကသာ စွမ်းဆောင်နိုင်ပါသည်။ နောင်တစ်ချိန်တွင် အကြမ်းဖက်မှုကို ကာကွယ်နိုင်ရန်အတွက် အဆင့်ဆင့် လုပ်ဆောင်သွားရန် လိုအပ်ပါသည်။ အကြမ်းဖက်မှုသည် လူတိုင်းတွင် တာဝန်ရှိသည်ဟု ယူဆမှသာ အကြမ်းဖက်မှုကို ကာကွယ်နိုင်မည်။ ပထမဆင့်အနေဖြင့် ဥပဒေများ၊ တရားစီရင်မှုများ ကိုစနစ်တကျရှိစေရပါမည်။ ထို့မှသာ လူထုကို အကူအညီ အကာအကွယ်နှင့် လုံခြုံမှု ပေးစွမ်းနိုင် ပါလိမ့်မည်၊ စနစ်ကောင်း တစ်ခုမှ အကြမ်းဖက်ခံရသူကို အကူအညီရစေ သကဲ့သို့ ကြမ်းဖက်လာနိုင်သူများကိုလည်း အကြမ်းဖက်ရန် ကြိုးစားမှုကို လျော့ချနိုင်စေရန်ဖြစ်သည်။

အကယ်၍ လူထုမှ တရားဥပဒေ များသည် မိမိတို့ကို အမှန်တကယ် အကာအကွယ် ပေးနိုင်မှန်း သိရှိလိုပါက အကြမ်းဖက်မှုကို လက်ခံသည့် လူဥးီရေ လျော့ပါးလာပါလိမ့်မည် ဤသည်နှင့်အမျှ လူထုသည် အကြမ်းဖက်မှုမှ တားဆီးရေး လုပ်ငန်းများတွင် ပိုမိုပါဝင်လာပါလိမ့်မည်။ အရက်များမူးယစ်ဆေးဝါး သုံးစွဲမှုများကိုလျော့ချနိုင်ခြင်းဖြင့် မလိုလားအပ်သော အမူအကျင့်များ နည်းပါးစေနိုင်ပါသည်။ အရက်၊ မူးယစ်ဆေး သုံးစွဲလျှင် မိမိတို့၏ ကိုယ်စိတ် အမူအရာတို့ကို ထိန်းသိမ်း နိုင်စွမ်း မရှှိသည့်အတွက် အကြမ်းဖက်မှုကိုဖြစ်စေနိုင်သောကြာင့် ဖြစ်သည်။


Ref: 
WEAVE
29.10.2015

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။

 



Related Articles


Advertisment 18