Print

Carbon Monoxide Poisoning (ကာဗွန်မိုနောက်ဆိုဒ် ဓာတ်ငွေ့အဆိပ်သင့်ခြင်း)

  16-Mar-2019
Preview Image

ကာဗွန်မိုနောက်ဆိုဒ် ဓာတ်ငွေ့များ လေထုထဲတွင် အလွန်တရာ များပြားနေခြင်းကြောင့် အသက်ရှူလိုက်တိုင်း သွေးနီဥထဲတွင် ရှိသော အောက်ဆီဂျင်နှင့် လဲသလိုဖြစ်ကာ သွေးထဲတွင် ပမာဏ များလာခြင်းကို ကာဗွန်မိုနောက်ဆိုဒ်ဓာတ်ငွေ့ အဆိပ်သင့်ခြင်း (Carbon monoxide poisoning) ဟုခေါ်သည်။


လက္ခဏာများ 

ကာဗွန်မိုနောက်ဆိုဒ်ဓာတ်ငွေ့အဆိပ်သင့်ခြင်း ခံစားရလျှင် ခန္ဓာကိုယ် အစိတ်အပိုင်းများဆီသို့ အောက်ဆီဂျင် ရောက်ရှိမှု နည်းသွားသည့်အတွက် 

. ခေါင်းကိုက်ခြင်း

. နုံးချိနေခြင်း

. မူးဝေခြင်း

. ပျို့ခြင်း၊ အန်ခြင်း

. အသက်ရှူရ ခက်ခဲလာခြင်း

. အတွေးများ ဝေဝါးလာခြင်း

. အမြင်ဝါးလာခြင်း နှင့် 

. သတိမေ့ခြင်းများ အထိ ခံစားရနိုင်ပါသည်။


ဖြစ်ပွားရသော အကြောင်းရင်းများ

ကာဗွန်မိုနောက်ဆိုဒ်ဓာတ်ငွေ့ အဆိပ်သင့်သော အကြောင်းရင်းများမှာ လောင်စာသုံး စက်များ အသုံးပြုခြင်း၊ အိမ်တွင်း မီးသွေးသုံး၍ ကင်ခြင်းများ၊ မီးလောင်ရာမှ ထွက်သော မီးခိုးငွေ့များ ရှူမိခြင်းများ ဖြစ်ပါသည်။


နောက်ဆက်တွဲ ပြဿနာများ

ကာဗွန်မိုနောက်ဆိုဒ် ဓာတ်ငွေ့အဆိပ်သင့်ခြင်း၏ နောက်ဆက်တွဲ လက္ခဏာများ အနေဖြင့် ဦးနှောက် ရာသက်ပန်ပျက်စီးသွားခြင်း၊ နှလုံးကို ထိခိုက်၍ နှလုံးပြဿနာများ ဖြစ်လာခြင်းနှင့် အရမ်းဆိုးရွားလျှင် သေဆုံးခြင်းအထိပါ ဖြစ်စေနိုင်ပါသည်။


ဆရာဝန်နှင့် သွားရောက်ပြသသင့်သော အချက်များ 

ကာဗွန်မိုနောက်ဆိုဒ် ဓာတ်ငွေ့အဆိပ်သင့်ခြင်း ခံစားရသည်နှင့် တပြိုင်နက် အနီးဆုံး ဆေးရုံဆေးခန်းသို့သွားရောက် ပြသရမည်ဖြစ်သည်။


စစ်ဆေးမှုများ


ကာဗွန်မိုနောက်ဆိုဒ် ဓာတ်ငွေ့အဆိပ်သင့်သည်ဟု သံသယရှိသည်နှင့် သွေးထဲတွင် Carbon monoxide ရှိမရှိ သိနိုင်ရန် သွေးစစ်ခြင်းများ လုပ်ဆောင်သင့်ပါသည်။


ကုသခြင်း 

ကာဗွန်မိုနောက်ဆိုဒ် ဓာတ်ငွေ့အဆိပ်သင့်ခြင်းသည် အရေးပေါ်ဆေးကုသမှု ခံယူရန် လိုအပ်ပါသည်။ အရေးပေါ်ကုသမှုအနေဖြင့် အောက်ဆီဂျင်ကို Mask/ Ventilator ဖြင့် ရှူခြင်းဖြင့် ကုသနိုင်သည်။ အရမ်းဆိုးရွားသော အဆိပ်သင့်ခြင်းတွင်မူ သာမန်ထက် ၂ ဆ၊ ၃ ဆ ပိုများသော အောက်ဆီဂျင် (Heperbaric oxygen) ကို ရှူခြင်းဖြင့် နှလုံးနှင့် ဦးနှောက်ကို ထိခိုက်ခြင်းမှ ကာကွယ်နိုင်ပါသည်။ အဆိပ်သင့်သော ကိုယ်ဝန်ဆောင်များတွင်လည်း Heperbaric oxygen ဖြင့် ကုသခြင်းဖြင့် ကလေးကို ထိခိုက်ခြင်းကို သက်သာစေနိုင်ပါသည်။


ကာကွယ်ခြင်း

ကာဗွန်မိုနောက်ဆိုဒ် ဓာတ်ငွေ့အဆိပ်သင့်ခြင်းမှ ကာကွယ်နိုင်ရန်အတွက် 

- အိမ်ထဲတွင် Carbon monoxide detector များ တပ်ဆင်ထားခြင်း

- ကားမထုတ်မီ ကားဂိုဒေါင်များကို ကြိုဖွင့်ထားခြင်း

- မီးခိုးခေါင်းတိုင်နှင့် ပိုက်လုံးများကို နှစ်စဉ်သန့်ရှင်းရေး လုပ်ပေးခြင်း

- အဆိပ်သင့်ခြင်း ဖြစ်ပွားသောနေရာအား ပြန်လည်ပြင်ဆင် မွမ်းမံခြင်းများ ပြုလုပ်သင့်ပါသည်။


Ref: Mayo clinic

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။





Related Articles


Advertisment 18