Print

ဟော်မုန်းဆိုတာ ဘာလဲ. . .

  16-Mar-2019
Preview Image

ဟော်မုန်းဆိုတာ ဂရိဘာသာစကား impetus ကနေဆင်းသက်လာတာပါ။ခန္တာကိုယ်ထဲမှာရှိတဲ့ cell ထဲကနေ ထုတ်လွှတ်တဲ့ ဓာတုပစ္စည်းတစ်ခု ဖြစ်ပါတယ်။ဒီဓာတုပစ္စည်းတွေဟာ အခြားခန္တာကိုယ်မှာရှိတဲ့ အစိတ်အပိုင်းတွေက ဆဲလ်တွေကို သက်ရောက်မှုရှိစေဖို့ သတင်းအချက်အလက် (massages)တွေကို ပေးပို့ပါတယ်။တကယ်တော့ ဆဲလ်ဖြစ်ပျက်ပြောင်းလဲမှုဖြစ်စဉ် (metabolism) အတွက် ဟော်မုန်းအနည်းငယ်မျှသာ လိုအပ်ပါတယ်။ ဟော်မုန်းဆိုတာဟာ ဆဲလ်တွေ တစ်ခုကနေ တစ်ခုကို (singnal)အချက်ပြဖို့ မရှိမဖြစ်လိုအပ်တဲ့ ဓာတုသတင်းပို့သူ (chemical messenger) ပဲဖြစ်ပါတယ်။ ဆဲလ်တွေ အများကြီးနဲ့ ဖွဲ့စည်းထားတဲ့ သက်ရှိတွေမှာ ဟော်မုန်းကို ထုတ်လုပ်ပါတယ်။


အပင်တွေကထုတ်တဲ့ ဟော်မုန်းကိုတော့ phytohormones လို့ ခေါ်ပါတယ်။ တိရစ္ဆာန်များမှ ဟော်မုန်းတွေကတော့ တစ်ခါတစ်ရံ သွေးထဲကနေ သယ်ယူပို့ဆောင်ပါတယ်။ဆဲလ်တွေဟာ ဟော်မုန်းတစ်ခုစီအတွက် သီးခြားလက်ခံမယ့် နေရာ (Specific receptor) ရှိမယ်ဆိုရင် အဲဒီဟော်မုန်းကို တုံ့ပြန်မှုရှိပါတယ်။ဟော်မုန်းက အဲဒီ receptor protein နဲ့ ပေါင်းခြင်းအားဖြင့် သတင်းအချက်အလက်ပေးဖို့ ဆက်သွယ်ရေးစနစ် (signal transduction mechanism) ကို လှုံ့ဆော်ပါတယ်။ ဟော်မုန်းကို အတွင်းအပြင် endocrine hormone နဲ့ exocrine hormone ရယ်လို့ ခွဲခြားထားပါတယ်။ Endocrine Hormone မော်လီကျူးတွေဟာ သွေးထဲကို တိုက်ရိုက်စစ်ထုတ်ပါတယ်။ Exocrine Hormone ကတော့ Ectohormones လို့လည်း ခေါ်ပြီး ခန္တာကိုယ်ရှိ အရည်သယ်ပို့တဲ့ ပြွန်ထဲကို တိုက်ရိုက် ထုတ်လွင့်ပြီး ပြွန်မှတစ်ဆင့် သွေးထဲကို စီးဝင်ပါတယ်။ ဒါမှမဟုတ်ရင် တော့ သူတို့ဟာ ဆဲလ်တစ်ခုကနေ ဆဲလ်တစ်ခုကို စိမ့်ဝင်ပျံ့နှံ့ခြင်း (diff-usion)နည်းနဲ့ စီးဆင်းပြီး အဲဒီဖြစ်စဉ်ကို Paracrine Signalling  လို့ ခေါ်ပါတယ်။


ဟော်မုန်းတွေ ဘယ်လိုအချက်ပြသလဲ

ဟော်မုန်းတွေဟာ အောက်ပါနည်းလမ်းများအတိုင်း အချက်ပြ ဆက်သွယ်လေ့ရှိပါတယ်။

၁။ (Biosynthesis)- သီးခြားတစ်သျှူးအတွင်းမှာ သီးခြားဟော်မုန်းမှ ဇီဝဖြစ်ပျက်ခြင်း (Biosynthesis )နည်းအားဖြင့်။

၂။ (Storage and Secretion) - ဟော်မုန်းများအား သိုလှောင်ခြင်းနှင့် ထုတ်လွှတ်ခြင်း။

၃။ (Transport) -သတ်မှတ်ထားသည့် ဆဲလ် (Target cell)ရောက်အောင် ဟော်မုန်းအား သယ်ယူပို့ဆောင်ခြင်း။

၄။ (Recognition) - ဟော်မုန်းနှင့် ဆက်နွယ်နေသော ဆဲလ်အကာ (cell membrance) သို့မဟုတ် ဆဲလ်အတွင်းမှာရှိတဲ့ Receptor and amplification )ရရှိလာသော ဟော်မုန်းအား အချက်ပြခြင်းဖြစ်စဉ်မှ တစ်ဆင့် အစားထိုးခြင်းနှင့် တိုးချဲ့ခြင်းများပြုလုပ်ခြင်း။

၅။ (Degradation)- ဟော်မုန်းများ ပျက်စီးဆုံးရှုံးခြင်း စသည်တို့ပဲ ဖြစ်ပါတယ်။

ဟော်မုန်းများကို ထုတ်လုပ်တဲ့ ဆဲလ်တွေဟာ သီးခြားဆဲလ်အမျိုးအစားတွေဖြစ်ပြီး သီးခြား Endocrine gland တွေ ဥပမာ(သိုင်းရွက် ဂလင်း၊သားဥအိမ် နှင့် ဝှေးစေ့ စသည်တို့)မှာ တည်ရှိကြပါတယ်။ဟော်မုန်းတွေဟာ သူတို့ရဲ့ ပင်ရင်းဆဲလ်တွေကနေ exocytosis သို့မဟုတ် ဆဲလ်အကာမှ သယ်ယူပို့ဆောင်ခြင်း (Membrane Transport )နည်းအားဖြင့် ထွက်ခွာကြပါတယ်။


ဟော်လ်မုန်းများ၏ ဇီဝကမ္မဖြစ်စဉ်

ဆဲလ်အများစုဟာ တစ်ခု သို့မဟုတ် တစ်ခုထက်ပိုတဲ့ မော်လီကျူးတွေကို ထုတ်လုပ်နိုင်တဲ့ စွမ်းရည် ရှိကြပါတယ်။အဲဒီ မော်လီကျူး တွေဟာ ဆဲလ်တစ်ခုမှ တစ်ခုကို အချက်ပြ ဆက်သွယ်ပေးပြီး သူတို့ရဲ့ ကြီးထွားမှု ၊ လုပ်ဆောင်ချက်နဲ့ ဖြစ်ပျက်ခြင်း ဖြစ်စဉ်တို့ကို ပြောင်းလဲစေပါတယ်။ဟော်မုန်းတွေ ထုတ်လုပ်ခြင်းနဲ့ လှုံ့ဆော်ခြင်း၊ တားဆီးခြင်းတို့ကို -

၁။ အခြားဟော်မုန်းများ (ဥပမာ - လှုံ့ဆော်ဟော်မုန်းနှင့် ထုတ်လုပ်ဟော်မုန်း Stimulating or releasing hormone)

၂။ အိုင်းယွန်းတွေနဲ့ nutrients တွေရဲ့ သွေးရည်ကြည်ထဲ ရောက်ရှိ မှု သိပ်သည်းဆ (Plasma conecentration) နှင့် ပေါင်းစည်းပရိုတိန်း (binding – globulins)

၃။ ဦးနှောက်အာရုံကြောထဲမှာ ရှိတဲ့ အချက်ပြဆက်သွယ်သူ Neurones နဲ့ အာရုံခံစားမှုများ၊

၄။ ပတ်ဝန်းကျင်ပြောင်းလဲမှုများ (ဥပမာ အလင်းရောင် ၊ အပူချိန်) စသည်တို့က လုပ်ဆောင်ပေးပါတယ်။

 သီးခြားအုပ်စုတစ်ခုက ထုတ်လုပ်တဲ့ ဟော်မုန်းဟာ အခြား Endocrine ဂလင်းတွေရဲ့ ဟော်မုန်းထုတ်လုပ်မှုကိုလည်း လှုံ့ဆော်ပါသေးတယ်။ ဥပမာ သိုင်းရွိုက်လှုံ့ဆော်မှု ဟော်မုန်း (Thyroid stimulating Hormone – TSH) ဟာ ကြီးထွားမှု ကိုဖြစ်စေပြီးအခြား endocrine ဂလင်းတွေရဲ့ လုပ်ဆောင်ချက်တွေကို များစေတဲ့အပြင် သိုင်းရွိုက် ဟော်မုန်း ထုတ်လုပ်မှုကိုလည်း များစေပါတယ်။

 ယခုလတ်တလော သတ်မှတ်ထားတဲ့ ဟော်မုန်းအသစ်တွေကတော့ Hunger Hormones တွေဖြစ်တဲ့ leptin, obestatin, nesfatin တို့ပဲ ဖြစ်ပါတယ်။


ဟော်မုန်းတွေက ဘာတွေလုပ်ဆောင်ပေးကြသလဲ

၁။ ခန္တာကိုယ် အရွယ်အစား ကြီးထွားမှု ကိုလှုံ့ဆော်ခြင်းနှင့် တားဆီးခြင်း၊

၂။ စိတ်အာရုံ ခံစားမှု

၃။ ဆဲလ်တွေ အစုလိုက် သေကျေခြင်း(programmed cell death )အား လှုံ့ဆော်ခြင်းနှင့် တားဆီးခြင်း။ (Programmed cell death ကို apoptosis လို့လည်း ခေါ်ပါတယ်။)

၄။ ခန္တာကိုယ်၏ ခုခံအားစနစ် Immune System အားလှုံ့ဆော်ခြင်းနှင့် တားဆီးခြင်း၊

၅။ ဇီဝဖြစ်ပျက်ခြင်းအား ပုံမှန်ဖြစ်အောင် လုပ်ဆောင်ပေးခြင်း။

၆။ ခန္တာကိုယ်ရှိ တိုက်ခိုက်ခြင်း အာရုံခံစားမှုနှင့် အခြားလုပ်ဆောင်ချက်များ လုပ်ဆောင်ရန် ပြင်ဆင်ပေးခြင်း၊

၇။ အပျိုဖော်ဝင်ခြင်း၊ နို့ချိုတိက်ကျွေးခြင်းနှင့် သွေးဆုံးခြင်းစသော လုပ်ဆောင်ချက်များ လုပ်ဆောင်ရန် ပြင်ဆင်ပေးခြင်း၊

၈။ မျိုးပွားမှု စက်ဝန်းအား ထိန်းချုပ်ခြင်း၊

၉။ ဆာလောင်မွတ်သိပ်မှုအား အာသာပြခြင်း စသည်တို့ကို လုပ်ဆောင်ပေးကြပါတယ်။


ဟော်မုန်းအမျိုးအစားများ

ကျောရိုးရှိ သတ္တဝါတွေရဲ့ ဟော်မုန်းတွေကို အုပ်စုသုံးခု ခွဲထားပါတယ်။

၁။ Amine - အမိုင်နိုအက်ဆစ် tyrosine နဲ့ tryptophan တို့ရဲ့ မျိုးခွဲတွေ ဖြစ်ပါတယ်။ ဥပမာ - Catecholamines  နဲ့ Thyroxine

၂။ Peptide Hormones - အမိုင်နို အက်စစ် chain တွေ ပါဝင်ပါတယ်။ဥပမာ TRH နဲ့ Vasopressin။ အမိုင်နိုအက်စစ်တွေရာချီပြီးစုပေါင်းသွားရင် ပရိုတိန်းလို့ရည်ညွှန်းပါတယ်။ Protein Hormone တွေကတော့ Insulin နဲ့ Growth Mormone တို့ ဖြစ်ပါတယ်။ ဘေးဘက်တွေမှာ Carbogydrate side chains တွေပါတာကိုတော့ Glycoportein hormones လို့ ခေါ်ပါတယ်။Glycoprotein Hormones တွေကတော့ Luteinzing hormones, Follicle stimulating hormones နဲ့ Thyroid Stimulating hormone တို့ ဖြစ်ပါတယ်။

၃။ Lipid နဲ့ Phospholipid - လစ်ပစ်တွေက ခွဲထွက်လာတဲ့ Linoleic acid, arachidonic acid နဲ့ phospholipids တို့ပဲ ဖြစ်ပါတယ်။ အဓိကအုပ်စုကြီးက တော့ cholesterol ကနဲ့ eicosanoids တို့က ခွဲထွက်လာတဲ့ Steroid hormones ဖြစ်ပါတယ်။ ဟော်မုန်းတွေရဲ့ အကြောင်း ကိုခြုံငုံပြီး တင်ပြပေးထားခြင်းသာ ဖြစ်ပါတယ်။


သက်တန့်ချို (ဆေး-၂)

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18