Print

သင့်အသားအရေကြည်လင်တောက်ပစေရန် ကမ္ဘာတဝှမ်းရှိ အရေပြားအထူးကုဆရာဝန်တို့၏...

  16-Mar-2019
Preview Image

(၁) အသားအရေထိန်းသိမ်းပေးမည့် နံနက်စာကိုစားပါ

တစ်နေ့တာရဲ့ ပထမဆုံးစားတဲ့ နံနက်စာမှာ သီဟိုဠ်စေ့လို အခွံမာတဲ့ အစေ့အဆန် ပါဝင်သင့်ပါတယ်လို့ နယူးယောက်ခ်မှ အရေပြားအထူးကု ဆရာဝန်ဒေါရစ်ဒေးက ဆိုပ်တယ်။ အခွံမာတဲ့ အစေ့အဆန်တွေမှာ မရှိမဖြစ် ဖက်တီးအက်စစ် ပါဝင်တာကြောင့် ရောင်ရမ်းမှုကို လျှော့ချပေးနိုင်ကာ အရေးကြောင်းဖြစ်တာ၊ အရေပြားတွဲကျတာနှင့် အစက်အပြောင်ထင်တာစတဲ့ အရေပြားပြဿနာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။ နံနက်စာမှာ အခွံမာသီး ပါဝင်အောင် မစားဖြစ်ရင် နေ့လယ်စာနဲ့ ညနေစာမှာ ဆယ်လ်မွန်ငါးတို့ကို ထည့်သွင်းစားပေးသင့်ပါတယ်။

(၂) ခြောက်သွေ့မှုကို ဖယ်ရှားပါ
အသားအရေ စိုပြည်နူးညံ့စေဖို့ အသားအရေထိန်း စပရေးဖျန်းဆေးနဲ့ မကြာခဏဖျန်းပက်ကာ အစဉ်အမြဲ စိုပြည်နေအောင် ထိန်းသိမ်းသင့်ကြောင်း လော့စ်အိန်ဂျလိစ်မှ အရေပြားအထူးကုဆရာဝန် ဂျက်ဆီကာက ဆိုပါတယ်။ သူမသုံးတဲ့အမျိုးအစားက La Roche-Posay Thermal Spring Water ဖြစ်ပြီး ရေနှင့်အတူ ဆီလီနီယမ်ကို သတ္တုဓာတ်ပါရင် ခရမ်းလွန်ရောင်ခြည်ကြောင့် အသားအရေထိခိုက်မှုမဖြစ်အောင် ကာကွယ်ပေးနိုင်တယ်လို့ ရှင်းပြပါတယ်။

(၃) ပေါင်ဒါမှုန့်ဖြင့်ကာကွယ်ပါ
နေကာခရင်မ်က တစ်ကြိမ်လိမ်းပြီးရင် အချိန်သုံးနာရီအောက်ပဲ ထိရောက်မှု ရှိပါတယ်။ ဒါကြောင့် အချိန်သုံးနာရီကျော်တာနှင့် နေကာခရင်မ်ကို ထပ်မ့လိမ်းပေးဖို့ လိုပါတယ်လို့ ဝါရှင်တန်ဒီစီမှ အရေပြားအထူးကု ဆရာဝန်အဲလိဇဘတ်က ဆိုပါတယ်။ နေရောင်ခရင်မ်ကို မကြာခဏ ထပ်မံလိမ်းဖိုပဆိုတာ လူတိုင်းအတွက် မဖြစ်နိုင်ပါဘူး။ ဒါကြောင့် နေရောင်ခြည်ကို ကာကွယ်နိုင်တဲ့ ပေါင်ဒါမှုန့်ကို ထပ်ရိုက်ပေးပါ။ ဒါဆိုရင် မိတ်ကပ်တွေကိုလည်း တည်မြဲနေစေပါတယ်။ 

(၄) အချိုစာများကိုရှောင်ပါ
Glycation လို့ခေါ်တဲ့ သကြားဖြိုခွဲတဲ့ဖြစ်စဉ်ဟာ အရေပြားချောမွေ့ တင်းရင်းစေတဲ့ ကော်လာဂျင်တွေကို ထိခိုက်စေနိုင်ပါတယ်။ အသားအရေထိခိုက်စေတဲ့ ဒီဖြစ်စဉ်ကို ကာကွယ်ထိန်းချုပ်နိုင်ဖို့ အခွံချွတ်မထားတဲ့ ကောက်နှံတစ်ခုလုံးအစာလို သကြားဓာတ်ပါဝင်မှု နည်းတဲ့အစာကို စားပါ။ အရေပြားတင်းရင်းစေတဲ့ ကော်လာဂျင်ဆုံးရှုံးမှုကို ထိန်းချုပ်နိုင်ဖို့ သကြားကိုရှောင်သင့်ပါတယ်။


(၅) သက်ရောက်မှုများသော လေ့ကျင့်ခန်းကိုရှောင်ပါ
ပြေးတာကို သက်ရောက်မှုများတဲ့ လေ့ကျင့်ခန်းကို ထပ်ခါတလဲလဲ လုပ်တာကြောင့် အရေပြားတင်းရင်းစေတဲ့ ကော်လာဂျင်ကို လျော့ကျစေပြီး အရေပြားတွဲကျစေနိုင်ပါတယ်။ လို့ အုတ်ခ်လန်းရှိ အရေပြားအထူးကုဆရာဝန် ကေတီရော်ဒန်က ဆိုပါတယ်။ လေ့ကျင့်ခန်းလုပ်တဲ့အခါ ရင်သားတွေကို ပင့်မပေးနိုင်တဲ့ ဘရာစီယာကို ဝတ်ဆင်ပြီး စက်ဘီးစီးတာနှင့် စက်ပေါ်တက်ပြီး လမ်းလျှောက်တာတို့ကို လုပ်ဆောင်ပါလို့လည်း ကေတီက အကြုံပြုထားပါတယ်။ လေ့ကျင့်ခန်းလုပ်တာကြောင့် ချွေးထွက်များစေပြီး သွေးလှည့်ပတ်မှု ကောင်းမွန်ကာ ပိုမိုကျန်းမာလှပစေတယ်ဆိုပေမယ့် ကိုယ်အတွက် ပြင်းထန်တဲ့ လေ့ကျင့်ခန်းအမျိုးအစားကို ရှောင်သင့်ပါတယ်။


Ref: ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။





Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18