Print

မီးဖွားပြီးလို့ ဘယ်လောက်ကြာမှ ချစ်တင်းနှီးနှောမှု ပြန်လုုပ်သင့်တယ်ဆိုတ...

  15-Mar-2019
Preview Image


ကလေးမွေးပြီးတဲ့အချိန် အမျိုးသမီးတွေရဲ့မွေးလမ်းကြောင်းဟာ သူ့ခံနိုင်အား အဆုံးစွန်ထိ ဆန့်ထုတ်ဆွဲငင် တွန်းထုတ်ခံခဲ့ရတာဖြစ်ပြီး မတော်ရင် ပြဲထွက် ဒါမှမဟုတ် ကွဲတောင်ကွဲနေနိုင်ပါသေးတယ်။ ဒါ့ကြောင့်လဲ ဆရာဝန်အများစုက မိခင်တွေကို ကလေးမွေးပြီး ၆ ပတ်အထိ ဘာမှမလုပ်သေးလဲ နားနားနေနေ နေထိုင်ဖို့ အကြံပြုထားတာပဲဖြစ်ပါတယ်။ ၆ ပတ် (နာရီပေါင်း ၁,၀၀၈ နာရီ) ဆိုတာ အင်မတန်ရှည်ကြာတဲ့ ကာလဆိုပေမယ့် ဒီမွေးလမ်းကြောင်းနဲ့ သားအိမ်က အရင်လိုပြန်ဖြစ်ဖို့ အလုပ်လုပ်နေရချိန်ပါ။ အမှန်တော့ ၆ လပြည့်အောင် လူတိုင်းမစောင့်နိုင်ကြပါဘူး။ ဘရာဇီးလ်နိုင်ငံ Sao Paulo တက္ကသိုလ်မှ သိပ္ပံပညာရှင်တွေက မိခင် ၈၀၀ ကို သူတို့အတူနေတဲ့ အလေ့အထတွေ မေးမြန်းကြည့်ရာမှာ စိတ်ဝင်စားစရာ ရလဒ်အဖြေတွေ တွေ့ရပါတယ်။ ယင်းလေ့လာချက်အရ ပုံမှန်အားဖြင့် အမျိုးသမီးတွေဟာ မီးဖွားပြီး ၂ လကျော်ကြာမှ အတူနေကြတယ်လို့ ဆိုပါတယ်။ မီးဖွားပြီးလို့ အတူပြန်နေဖို့ သတ်မှတ်ကာလတွေ ကွဲပြားကြပြီး ၁၇% ထက်မနည်းသော စုံတွဲတွေက သတ်မှတ်ထားတဲ့ ၆ ပတ် မစေ့ခင် အတူပြန်နေကြပြီး ၆၂% တို့က ၆ ပတ်မြောက်မှာ အတူပြန်နေကြတာ တွေ့ရပါတယ်။ တပြိုင်နက်တည်းမှာပဲ အမျိုးသမီး ၂၂% က ၃လ ထက် ပိုစောင့်ကြပြီး ကျန်အမျိုးသမီးအားလုံးဟာ ၇ လမြောက်ထိအောင် စောင့်ခဲ့ကြတယ်လို့ ဆိုပါတယ်။ ကံမကောင်းစွာဖြင့် စိတ်မကောင်းစရာတွေ့ရှိချက်တွေလည်း ရှိပါတယ်။ ကလေးမွေးပြီးနောက်ပိုင်းမှာတော့ အတူနေရတဲ့အချိန် လျော့လျော့လာတယ်လို့ ၂၁.၂% ကပြောဆိုခဲ့ပြီး ၈၇% ကကလေးမွေးဖွားပြီးနောက်ပိုင်း ကာမစိတ်ဆန္ဒတွေ သိပ်မရှိတော့ဘူးလို့ ဆိုကြပါတယ်။ 


Ref: womenhealth


သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18