Print

မိခင်လောင်းများသိထားသင့်သော နေရာလွဲမှားသန္ဓေတည်ခြင်း(ကိုယ်ဝန်နုစဉ်သွေး...

  15-Mar-2019
Preview Image


ကိုယ်ဝန်နုစဉ် သွေးဆင်းခြင်းအကြောင်းများထဲ တစ်ခုအပါအဝင်ဖြစ်တဲ့ နေရာလွဲမှား သန္ဓေတည်ခြင်း ectopic pregnancy မှာ ကြောက်စရာ ကောင်းပါတယ်။ သန္ဓေသားလေးမှာရှိသင့်သည့် သားအိမ်နံရံ တွင်မတွယ်ကပ်ဘဲ သားအိမ်ပြင်ပ ေိနရာများဖြစ်သော သားဥပြွန် သားဥအိမ်နှင့် သားခေါင်းဝနားများ တွင်မှားယွင်း တွယ်ကပ်ခြင်းဖြစ်သည်။ သားဥပြွန်တွင်အများဆုံးဖြစ်တတ်ပြီး အကျိုးဆက်အနေနဲ့သန္ဓေသားကြီးလာတာနဲ အမျှ သားဥပြွန်ပေါက်ထွက်ပြီး မိခင်အတွက် အသက်အန္တရာယ်ဖြစ်စေပါတယ်။ ပိုးဝင်ဖူးသူများ ယခင် ထိုသို့ဖြစ်ဖူးသူ သားသမီးရဖို ့ခက်ခဲသူများ သားအိမ်တွင်းထည့် သားဆက်ခြား နည်းသုံးသူများ ဟော်မုန်းဆေး တစ်မျိုးတည်းပါသော သားဆက်ခြားဆေးသောက်သူများနှင့် ဖန်ပြွန်သန္ဓေနည်းဖြင့် သားသမီးယူသော မိခင်များတွင် အများဆုံးတွေ ့ရပါတယ်။ လက္ခဏာတွေကတော့ သွေးမဲမဲပုတ်ပုတ်ဆင်းခြင်း၊ ရုတ်တရပ် မူးလဲခြင်း၊ သတိလစ်ခြင်း၊
သွေးပေါင်ထိုးကျခြင်း၊ လက်ဖျားခြေဖျား များအေးစက်ခြင်း၊ ဖျော့တော့ခြင်း ဗိုက်အောက်ပိုင်းနာခြင်းများဖြင့် ရောက်လာတတ်ပါတယ်။ အသက်အန္တရယ်ရှိပါတယ်။

ဘယ်လိုသတိထားရမလဲ။

ရာသီရက်လွန်တာနဲ့ဆီးစစ်ကြည့်ပါ။ သက်ဆိုင်ရာ OG နှင့် ကိုယ်ဝန်ပြပါ။ တချို့က လနုသေးလို့မအပ်သေးတာ မျိုးရှိတတ်ပါတယ်။ အမှန်တော့ စောလေ ကောင်းလေပါ။ နေရာလွဲမှားသန္ဓေတည်ခြင်းကို အာထရာစောင်းရိုက်၍ သိနိုင်ပါတယ်။ စောစီးစွာသိလျှင် သားဥပြွန်မပေါက်သေးပါက ဆေးသောက်ရုံဖြင့် ကုသနိုင်သော်လည်း နောက်ကျမှသိပါက အရေးပေါ်ခွဲရမှာပါ။ ပြွန်ပေါက်ထွက်ပြီးမှ ဆေးရုံရောက်လျှင် သို့မဟုတ် ဆေးရုံရောက်တာ နောက်ကျလျှင် အသက်အန္တရာယ်ရှိတဲ့အပြင် ဆိုးရွားတဲ့ အကျိုးဆက်တွေ ဖြစ်လာမှာပါ။ ဒါကြောင့် သတိပြုရအောင် တင်ပြပေးလိုက်ပါတယ်။ မိခင်လောင်းများအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာ ချမ်းသာ ကြပါစေ။


Ref:
Dr.Marie
သိလိုရာမေး online ဆေးခန်း

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18