Print

Bladder Cancer (ဆီးအိမ် ကင်ဆာ)

  14-Mar-2019
Preview Image

ဆီးခုံနေရာတွင် ရှိသော ပူဖောင်း ကဲ့သို့ ကျုံ့နိုင်ဆန့်နိုင်ပြီး ဆီးများကိုသိုလှောင်ထားနိုင်သော ကလီစာဖြစ်သည်။ ဆီးအိမ်ကင်ဆာဖြစ်လျှင် ဆီးအိမ်၏ အတွင်းနံရံဆဲလ်များမှ စ၍ ဖြစ်ပေါ်လာနိုင်သည်။ မည်သည့်အသက်အရွယ်တွင်မဆိုဖြစ်နိုင်သော်လည်း အများအားဖြင့် အသက်ကြီးသောသူများတွင်ပို၍ အဖြစ်များသည်။ ဆီးအိမ်ကင်ဆာဖြစ်သောသူများတွင် ရောဂါကို စောစီးစွာသိနိုင်ပြီး ကုသ၍ ရသော ကင်ဆာလည်းဖြစ်သည်။


လက္ခဏာများ

- ဆီးထဲတွင်သွေးပါခြင်း

- ဆီးမကြာခဏသွားခြင်း

- ဆီးသွားလျှင် နာကျင်ခြင်း

- ခါးနာခြင်း

- တင်ပါးဆုံနာခြင်း


ဖြစ်ပွားရသော အကြောင်းရင်းများ

ဆီးအိမ်ကင်ဆာဖြစ်ပွာစေသည့် အဓိက အကြောင်းအရင်းတိတိကျကျမရှိသော်လည်း ဆီးအိမ်နံရံတွင်ရှိသော ဆဲလ်များပုံမမှန်ပွားခြင်းကိုဖြစ်ပေါ်စေသည့် ဆေးလိပ်သောက်ခြင်း၊ ကပ်ပါးကောင်ရောဂါပိုးဝင်ခြင်း၊ ဓာတ်ရောင်ခြည်ထိခြင်း၊ ဓာတုပစ္စည်းများနှင့် ထိတွေ့သောကြောင့်ဖြစ်သည်။

အမျိုးအစားများ- Transitional cell carcinoma

Squamous cell carcinoma

Adenocarcinoma


ဖြစ်နိုင်ချေများသူများ

- ဆေးလိပ်သောက်ခြင်း

- အသက်ကြီးခြင်း

- အသားဖြူသူများ

- အမျိုးသားများ

- ဓာတုပစ္စည်းများနှင့်ထိတွေ့နေရသူများ

- ယခင် ကင်ဆာဆေးသွင်းဖူးသူများ

- မိဘမျိုးရိုးထဲတွင် ကင်ဆာရှိသူများ

- ဆီးချိုဆေးသောက်နေသူများ။ ဥပမာ- Pioglitazone , metformin

- ဆီးအိမ်မကြာခဏရောင်သူများ။ ဥပမာ- ကြာရှည်စွာ ဆီးပိုက်ထည့် ပြီးနောက်ရောင်ရမ်းခြင်း


စစ်ဆေးမှုများ

Cystoscopy- ဆီးအိမ်ကြည့်မှန်ပြောင်းဖြင့်ကြည့်ခြင်း

Biopsy- အသားစယူ၍ စစ်ဆေးခြင်း

Urine cytology - ဆီးစစ်ခြင်း

Imaging test- ပုံဖော်နည်းများဖြင့်စစ်ဆေးခြင်း။ ဓာတ်မှန်ရိုက်ခြင်း၊ ကွန်ပျူတာဓာတ်မှန်ရိုက်ခြင်း။

ဆီးအိမ်ကင်ဆာ အဆင့် သိစေရန် - အထက်ပါနည်းများဖြင့် ကင်ဆာဖြစ်မှန်းသေချာပြီဆိုပါက အဆင့်သိစေရန် ကွန်ပျူတာဓာတ်မှန်ရိုက်ခြင်း၊  သံလိုက်ဓာတ်မှန်ရိုက်ခြင်း၊ အရိုးဓာတ်မှန်ရိုက်ခြင်း၊ ရင်ဘတ်ဓာတ်မှန်ရိုက်ခြင်း။

ဆီးအိမ်ကင်ဆာအဆင့်ဆင့်

အဆင့် ၁- ဆီးအိမ်ကင်ဆာနံရံအတွင်းသားတွင်သာဖြစ်ခြင်း၊

အဆင့် ၂- အတွင်းသားတွင်သာမက ဆီးအိမ်ကြွက်သားများတွင်ပါ ဖြစ်ခြင်း

အဆင့် ၃- ဆီးအိမ်၏ ဘေးနားပတ်ဝန်းကျင် ကလီစာများပါဖြစ်ခြင်း

အဆင့် ၄- ကင်ဆာဆဲလ်များ ခန္ဓာကိုယ်အနှံ့ပျံ့ခြင်း


ကုသခြင်း

Surgery - ခွဲစိတ်ကုသခြင်း

Chemotherapy- ဆေးသွင်းကုသခြင်း

Radiotherapy- ဓာတ်ရောင်ခြည်ပေး၍ ကုသခြင်း


Ref: Mayo clinic

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18