Print

အသက်ကြီးမှအိမ်ထောင်ကျလို့ သားသမီးမရနိုင်တော့ဘူးလား

  27-Feb-2019
Preview Image

အမျိုးသမီးတွေ ၄ဝ နှစ်ဝန်းကျင်ရောက်လာတဲ့အချိန်ကို သွေးမဆုံးခင်အစောပိုင်း အချိန်တွေလို့ ဆိုလိုပါတယ်။ ဒီအချိန်မှာ အမျိုးသမီးတစ်ယောက်ရဲ့သားဥတွေဟာလဝ်း အသက်ကြီးလာပြီး သားဥကြွေရာမှာ အကူအဝီပေးနေတဲ့ အီစထရိုဂျင် ဟော်မုန်းပမာဏက လဝ်းစတင်ပြီး နဝ်းစပြုလာပါပြီ။ ဓမ္မတာ သွေးဆင်းတဲ့ဖြစ်စဉ်ကလဝ်း အရင်လိုပုံမှန်မဟုတ်တော့ဘဲ ရက်စောတာ၊ နောက်ကျတာ၊ ရာသီသွေးနဝ်းတာ၊ များတာတွေ ကြုံတွေ့လာရပါတယ်။

ဒါ့အပြင် တစ်ကိုယ်လုံးပူတာ၊ အေးတာတွေလဝ်း ခံစားရနိုင်ပါတယ်။ ဒီလို လက္ခဏာတွေ ဖြစ်ပေါ်နေတာကြောင့် သင်ကကိုယ်ဝန်မဆောင်နိုင်တော့ဘူး၊ ကလေးမရနိုင်တော့ဘူးလို ့တော့မယူဆလိုက်ပါနဲ့။ သင် ကလေးရနိုင်ပါသေးတယ်လို့ Dr.Greene ကပြောပါတယ်။ သွေးမဆုံးမီ အစောဆုံး လက္ခဏာတွေပြနေချိန်မှာ သင့်အနေနဲ ့သားသမီးလိုချင်သေးရင် သင့်မှာကြိုးစားဖို့အခွင့်အရေးတွေရှိနေပါသေးတယ်။ သင့်အနေနဲ့ ကြိုးစားကြဝ့်လို့မှ မအောင်မြင်ခဲ့ရင်တော့ သားဖွားမှးယပ် အထူးကုဆရာဝန်နဲ ့ တိုင်ပင်ဆွေးနွေးပြီး တိတိကျကျလိုက်နာဖို့လိုပါတယ်။ သင့်ရဲ့ဓမ္မတာလာတဲ့ဖြစ်စဉ်တွေကို ဆရာဝန်မေးမြန်းတဲ့အခါ တိတိကျကျ ပြောပြပါ။

သားဥဖြစ်ပေါ်အောင် အားပေးတဲ့ FSH ဟော်မုန်းပမာဏကို စစ်ဆေးပါမယ်။ အီစထရိုဂျင် ဟော်မုန်းနဲ့ ပရိုဂျက်စထရုန် ဟော်မုန်း ပမာဏတွေကို စစ်ဆေးပါမယ်။ (ဓမ္မတာလာပြီး နှစ်ရက်မြောက်နေ့၊ ဒါမှမဟုတ် သုံးရက်မြောက်နေ့မှစစ်ရင် ပိုမိုတိကျတဲ့အဖြေကို ရနိုင်ပါတယ်။) ဆီးချို၊ သွေးချိုရောဂါ၊ သိုင်းရွိုက်ဟော်မုန်း လျော့နဲတဲ့ ရောဂါတွေရှိ၊ မရှိ စစ်ဆေးပါမယ်။ သင့်ရဲ့သားဥကြွေရာနဲ့ သားမွေးလမ်းတစ်လျှောက်လုံး အလုံး၊ အကျိတ်၊ အဖုတွေရှိ၊ မရှိ စစ်ဆေးပါမယ်။ သင့်မှာကလေးမရနိုင်အောင်ပြောပ လောက်တဲ့ အချက်ရှာမတွေ့ခဲ့ရင်တော့ သင့်အမျိုးသားရဲ့သုတ်ပိုးအရေအတွက်ကိုစစ်ဆေးပါမယ်။ သင်လဲသွေးဆုံးချိန်မရောက်သေးဘူး၊ သင့်အမျိုးသားရဲ့ သုုတ်ကောင်အရေအတွက်ကလဝ်း ပုံမှန်ဖြစ်နေရင်တော့ ဆရာဝန်ကသင့်ကို ကုသမှုတွေစတင်ပါလိမ့်မယ်။ စစ်ဆေးမှုတွေရဲ့အဖြေပေါ်မူတဝ်ပြီး တစ်ဦးနဲ့တစ်ဦး ကုသမှုခံယူတဲ့ အပိုင်းတွေမတူဝီနိုင်ပါ။


Ref:  Original Writer


သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေးခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18