Print

Absence Seizures (မသိလိုက်မသိဘာသာ တက်ခြင်း)

  25-Feb-2019
Preview Image

မည်သူမျှ သတိမထားမိလိုက်သော အချိန်တိုလေးအတွင်းတွင် သတိလွတ်သွားခြင်းကို ဆိုလိုပါသည်။

 

လက္ခဏာများ

လူတစ်ယောက် တစ်နေရာကို စူးစိုက်ကြည့်နေခြင်းနှင့် ပုံစံဆင်တူသည်။ စက္ကန့်  ၁၀ မှ ၁၅ စက္ကန့်သာ ကြာမြင့်သည်။ အခြား အတက်ရောဂါများကဲ့သို့ ခေါင်းကိုက်ခြင်း၊ သတိလစ်ခြင်း၊ မှိန်းခြင်းတို့ မဖြစ်ပေါ်တတ်ပါ။

အတွေ့ရများသော ပုံစံများမှာ-

- မိမိပြုလုပ်နေသည့် ပုံစံအနေအထား ရပ်တန့်သွားခြင်း ဥပမာ- စကားပြောနေရင်း ရုတ်တရက် ရပ်တန့်သွားခြင်း။

- နှုတ်ခမ်းစုပ်ခြင်း

- မျက်တောင် တဖျတ်ဖျတ် ခတ်ခြင်း

- ပါးစပ်မှ တခုခုဝါးသည့် အမူအရာ ဖြစ်နေခြင်း

- လက်ပွတ်ခြင်း

- လက်လှုပ်ခြင်း

- ကလေးတစ်ယောက် အနေဖြင့် သင်ကြားရေးတွင် နှောင့်နှေးခြင်း၊ သင်ကြားရခက်ခြင်းတို့ ဖြစ်ပေါ်နိုင်ပါသည်။

 

ဖြစ်ပွားရသော အကြောင်းရင်းများ

 ဖြစ်စေသော အဓိက အကြောင်းရင်းမရှိပါ။ အချို့ကလေးများတွင် မွေးရာပါမျိုးရိုးဗီဇကြောင့် ဖြစ်ပွားနိုင်သည်။ အသက်ရှူမြန်ခြင်းသည်လည်း ပို၍ဆိုးစေသော အကြောင်းရင်းတွင် ပါဝင်သည်။ ယေဘုယျခြုံကြည့်လျှင် ခန္ဓာကိုယ်လှုပ်ရှားမှုကို ထိန်းချုပ်ပေးသည့် အာရုံကြောလေးများ ပုံမှန်နှင့်မတူဘဲ ပြောင်းလဲနေသည့်အတွက်ကြောင့် ဖြစ်သည်။

 

ဖြစ်နိုင်ချေများသူများ

- အသက် ၄ နှစ်နှင့် ၁၀နှစ်အတွင်းရှိ ကလေးများ

- အတက်ရောဂါ အတော်များများသည် ယောကျာ်းလေးတွင် အဖြစ်များသော်လည်း ယခုရောဂါသည် မိန်းကလေးများတွင်ပို၍ အဖြစ်များသည်။

- အဖျားကြီးတိုင်း တက်ဖူးသည့် ကလေးဖြစ်လျှင်

- မိဘမျိုးရိုးထဲတွင် အတက်ရောဂါရှိလျှင်

 

နောက်ဆက်တွဲ ပြဿနာများ

- ကလေးဘဝတွင် ရောဂါမပျောက်သွားဘဲ ကြီးသည်အထိ ဖြစ်တတ်ခြင်း

- အချို့သူများတွင် မသိလိုက်မသိဘာသာ တက်ခြင်းမှတဆင့် ပို၍ဆိုးသောအတက် ဖြစ်သွားခြင်း

- သင်ကြားရ ခက်ခဲခြင်း

- အပြုအမူ ပြောင်းလဲခြင်း

- ပတ်ဝန်းကျင် နှင့်ကင်းကွာခြင်း။

 

ဆရာဝန်နှင့် သွားရောက်ပြသသင့်သော အချက်များ

- အတက်ရောဂါရှိခြင်းကို စတင်သိရှိသည်နှင့် ပြသင့်သည်။.

- ပုံမှန်တက်နေသည့် ပုံစံနှင့်မတူဘဲ တက်လျှင်။

- ဆေးသောက်နေသော်လည်း အတက်မသက်သာဘဲ ဆက်၍ရှိနေလျှင်။

 

စစ်ဆေးမှုများ

Electroencephalography( EEG)- လျှစ်စစ်ဖြင့် ဦးနှောက်စမ်းသပ်ခြင်း။

Brain scan- CT scan, MRI scan - ဦးနှောက်ဓာတ်မှန် ရိုက်ခြင်း။

 

ကုသခြင်း

အတက်ကျဆေးများ ပုံမှန်သောက်သုံးရမည်။ အတက်သက်သာပြီးနောက် ၂ နှစ်အထိ ဆေးကိုတဖြည်းဖြည်း ဖြတ်သွားရန် လိုအပ်ပါသည်။ ထိုအရာများကို ဆရာဝန်မှ လိုအပ်သလို ညွှန်ကြားပါလိမ့်မည်။

 

Ref: Mayo clinic

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေးခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18