Print

ရေချိုးနည်း

  24-Feb-2019
Preview Image

-ရေချိုးတဲ့အခါ ခြေထောက်ကို အရင်ရေလောင်းပါ။
-တဖြေးဖြေး ဒူး၊ ပေါင်၊ ခါး လောင်းပြီးမှတကိုယ်လုံး ရေချိုးပါ၊...
-ရေအဆင့်ဆင့်လောင်းနေတုံး ပါးစပ်ထဲမှာ ရေငုံထားတာက ကိုယ်ခန္ဒာကို
ရေလောင်းလို့ ထွက်လာတဲ့ အပူခိုးတွေမျက်စိကိုမရောက်အောင်အကာကွယ်
ပြုတာပါ၊

-ခန္ဒာကိုယ်ကို အဆင့်ဆင့် ရေလောင်းနေတုံး ချမ်းစိမ့်စိမ့် ဖြစ်လာရင်ရေမချိုးပါနဲ့။
-ရေချိုးရင် ဖျားတာက အပူရှိလို့အပူငုတ် အပူရှပ်ချင်တာပါ။
-အပူထဲမှလာပြီး ချက်ချင်း ရေမချိုးပါနဲ့။
-ထမင်းစားပြီး ရေမချိုးသင့်ပါ။
-ရေမချိုးခင် ရေဝအောင် သောက်ပါ။
-ရေချိုးပြီးရင်ရေကို စင်အောင်သုတ်ပြီး ရေနွေးသောက်ပါ။”

ရေချိုးလို့ ရနိုင်တဲ့ ကောင်းကျိုးများ
ဆီးချိုရောဂါ ရှိနေသူတယောက်ဟာ နာရီဝက်ကြာရေချိုးတာ သွေးထဲက
သကြားဓါတ် ၁၃% လျှော့နည်းတယ်။ ရေနွေး ၃၂-၃၅ ဒီဂရီကို ချိုးရင် အရေပြားက အပေါက်လေးတွေကို ပွင့်စေပြီးအဆိပ်အတောက်တွေ ထွက် ကုန်မယ်။ ကြွက်သားနာ
တာ သက်သာမယ်၊ အူတွေ ပိုအလုပ်လုပ်နိုင်တယ်။ နေချိုးတာကို ၁ဝ-၂ဝ မိနစ်သာကြာ
ပါစေ။ရေအေး ၁၂-၁၈ ဒီဂရီကိုချိုးရင် စိတ်ဖိအားကျစေမယ်။ သွေးကြောလေးတွေကို ကျဉ်းစေလို့ သကြားဓါတ် တက်စေမယ်။ အင်ပြင် ထတာမျိုးကို Sodium bicarbonate
(ဆော်ဒါ) ပါ တဲ့ ရေချိုးရင် သက်သာတယ်၊ ပိုးတချို့ကိုလဲ သေစေမယ်။ ရေနွေးနဲ့ချိုး
တာဟာ တုပ်ကွေး၊ အအေးမိတာ သက်သာစေမယ်။နှင်းခူနာ သက်သာစေမယ်။
ရေအေးထဲမှာ ခြေထောက်ကို စိမ်ပေးရင် ကောင်းကောင်း အိပ်ပျော်စေတယ်။

Healthcare.com.mm

Ref;
ကျန်းမာရေး, ဗဟုသုတ 
ဖိုးသူတော်
Credit : From New England Journal of Medicine


သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေးခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18