Print

Zollinger Ellison syndrome /Gastrinoma (Gastrin ဟော်မုန်း ထွက်သည့် အလု...

  23-Feb-2019
Preview Image

အူလမ်းကြောင်းအတွင်းမည်သည့်နေရာတွင်မဆို တစ်လုံး သို့မဟုတ် တစ်လုံးထက်ပိုသော အလုံးများ ဖြစ်ပွားပြီး ၎င်းအလုံးအကျိတ်မှ Gastrin ဆိုသည့် ဟော်မုန်း ကိုထွက်စေကာ အစာအိမ်မှ အက်စစ်ထွက်မှုကိုအဆမတန်ပိုများစေပြီး အစာအိမ်အနာဖြစ်ခြင်းများကို ဖြစ်ပေါ်ခံစားရနိုင်ပါသည်။

 

လက္ခဏာများ

-ဗိုက်အောင့်ခြင်း

-ဝမ်းလျှောခြင်း

-ဗိုက်ထဲတွင် ပူပြီး နာခြင်း၊ အောင့်ခြင်း

-ပျို့အန်ခြင်း

-အူလမ်းကြောင်းအတွင်းသွေးထွက်ခြင်း

-ကိုယ်အလေးချိန်ကျသွားခြင်း

-အစားအသောက်ပျက်ခြင်း

 

ဖြစ်ပွားရသော အကြောင်းရင်းများ

Z-E syndrome ကိုဖြစ်စေသည့်အဓိက အကြောင်းရင်းမသိသေးပါ။

အချို့လူများတွင် မွေးရာပါဗီဇပြောင်းလဲမှုများနှင့်လည်း သက်ဆိုင်နိုင်ပါသည်။

 

ဖြစ်နိုင်ချေများသူများ

မိမိ၏ မျိုးရိုး ၊ ဆွေမျိုး၊ မောင်နှမသားချင်းထဲတွင် ၎င်းရောဂါရှိပါက မိမိတွင်လည်းဖြစ်ဖို့များပါသည်။

 

စစ်ဆေးမှုများ

-ဆရာဝန်မှ ရောဂါရာဇဝင်မေးမြန်းခြင်း

-သွေးစစ်ခြင်း - သွေးထဲတွင် gastrin ပမာဏစစ်ဆေးခြင်း

-အစာအိမ်မှန်ပြောင်းကြည့်ခြင်း

-ဓာတ်မှန်ရိုက်ခြင်း- CT scan, MRI scan ရိုက်၍အခြားရောဂါများနှင့်တွဲ၍ ရှိမရှိစစ်ဆေးခြင်း၊ ဥပမာ- pituitary and pancreatic tumor in MEN-1( Multiple endocrine neoplasia-1)

 

ကုသခြင်း

ကင်ဆာအလုံးအား ခွဲစိတ်နည်းဖြင့် ဖယ်ထုတ်ခြင်း- တစ်လုံးတည်းဖြစ်ပါက ခွဲစိတ်ရလွယ်ကူသော်လည်း များပြားစွာဖြစ်နေပါက (သို)့ အခြားနေရာများသို့ပျံ့နေပါက ခွဲစိတ်ရခက်ခဲပါသည်။

ထို့အပြင် အက်စစ်အထွက်များပြီး အစာအိမ်အနာဖြစ်ပေါ်နေမှုအတွက် အက်စစ်ပြေဆေး၊ အနာသက်သာဆေးများပေးကာ ကုသပေးရပါမယ်။

 

Dr.hp

 

Ref: Mayo clinic

 

 သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေးခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18