ကိုယ်ဝန်ဆောင်ချိန် တစ်နေ့ကို ခြောက်နာရီကျော်ထိုင်ခြင်းက မိခင်ကောကလေးကိ...
21-Feb-2019
ကိုယ်ဝန်ဆောင်စဉ်မှာ အထိုင်များတဲ့အမျိုးသမီးတွေအနေနဲ ့ ဗိုက်ထဲက ကလေးကိုထိခိုက်နိုင်ကြောင်း ကျွမ်းကျင်ပါရဂူတွေက သတိပေးပြောကြားလိုက်ပါတယ်။ Warwick ဆေးကျောင်းက ဆေးသုတေသနပညာရှင်တွေ ပြုလုပ်ခဲ့တဲ့ လေ့လာမှုအရ ကိုယ်ဝန် ၄လ၊ ၅လ၊ ၆လ ရှိပြီဖြစ်တဲ့ အမျိုးသမီးတွေအနေနဲ့တစ်နေ့ကို ခြောက်နာရီကျော် ထိုင်ခြင်းက ကိုယ်ဝန်ဆောင်စဉ်အတွင်းမှာ ကိုယ်အလေးချိန်တိုးခြင်းနဲ့ သွေးတိုးဆီးချိုတို့ရနိုင်ပြီး ဒီအခြေအနေတွေကြောင့် မွေးဖွားစဉ်မှာအခက်အခဲတွေ တွေ့နိုင်တယ်လို့ ဆိုပါတယ်။ နောက်ထပ်တွေ့ရှိမှုအရ စိတ်မချမ်းသာ၊ အားငယ်မှုခံစားနေရတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဟာ ပိုအထိုင်များတတ်ပြီး ကိုယ်အလေးချိန်တိုးမှုနဲ့ ကိုယ်ဝန်ဆောင်ချိန် ဆီးချိုရောဂါတွေ ရနိုင်ခြေ ပိုများပါတယ်။ အရင်ကဆီးချိုမရှိပါဘဲနဲ့ကိုယ်ဝန်ဆောင်ချိန်မှာမှ သွေးတွင်းသကြားဓာတ်မြင့်တက်ပြီး သွေးတိုးဖြစ်ပေါ်မှု Gestational diabetes ကြောင့် မီးဖွားစဉ်မှာ မီးဖွားချိန်ကြာမြင့်ခြင်း၊ မီးဖွားမည့်ဆဲဆဲ သန္ဓေသားအနေအထား မူမမှန်မှုစတဲ့ birth complications တွေ တွေ့စေနိုင်ပါတယ။ ဒါကြောင့်မို ့လို့ဒီအန္တရာယ်ကိုလျှော့ချနိုင်ဖို့ ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ အထိုင်လျော့ပေးဖို ့အရေးကြီးပါတယ်” လို့လေ့လာမှုကိုဦးဆောင်ခဲ့သူ Dr Nithya Sukumar က ပြောကြားခဲ့ပါတယ်။
Ref: ဖိုးသူတော်
Credit:Thit Htoo Lwin
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေးခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

