Print

Yeast Infection (Vaginal) (မိန်းမကိုယ် မှိုရောဂါ)

  20-Feb-2019
Preview Image

မိန်းမကိုယ် မှိုရောဂါဆိုသည်မှာ မိန်းမကိုယ်သို့ မှိုရောဂါပိုး ဝင်ရောက်ခြင်းကြောင့် မိန်းမကိုယ် ရောင်ရမ်းခြင်း၊ ပူခြင်း၊ ယားခြင်း၊ အဖြူဆင်းခြင်းတို့ကို ဖြစ်ပေါ်ခံစားရနိုင်ပါသည်။ ၎င်းရောဂါသည် လိင်မှတဆင့် ကူးစက်တတ်ရုံသာမက လိင်ဆက်ဆံမှု မရှိသောသူများတွင်လည်း ဖြစ်နိုင်ပါသည်။

 

လက္ခဏာများ

- မိန်းမကိုယ်အဝနှင့် အတွင်းမှ နီရဲပူ၍ ယားယံခြင်း

- နာကျင်ခြင်း (အထူးသဖြင့် လိင်ဆက်ဆံစဉ်နှင့် အပေါ့သွားစဉ်)

- မိန်းမကိုယ်တွင် အနီကွက်ထခြင်း

- အရည်ကျဲကျဲ အဖြူဆင်းခြင်း

- တစ်ခါတစ်ရံတွင် ဖြူဖြူပျစ်ပျစ် ဒိန်ချဉ်ဖတ်ကဲ့သို့ အဖြူဆင်းခြင်းများလည်း ဖြစ်ပေါ်ခံစားရနိုင်ပါသည်။

 

ဖြစ်ပွားရသော အကြောင်းရင်းများနှင့် ဖြစ်နိုင်ချေများသူများ

ပုံမှန်အားဖြင့် မိန်းမကိုယ်တွင် lactobacillus ဟုခေါ်သည့် ဘက်တီးရီးယားပိုးမွှားများမှ အက်စစ်ထုတ်ပေးပြီး အခြားရောဂါပိုးများမဝင်ရန် ကာကွယ်ပေးထားသည်။ အကြောင်းအမျိုးမျိုးကြောင့် အထူးသဖြင့် ပိုးသတ်ဆေးများ အသောက်များသောအခါ ထိုဘက်တီးရီးယားများ သေဆုံးနိုင်ပြီး အခြားမကောင်းသည့် ဘက်တီးရီးယား၊ မှိုရောဂါပိုးများ အလွယ်တကူ ဝင်ရောက်နိုင်သည်။ ထို့အပြင် -

- ကိုယ်ဝန်ဆောင် အမျိုးသမီးများ

- ဆီးချိုသွေးချိုရောဂါ ကောင်းကောင်းမထိန်းသူများ

- ခုခံအားဓာတ် အားနည်းသူများ

- တားဆေး (သို့) မိန်းမဟော်မုန်း အီစရိုဂျင် သုံးနေသူများ

 

စစ်ဆေးမှုများ

- ဆရာဝန်မှ ရောဂါရာဇဝင် မေးမြန်းခြင်း

- မိန်းမကိုယ်အောက်ပိုင်း စမ်းသပ်ခြင်း

- မိန်းမကိုယ်မှ ထွက်သော အရည်အားစစ်ဆေးခြင်း

 

ကုသခြင်း

Antifungal မှိုပိုးသတ်ဆေး သောက်ခြင်း၊ မိန်းမကိုယ်ထဲသို့ ဆေးတောင့်ထည့်ခြင်း၊ မှိုပိုးသတ်ဆေး လိမ်းခြင်းတို့ ပြုလုပ်ရမည်။  ထို့အပြင် Boric acid ဟုခေါ်သော မိန်းမကိုယ်ထဲထည့်ရသော ပိုးသတ်ဆေးကိုလည်း အသုံးပြုနိုင်သည်။  ဒိန်ချဉ်သောက်သုံးခြင်း (သို့) မိန်းမကိုယ်သို့ သုတ်လိမ်းပေးခြင်းသည်လည်း ရောဂါပျောက်ကင်းမှုကို အားပေးနိုင်သည်ဟု တွေ့ရှိထားကြသည်။

 

ကာကွယ်ခြင်း

- အတွင်းခံချည်သားဘောင်းဘီများ ဝတ်ရမည်။

- အလွန်ကျပ်သော ဘောင်းဘီ၊ စကပ်ဝတ်ခြင်းမှ ရှောင်ရှားရမည်။

- အဝတ်များစိုထားပါက ချက်ချင်းလဲလှယ်ရမည်။ ဥပမာ- မိုးရေစိုခြင်း၊ အားကစားပြုလုပ်ပြီး ချွေးစိုဝတ်များ။

- ရေအပူထဲတွင်ကြာရှည်စွာ စိမ်ခြင်း မပြုလုပ်ရန်။

- မလိုအပ်ဘဲ ပိုးသတ်ဆေးများသောက်ခြင်းမှ ရှောင်ရှားရန်။ ဥပမာ- နှာစေး၊ ဖျားနာရုံဖြင့် ပိုးသတ်ဆေးသောက်ခြင်း။

 

Dr.hp

Ref: Mayo clinic

 သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေးခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။

 

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18