Print

လေဖြတ်ခြင်း

  20-Feb-2019
Preview Image

၁။ F.A.S.T ကိုသတိရပါ။ Face မျက်နှာတစ်ခြမ်းတွင် အားနည်းမှုရှိနေပါသလား၊ Arms လက်မြှောက် ခိုင်း၍ ရပါသလား? Speech ၎င်းတို့ပြောသောစကားကို နားလည်ပါသလား။  Time နီးစပ်ရာဆေးရုံ၊ ဆေးပေးခန်းများသို့ အမြန်ဆုံးပို့ဆောင်ပေးပါ။ လေဖြတ်ခြင်းသည် ဦးနှောက်ကို ထောက်ပံ့ပေးသော သွေးများပြတ်တောက် သွားခြင်းကြောင့် ဖြစ်ပေါ်တတ်ပါသည်။ ထိုအခါတွင် ဦးနှောက်အစိတ်အပိုင်းများ ပျက်စီးလာမည်၊ ထိုမှတစ်ဆင့် ခန္ဓာကိုယ်၏ လုပ်ငန်းဆောင်တာများ၊ စကားပြောနှုန်းများနှင့် အမြင်အာရုံများကို ထိခိုက်စေနိုင်ပါသည်။


၂။ နီးစပ်ရာဆေးရုံ၊ ဆေးပေးခန်းသို့ အမြန်ဆုံးပို့ဆောင်ပေးပါ။ လေဖြတ်လျှင် ချက်ချင်းကုသရန် လိုအပ်ပါသည်။ ဆေးကုသခြင်းမြန်လေလေ အမြန်ဆုံးသက် သာနိုင်လေလေဖြစ်သည်။

၃။ လူနာတင်ကားစောင့်ဆိုင်းနေစဉ် လူနာအား အားပေးစကားပြောနေပါ။

လေဖြတ်နေသောလူများတွင် အခြားမည်သည့်လက္ခဏာများ ရှိပါသေးသနည်း။
အခြားရောဂါလက္ခဏာများမှာ သွားရည်ကျခြင်း၊ ထုံကျင်ခြင်း၊ အမြင်အာရုံေ၀ဝါးခြင်း၊ ရုတ်တရက်ပြင်းပြင်းထန်ထန် ခေါင်းကိုက်ခြင်း၊ ဟန်ချက်မညီခြင်း၊ မူးခြင်း၊ အခြားသူများ နားလည်အောင် စကားကိုပီသစွာမပြောနိုင်ခြင်း တို့ဖြစ်သည်။

လူနာသည် ကြောက်လန့်နေပါက (သို့) စိုးရိမ်နေပါက မည်ကဲ့သို့ ပြူလုပ်ရမည်နည်း။
ပထမဦးစွာ သင့်စိတ်ကို ငြိမ်အောင်ထားပါ။ စိတ်ငြိမ်မှသာလျှင် လေဖြတ်နေသောလူနာအား မည်ကဲ့သို့ကူညီရမည်ကို ပို၍စဉ်းစားနိုင်မည်။ အကူအညီရောက်မလာခင် အချိန်တွင်လူနာအား လှဲနေစေပြီး အားပေးစကားပြောနေပေးပါ။

လူနာပြောသောစကားကို နားမလည်ခဲ့ပါက မည်ကဲ့သို့ပြုလုပ်ရမည်နည်း။
လေဖြတ်နေသော လူများပြောသောစကားကို နားလည်နိုင်ရန် ခက်ခဲပါလိမ့်မည်။ သို့သော် သင်ပြောသောစကားကိုမူ ၎င်းတို့က နားလည်နိုင်စွမ်းရှိပါသည်။ ထို့ကြောင့် အကူအညီများလာနေသည်ကို ဖြည်းဖြည်းချင်း နားလည်အောင်ပြောပြပြီး အားပေးစကားပြောနေပေးပါ။ လေဖြတ်ပြီဆိုပါက ခေါင်းငိုက်စိုက်ကျခြင်း၊ လက်များအောက်သို့ တွဲလောင်းကျထားခြင်း၊ စကားကို ဗလုံးဗထွေးပြောဆိုခြင်း ကဲ့သို့သောလက္ခဏာများ ပေါ်ပေါက်လာရသနည်း။
လေဖြတ်ခြင်းသည် ဦးနှောက်ကို ထောက်ပံ့ပေးသော သွေးပြတ်တောက်သွားခြင်းကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ဦးနှောက်ဆဲလ်များ သေကြေပျက်စီးလာပြီးခန္ဓာကိုယ်လှုပ်ရှားမှုကို ထိခိုက်စေနိုင်ပါသည်။ ထိုကဲ့သို့ ဆဲလ်များပျက်စီးခြင်းသည် မျက်နှာနှင့် ခြေလက်အကြောများကို ထိခိုက်စေနိုင်ပါသည်။ တစ်ခါတစ်ရံတွင် ကိုယ်တစ်ခြမ်းတည်း လေဖြတ်နိုင်သည်။

မည်သည့်အတွက်ကြောင့် ခန္ဓာကိုယ်တစ်ခြမ်းတည်း လေဖြတ်ပါသနည်း။

ဦးနှောက်တစ်ခြမ်းစီသည် ခန္ဓာကိုယ်တစ်ခြမ်းစီကို ထိန်းချုပ်ထားသည်။ သွေးပြတ်တောက်ခြင်း ဖြစ်စဉ်တွင် ဦးနှောက်တစ်ခြမ်းတွင်သာလျှင်ဖြစ်၍ ခန္ဓာကိုယ်တစ်ခြမ်းကိုသာ ထိခိုက်စေနိုင်ပါသည်။ လူအများစုတွင် စကားပြောခြင်းကို ထိန်းချုပ်ထားသောနေရာသည် ဦးနှောက်၏ ဘယ်ဘတ်တစ်ခြမ်း တွင်ရှိပြီး ခန္ဓာကိုယ်လှုပ်ရှားမှုကိုများကို ထိန်းချုပ်ထားသောနေရာသည် ညာဘတ်တစ်ခြမ်းတွင်ရှိသည်။ လေဖြတ်ခြင်းတွင် ညာဘတ်လက်လှုပ်ရှား၍ မရခြင်းနှင့် စကားမပြောနိုင်ခြင်းတို့ အဖြစ်များပါသည်။

Ref: မြန်မာနိုင်ငံကြက်ခြေနီအသင်း

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေးခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18