Print

အရိုးကျိုးခြင်း

  19-Feb-2019
Preview Image

၁။ မလိုအပ်ဘဲ မလှုပ်ရှားစေရန် အဝတ်စ၊ ကူရှင်နှင့်လူနာလက် စသည်တို့ကို အသုံးပြုပြီး ငြိမ်အောင် ထိန်းထားပေးပါ။ ထိခိုက်ဒဏ်ရာကို ငြိမ်အောင်ထိန်းထားခြင်းသည်။ နာကျင်မှုကို သက်သာစေနိုင်ပြီး ဒဏ်ရာကို ပိုဆိုးခြင်းမှ ကာကွယ်နိုင်ပါသည်။

၂။ ပုံပန်းပျက်သည်အထိ ထိခိုက်ဒဏ်ရာရရှိပါက ပြင်းထန်စွာ နာကျင်မှုရှိမည်ဖြစ်သည်။ နီးစပ်ရာဆေးရုံ၊ ဆေးပေးခန်းသို့ အမြန်ဆုံးပို့ဆောင်ပါ။

၃။ အကူအညီရသည်အထိ ထိခိုက်ဒဏ်ရာရရှိသည့် နေရာကို ငြိမ်အောင် ထိန်းထားပါ။
အရိုးကျိုးသွားသည်ဟု သင်မည်သို့ သိရှိနိုင်သနည်း။ အရိုးကျိုးသွားပါက အညိုအမင်းစွဲခြင်း၊ နာကျင်ခြင်း၊ ယောင်ယမ်းခြင်း၊ (သို့) ပုံမှန်မဟုတ်သော အနေအထားဖြင့်လည်း တွေ့နိုင်ပါသည်။ ဒဏ်ရာပြင်းထန်ပါက ခြေ၊ လက်များ ပုံသဏ္ဍာန်ပြောင်းလဲခြင်း၊ (သို့) အရိုးသည်ငေါထွက်နေပြီး အပွင့်ကျိုးခြင်းဖြစ်နိုင်ပါသည်။

အရိုးကျိုးခြင်းကို မည်ကဲ့သို့ ကိုင်တွယ်ပြုစုသင့်သနည်း။
မလိုအပ်ဘဲ မလှုပ်ရှားစေရန် ဒဏ်ရာကို နှုးညံသောအခုအခံ (ဥပမာ အဝတ်စ၊ စောင်) နှင့် ပတ် ထားပေးပါ။ အလွန်အမင်း ဖိနှိပ်ထားခြင်းမပြုရပါ။ အကူအညီရောက်လာသည်အထိ ဆက်လက်ငြိမ်အောင် ထိန်းထားပါ။

လူနာက ဒဏ်ရာကိုကိုင်တွယ်ပြုစုခွင့်မပေးပါက မည်သို့ဆောင်ရွက်သင့်ပါသနည်း။
၎င်းကိုယ်တိုင် ဒဏ်ရာကို ငြိမ်သက်အောင် ကိုင်တွယ်ထားရန် တိုက်တွန်းပါ။ ကူရှင်(သို့) ပတ် တီးကို အသုံးပြုနိုင်ပါသည်။

အရိုးသည် ပုံမှန်အနေအထားမဟုတ်ဘဲ လွဲနေပါက ပုံမှန်ပြန်ဖြစ်စေရန် မည်ကဲ့သို့  ပြုစုမည်နည်း။
မိမိက ပြန်တည့်ပေးရန်မလိုပါ။ ထိုသို့ပြုလုပ်ပါက ဒဏ်ရာပိုမိုဆိုးရွား သွားနိုင်ပါသည်။ အခြေအနေသည် မဆိုးရွားဘဲ အညိုအမဲစွဲသည့် ဒဏ်ရာရရှိပါက မည်ကဲ့သို့ ပြုစုမည်နည်း။ ဒဏ်ရာရရှိခြင်းအကြောင်းအရင်းကို ရှာဖွေဖော်ထုတ်ပါ။ (ဥပမာ- အမြင့်တစ်နေရာရာမှ ပြုတ်ကျခြင်း) ဒဏ်ရာဖြစ်စေသော အကြောင်းအရင်းကိုသိပါက အရိုးကျိုးသောနေရာကို ခန့်မှန်းနိုင်မည် ဖြစ်သည်။ သို့သော် ထိုနည်းလမ်းသည် ဓာတ်မှန်ရိုက်ကြည့်ခြင်းကဲ့သို့ အတိအကျခန်းမှန်းနိုင်မည် မဟုတ်ပါ။ သံသယရှိပါက နီးစပ်ရာဆေးရုံ၊ ဆေးခန်းတွင် ပြသတိုင်ပင်ပါ။ ခြေလက်များ လှုပ်ရှားနိုင်ပြီး မတ်တပ်ရပ်နိုင်လျှင် အရိုးမကျိုးဘူးဟု ယူဆနိုင်ပါသလား။ အရိုးမကျိုးဟု အမြဲတမ်းမယူဆနိုင်ပါ။ အရိုးကျိုးနေသော်လည်း ခြေလက်များလှုပ်ရှားနိုင်ကောင်း လှုပ်ရှားနိုင်ပါသည်း။ အရိုးကျိုး၊ မကျိုးသိရှိရန် စစ်ဆေးနိုင်ပါသည်။ ဒဏ်ရာနာကျင်မှုရှိပြီး ရောဂါလက္ခဏာများ မသက်သာပါက
ဆေးအကူအညီရယူပါ။

Ref: မြန်မာနိုင်ငံကြက်ခြေနီအသင်း

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေးခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18