Print

ကလေးတွေကို classical ဂီတပေးနားထောင်ရင် စိတ်စွမ်းအားပိုင်းဆိုင်ရာ တိုးတ...

  16-Feb-2019
Preview Image

ကလေးတွေကို classical ဂီတပေးနားထောင်ရင် သူတို့ရဲ့ လူမှုဆက်ဆံရေး အစွမ်းအစအပါအဝင် အာရုံစူးစိုက်နိုင်မှု၊ တည်ကြည်မှုနဲ့ အကြားစွမ်းရည်တွေ တိုးမြင့်လာတယ်လို့ မကြာသေးမီ လေ့လာမှုတစ်ရပ်က ဆိုပါတယ်။ Beethoven နဲ့ Mendelssohn တို့ရဲ့ classical ဂီတတွေလိုမျိုးပေါ့။

အစည်းအဝေးတွေနဲ့ စာသင်ခန်းတွေထဲမှာ ကလေးတွေအတွက် သီချင်းနားထောင်ချိန် သတ်မှတ်ဆောင်ရွက်ပေးလိုက်ပြီး လန်ဒန်တက္ကသိုလ်၊ ပညာရေးတက္ကသိုလ်က လေ့လာဆန်းစစ်ခဲ့ကြပါတယ်။

Classical ဂီတတွေကို နားထောင်တဲ့ တပည့်ကျောင်းသားတွေဟာ အကြားစွမ်းရည်၊ ဂီတဆိုင်ရာ ဗဟုသုတ၊ ရည်မှန်းချက်တွေနဲ့ အင်္ဂလိပ်စာအတွက် တချို့အပိုင်း စတာတွေမှာ တိုးတက်ကောင်းမွန်လာတာကို တွေ့ရတယ်လို့ ဆရာ၊ဆရာမတွေက ပြောပါတယ်။

Beethoven နဲ့ Mozart တို့လို သီချင်းနားထောင်တဲ့ ကလေးတွေဟာ နောင်နှစ်တွေမှာ သီချင်းအမျိုးအစားတွေကို ပိုပြီးကျယ်ကျယ်ပြန့်ပြန့် လက်ခံနား ထောင်လာနိုင်ပါတယ်။ Classical ဂီတကို နားထောင်တဲ့ ၁၀နှစ်အရွယ် ကျောင်းသား
တွေဟာ အင်္ဂလိပ်စာ တိုးတက်လာတာကို တွေ့ရပါတယ်။ ဂီတပညာရှင်တွေမှာ  ထက်မြက်တဲ့စိတ် ရှိပြီး စိတ်ပိုင်းဆိုင်ရာ ဝေဒနာခံစားရခဲ ပါတယ်။စန္ဒယား၊ တယော စတဲ့ ဂီတတူရိယာတစ်မျိုးမျိုးကို ကျွမ်းကျင်တတ်မြောက်တဲ့သူတွေဟာ အမှားမြင်လွယ်ပြီး မြန်မြန်အမှန် ပြင်နိုင်စွမ်း ရှိတယ်လို့ နောက်ထပ်လေ့လာမှု တစ်ရပ်ကဆိုထားပါတယ်။ 

Ref: 
ဖိုးသူတော် (www.phothutaw.com)
Credit : Trend Myanmar
ကျန်းမာရေး, ဗဟုသုတ

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေးခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18