Print

အမျိုးသားများတွင် တက်စထရိုစတီရုန်းဟော်မုန်းအားနည်းခြင်းကို ကုသရန်နည်းလ...

  12-Feb-2019
Preview Image

ဟော်မုန်းအစားထိုးခြင်း
ဟော်မုန်းအစားထိုးကုသဖို့ လိုအပ်ပါက ဆရာဝန်ကသင့်ကိုညွန်ကြားမှာဖြစ်ပါတယ်။ လေ့လာမှုတချို့မှာ အမျိုးသားတွေရဲ့ ကြွက်သားတွေသန်မာဖို့၊ အရိုးတွေကိုကာကွယ်ဖို့ နဲ့ လိင်ပိုင်းဆိုင်ရာ စွမ်းအားတွေ ရရှိဖို့ ဟော်မုန်းအစားထိုးကုထုံးကို လိုအပ်ပါက ဆရာဝန်တွေ ညွန်ကြားပေးတတ်ပါတယ်။ 

ထိုးဆေးအသုံးပြုခြင်း

အက်စထရိုစတီရုန်းဟော်မုန်းက ဈေးကွက်ထဲမှာ ဂျယ်ပုံစံ၊ ကပ်ခွာ၊ ဆေးပြား စတဲ့ပုံစံမျိုးစုံရှိပါတယ်။ ထိုးဆေးက အနည်းငယ်နာကျင်နိုင်ပေမယ့် ငွေကုန်ကြေးကျ သက်သာပါတယ်။ ဆရာဝန်ညွန်ကြားချက်အတိုင်း သုံးစွဲရမှာဖြစ်ပြီး ဆေးတစ်ကြိမ်ထိုးတာနှင့် တစ်ကြိမ်ကြားမှာ ဟော်မုန်းအတက်အကျ ပြောင်းလဲမှုခံစားရပါတယ်။

ဂျယ် သို့မဟုတ် ကပ်ခွာ
အရေပြားပေါ်တိုက်ရိုက် အသုံးပြုရတာတွေပါ။ ဟော်မုန်းတွေအရေပြားကို ဖြတ်ပြီးသွေးကြောထဲကို တဖြည်းဖြည်း စိမ့်ဝင်သွားပါတယ်။ ဟော်မုန်းပမာဏကို ပုံမှန်ရအောင်ထိမ်းထားဖို့အတွက် နေ့စဉ်လိမ်းပေးတာ၊ ကပ်ပေးတာတွေ ပြုလုပ်ရကြောင့် အရေအပြားယားယံတာ၊ နီရဲတာ၊ အရည်ကြည်ဖုဖြစ်တာ စတာတွေခံစားရနိုင်ပါတယ်။ အမျိုးသမီးတွေတွေနဲ့ ကလေးငယ်တွေရဲ့ အရေပြားနဲ့ မထိတွေ့သင့်ပါ။

ဆေးပြား
ဆေးပြားက ခံတွင်းမှာ ငုံရတဲ့ဆေးပြားဖြစ်ပြီး ၁၂ နာရီတစ်ကြိမ် ငုံပေးရမှာဖြစ်ပါတယ်။ ဆေးပြားက တဖြည်းဖြည်းပျော်ဝင်ပြီး ဟော်မုန်းတွေထွက်လာမှာဖြစ်ပါတယ်။ ဆေးပြားကအနည်းငယ်ခါးသက်တဲ့ အာနိသင်ရှိပြီး ခံတွင်းအတွင်းယားယံစေတာ၊ သွားဖုံးတွေတင်းတာ၊ ခေါင်းကိုက်တာ စတဲ့ဘေးထွက်ဆိုးကျိုးတွေကို ခံစားရနိုင်ပါတယ်။ ခဏတာခံစားရပြီး ပြန်ေကောင်သွားနိုင်ပါတယ်။ ဆေးငုံးထားစဉ်မှာအစာစားတာ၊ အရည်သောက်တာ၊ အမျိုးသမီးနဲ့ ကလေးငယ်တို့ကို အနမ်းပေးတာတွေ ပြုလုပ်နိုင်ပါတယ်။

ဟော်မုန်းကုသမှုကြောင့် ဖြစ်ပေါ်နိုင်သော ဘေးထွက်ဆိုကျိုးများ
ဟော်မုန်းကုသမှုကြောင့် ဖြစ်ပေါ်နိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေကို အမျိုးသားအများစုမှာ ခံစားရနိုင်ပါတယ်။
- သွေးနီဥဆဲလ် များပြားခြင်း
- ညဘက် အိပ်မပျော်ခြင်း
- ဆီးကျိတ်ကြီးခြင်း
- ဝက်ခြံထွက်ခြင်း
ဟော်မုန်းကုသမှုနဲ့ ပတ်သက်တဲ့သုတေသနတွေကို များစွာပြုလုပ်ခဲ့ပေမယ့် ကောင်းကျိုး၊ ဆိုးကျိုးတွေအတွက် ပြည့်စုံတဲ့အဖြေကိုတော့ ဒီနေ့အထိ ကောက်ချက်မချနိုင်ပါ။ ဆီးကျိတ်ကင်ဆာဖြစ်ခြင်း တက်စထရိုစတီရုန်းဟော်မုန်းကို ကြာရှည်အသုံးပြုတဲ့ သက်ကြီးအမျိုးသားတွေမှာ ဆီးကျိတ်ကင်ဆာ ဖြစ်ပွားနိုင်ခြေရှိတယ်လို့ ပညာရှင်တွေက စိုးရိမ်မှုရှိပါတယ်။ ဒါကြောင့် အက်စထရိုစတီရုန်းနဲ့ ကုသမှုခံယူနေသူတွေအနေနဲ့ ဆီးကျိတ်ကင်ဆာနဲ့ ပတ်သက်တဲ့ရောဂါလက္ခဏာတွေ ရှိတယ်လို့သံသယရှိပါက ဆရာဝန်နှင်ပြသပြီး စစ်ဆေးမှုခံယူဖို့လိုပါတယ်။

Ref:
အလင်း (ဆေးဝါး)
Arogyam Magazine 
No.277, Pg.189-193,August.2015



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18