Print

ဝမ်းလျှောလျှင်

  08-Feb-2019
Preview Image

ဝမ်းလျှောလျှင် ဝမ်းပိတ်ဆေးသောက်ခြင်းသည်မကောင်းပါ။ ဝမ်းထဲရှိ မသန့်သောအညစ်အကြေးများ အကုန်အစင်မထွက်နိုင်ဘဲ ပိုးများပိုမို ပေါက်ပွားစေနိုင်ပါသည်။ 

- ဝမ်းလျှောလျှင် ကုန်ဆုံးသောရေဓာတ်အလျောက် ဓာတ်ဆားရေကို ပြန်လည်ဖြည့်သွင်းပေးရပါသည်။ 

- မြန်မာနိုင်ငံတွင် ရရှိနိုင်သော MPF ဓာတ်ဆာတစ်ထုပ်ကို ရေသန့်ဘူးတစ်ဗူးဖြင့် ဖျော်၍ ရေဓာတ်ကုန်ဆုံးသလောက် များများသောက်သင့်ပါသည်။

- ORS ( oral rehydration solution) မရရှိပါက အုန်းရည်ကိုလည်း အစားထိုးနိုင်ပါသည်။ 

- ကလေးများဝမ်းလျှောလျှင် ဆေးခန်းပြသင့်ပါသည်။

- ဝမ်းလျှောရာ မရပ်တန့်ခြင်း၊ ဖျားခြင်း၊ အန်ခြင်းနှင့် ဝမ်းကိုက်ခြင်းများရှိပါက ဆေးရုံ၊ ဆေးခန်းသို့ သွားရောက်ပြသသင့်ပါသည်။

- ဝမ်းလျှောရာတွင် ဆန်ဆေးရည်ကဲ့သို့ အရောင်အဆင်းရှိခြင်း၊ ငါးညှီနံ့ရှိခြင်း၊ အဆက်မပြတ်လျှောခြင်းများရှိပါက ကာလဝမ်းရောဂါနှင့် ဆင်တူ၍ အမြန်ဆုံးဆေးရုံတွင်ကုသမှုခံယူသင့်ပါသည်။ 

- သာမန်ဝမ်းလျှောခြင်းများတွင် ORS ဓာတ်ဆားရည် သောက်သုံးခြင်းတစ်ခုတည်းဖြင့် အလိုလိုပြန်လည်ကောင်းမွန်နိုင်ပါသည်။ 

- ORS ဓာတ်ဆားရည်ကို အခြားသော ရေဓာတ်ဆုံးရှုံးသည့် အချိန်အခါ (ပူပြင်း၍ ချွေးအလွန်အမင်း ထွက်သောအခါ) များတွင်လည်း သောက်သုံးနိုင်ပါသည်။

ရှောင်ကြဉ်ရန်
ချိုသောအစားအစာ၊ ဖျော်ရည်၊ ဂက်စ်ပါသော ဖျော်ရည်၊ သံဗူး၊ ကော်ဖီ၊ အသုတ်များ၊ အပူအစပ်များ စားသောက်ခြင်းကို ဝမ်းလျှောနေစဉ်ရှောင်ကြဉ်ပါ။

- ပူနွေးသော စွတ်ပြုတ်၊ ထမင်းပူပူပျော့ပျော့နှင့် အချိုမပါသော လက်ဖက်ရည်တို့ကို သောက်သုံးနိုင်ပါသည်။


Ref: ရှေးဦးသူနာပြု

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေးခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18