Print

ဆေးလိပ်ငွေ့တစ်ဆင့်ရှူရှိုက်ခြင်းက ဆီးချိုရောဂါအမျိုးအစား ၂ ဖြစ်နိုင်ခြ...

  08-Feb-2019
Preview Image

ဆေးလိပ်သောက်သူတစ်ယောက်နဲ့အတူနေထိုင်ခြင်းက သင်ကိုယ်တိုင် ဆေးလိပ်မသောက်သည့်တိုင် ဆီးချိုအမျိုးအစား ၂ ကို ရစေနိုင်ကြောင်း လေ့လာတွေ့ရှိမှု အသစ်တစ်ခုအရ သိရှိရပါတယ်။ ဆေးလိပ်မီးခိုးငွေ့တွေကို ရှူရှိုက်ခြင်းက အဆိုပါရောဂါ ရရှိမှုနဲ့ဆက်စပ်နေကြောင်း လူပေါင်းခြောက်သန်းနီးပါးကို ဆန်းစစ်ခဲ့တဲ့ လေ့လာမှုပေါင်း ၈၈ ခု ရဲ့ အချက်အလက်တွေကို ထုတ်ယူလေ့လာပြီးနောက် တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။ ဆေးလိပ်သောက်ခြင်းဟာ ကင်ဆာ၊ အသက်ရှူလမ်းကြောင်းဆိုင် ရာရောဂါနဲ့နှလုံးရောဂါတွေကို ရနိုင်ကြောင်း အထောက်အထားတွေ များပေမယ့် ဆီးချိုအမျိုးအစား ၂ နဲ့ပတ်သက်ပြီး အထောက်အထားတွေကိုတော့ ပြသနိုင်မှုပိုင်းမှာ နည်းပါးခဲ့ပါတယ်။ ဒါပေမယ့် ယခုလေ့လာမှုအသစ်ကတော့ တစ်ကမ္ဘာလုံးက ဆီးချိုဖြစ်ပွားမှု ၂၈ သန်းလောက်ဟာ ဆေးလိပ်သောက်မှုကြောင့် အဓိကဖြစ်နိုင်တယ် လို့ဆိုပါတယ်။

The Lancet Diabetes & Endrocrinology ဂျာနယ်မှာ ဖော်ပြခဲ့တဲ့ လေ့လာမှုမှာ ဆေးလိပ်သောက်သုံးသူတွေဟာ လုံးဝမသောက်ဖူးတဲ့ သူတွေနဲ့ယှဉ်ရင် ဆီးချိုဖြစ်နိုင်ခြေ ၃၇ ရာခိုင်နှုန်း မြင့်တက်နေကြောင်း တွေ့ရှိခဲ့ရပါတယ်။ ဆေးလိပ်ဖြတ်ပြီး တဲ့လူတွေမှာတော့၊ ဆီးချိုဖြစ်နိုင်ခြေက ပြန်ကျသွားပြီး ၁၄ ရာခိုင်နှုန်းသာရှိတော့ကာ ဆေးလိပ်ငွေ့တဆင့် ရှုရှိုက်ရသူတွေကတော့ ၂၂ ရာခိုင်နှုန်း နဲ့စိုးရိမ်ဖွယ်ရာအဆင့်မှာ ရှိပါတယ်။ လက်ရှိဆေးလိပ်သောက်နေသူတွေအနေနဲ့ တစ်နေ့တစ်လိပ်နှစ်လိပ်သာ သောက်တတ်သူတွေဟာ ဆီးချိုဖြစ်နိုင်ခြေ ၂၁ ရာခိုင်နှုန်းပိုများပြီး၊ အသင့်အတင့်သောက်သူတွေက ၃၄ ရာခိုင်နှုန်းနဲ့အလွန်အကျွံ ဆေးလိပ်သောက်သူတွေကတော့ ၅၇ ရာခိုင်နှုန်းပိုများပါတယ်။ ဆေးလိပ်မသောက်သုံးရ နေရာတွေ သတ်မှတ်ပေးခြင်းက ဆေးလိပ်မသောက်သူတွေကို ကာကွယ်မှုပေးနိုင်သလို၊ ဆေးလိပ်သောက်သူတွေအနေနဲ လည်းဆေးလိပ်အောင်မြင်စွာဖြတ်နိုင်မှု ပိုများလာနိုင်တယ်လို့ ဆိုပါတယ်။

Ref:
Ye Wint
Thithtoolwin.com
Monday.September28.2015
Source: 
Mirror

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေးခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18