Print

Whipple’s Disease

  15-Feb-2019
Preview Image

 Whipple’s Disease သည် ဘက်တီးရီးယားကြောင့်ဖြစ်ပြီး အစာအိမ်နှင့် အူလမ်းကြောင်းကိုထိသော ရှားပါးသော ရောဂါတစ်မျိုး ဖြစ်သည်။ အစာဖြိုခွဲစနစ်ကို ကမောက်ကမ ဖြစ်စေခြင်း၊ အာဟာရ စုပ်ယူမှုကို နည်းစေခြင်းဖြင့် အစာချေစနစ်ကို ဝင်ရောက်နှောင့်ယှက်သည်။ Whipple’s Disease သည် တခြား ခန္ဓာကိုယ် အစိတ်အပိုင်းများဖြစ်သော ဦးနှောက်၊ နှလုံး၊ အဆစ်များနှင့် မျက်လုံးများတွင်လည်းဖြစ်နိုင်သည်။

 

လက္ခဏာများ

Whipple’s Disease ရောဂါဖြစ်ပွားလျှင် တွေ့ရများသော လက္ခဏာများဖြစ်သော

. ဝမ်းလျှောခြင်း

. ဗိုက်အောင့်ခြင်း (အစာစားပြီးချိန်တွင် ပိုဆိုးနိုင်)

. ကိုယ်အလေးချိန် ကျဆင်းလာခြင်း

. အဆစ်များ ရောင်ရမ်းခြင်း ( ခြေချင်းဝတ်၊ ဒူးခေါင်းနှင့် လက်ကောက်ဝတ်များ)

. ပင်ပန်းနွမ်းနယ်ခြင်း

. အားမရှိခြင်း

. သွေးအားနည်းခြင်းတို့ ဖြစ်တတ်ပါသည်။ တခြား တွေ့ရနည်းသော လက္ခဏာများမှာ

. ဖျားခြင်း

. ချောင်းဆိုးခြင်း

. အကျိတ်များကြီးခြင်း

. နေရောင်နှင့် ထိတွေ့ဖန်များသော အရေပြားပေါ်တွင် ညိုမဲလာခြင်း

. ရင်ဘတ်အောင့်ခြင်းနှင့်

. ဘေလုံးကြီးလာခြင်းတို့ဖြစ်သည်။

 

 တခြား အာရုံကြော လက္ခဏာများအနေဖြင့်

. လမ်းလျှောက်ရာတွင် ခက်ခဲခြင်း

. မျက်လုံး လှုပ်ရှားမှုကို မထိန်းချုပ်နိုင်ခြင်း

. တွေဝေခြင်းနှင့်

. မှတ်ဉာဏ် ချို့ယွင်းခြင်း အစရှိသည်တို့ဖြစ်နိုင်သည်။

 

ဖြစ်ပွားရသောအကြောင်းရင်းများ

      Whipple’s Disease သည် Tropheryma whipplei ဟုခေါ်သော ဘက်တီးရီးယားကြောင့်ဖြစ်ပြီး အူသိမ်တွင်ရှိသော အမွေးနှင့်တူသောအတွန့်များအား သွားဖျက်ဆီးခြင်းကြောင့် ရောဂါဖြစ်လာရခြင်းဖြစ်သည်။ Whipple’s Disease သည် အလွန်ရှားပါးသော ရောဂါဖြစ်ပြီး လူ ၁ သန်းတွင် ၁ ယောက်အောက်သာ ဖြစ်နိုင်သည်။

 

ဖြစ်နိုင်ချေများသူများ

      မည်သူများတွင် ဖြစ်နိုင်သည်ကို အတိအကျ မသိရှိကြသေးသော်လည်း

-      အမျိုးသားများ

-      ၄၀ - ၆၀ နှစ်ကြား

-      ရေဆိုးရေညစ်များနှင့် မကြာခဏ ထိတွေ့မှုရှိသော လယ်သမားများနှင့် အခြားလူများတွင် ပိုမိုဖြစ်ပွားသည်ကို တွေ့ရှိရသည်။

 

နောက်ဆက်တွဲ ပြဿနာများ


       Whipple’s Disease ၏ နောက်ဆက်တွဲ လက္ခဏာများ အနေဖြင့် အာဟာရချို့တဲ့မှုကြောင့် ပင်ပန်းနွမ်းနယ်ခြင်း၊ ကိုယ်အလေးချိန်ကျခြင်းနှင့် အဆစ်အမြစ် နာကျင်ခြင်းများ ဖြစ်နိုင်သည်။ ရောဂါကို နောက်ကျမှ သိရှိခြင်းနှင့် ကုသမှု ခံယူဖို့ နောက်ကျပါက သေဆုံးသည်အထိ ဖြစ်စေနိုင်သော ရောဂါဖြစ်သည်။

 

ဆရာဝန်နှင့် သွားရောက် ပြသသင့်သော အချက်များ

      Whipple’s Disease သည် ကုသ၍ ပျောက်ကင်းနိုင်သော်လည်း အသက်အန္တရာယ် စိုးရိမ်ရသော ရောဂါဖြစ်သည်။ ထို့ကြောင့် အကြောင်းရင်းမရှိဘဲ ပိန်ခြင်းနှင့် အဆစ်အမြစ် နာကျင်ခြင်းများ ခံစားရပါက ဆရာဝန်ထံ အမြန်ဆုံး သွားရောက်ပြသသင့်ပါသည်။

 

စစ်ဆေးမှုများ

    ရောဂါအကြောင်း မေးမြန်းခြင်း၊ စမ်းသပ်ခြင်းများ အပြင် သွေးစစ်ခြင်း၊ အူသိမ်မှ အသားစယူ၍ စစ်ဆေးခြင်းတို့ပြုလုပ်ရမည် ဖြစ်သည်။

 

ကုသခြင်း


      Whipple’s Disease အား ကုသရာတွင် အကောင်အား သေစေရန် ပိုးသတ်ဆေးများကို ၁ နှစ်မှ ၂ နှစ်အထိ ရေရှည် စွဲသောက်ရန် လိုအပ်သည်။ ဆေးသောက်နေစဉ်အတွင်း ဆေးယဉ်ပါးမှု ရှိမရှိ သိစေရန် ဆရာဝန်ထံတွင် ပုံမှန် စစ်ဆေးမှု ခံယူရန်လိုအပ်သည်။ တစ်ချို့သော လူနာများတွင် ပိုးသတ်ဆေးကို ထိုးဆေးထိုးရမည်ဖြစ်သည်။ ထို့ပြင် အာဟာရ ချို့တဲ့မှုများ ဖြစ်နိုင်သည့်အတွက် ဗီတာမင်နှင့် သတ္တုဓာတ် အားဆေးများ သောက်ပေးရမည်။ Whipple’s Disease ရောဂါသည် ပြန်ပြန်ဖြစ်နိုင်သည့်အတွက် ပုံမှန်စစ်ဆေးမှုခံယူရန် လိုအပ်သည်။

 

 

Paing

Ref: Mayo clinic

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေးခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18