Print

ဘဝတစ်လျှောက် လိင်ဆက်ဆံခြင်းမပြုပါက အသက် ၁၅၀ နှစ်ထိ အသက်ရှင်နိုင်ပြီ

  15-Feb-2019
Preview Image

လူသားတွေ လိင်ဆက်ဆံခြင်း မပြုပါက အသက် ၁၅၀ နှစ်အထိ အသက်ရှိနိုင်ဟု Biogerontology Research Foundation ခေါ် UK ဉာဏ်ကြီးရှင်အဖွဲ့တစ်ဖွဲ့ရဲ့ ဒါရိုက်တာဖြစ်သူ ဗြိတိသျှလူမျိုးပါမောက္ခ Alex Zhavo Ronkov က Daily Mirror သတင်း
သို့ ပြောပြခဲ့ပါတယ်။ သူ့ရဲ့ စာအုပ်သစ် The Ageless Generation မှာ သူက ကာမဆက်ဆံခြင်း မရှိသောဘဝက ကျွနု်ပ်တို့ အသက် ပိုမိုရှည်စေနိုင်ကြောင်း ဖော်ပြထားပါတယ်။ လိင်ဆက်ဆံတာ အားအင်စုပ်ယူကုန်ခန်းစေတဲ့ အနှောင့်အယှက်တွေထဲက တစ်ခုဖြစ်ကြောင်းသူက ထပ်မံ သတိပေးထားပါတယ်။ နောက်ကျမှ အိမ်ထောင်ပြုခြင်းနဲ့ ကလေးမွေးဖွားခြင်းက မိမိတို့ရဲ့ ဘဝသက်တမ်း အပြောင်းအလဲဖြစ်စေတဲ့ အကျိုးဆက်ဖြစ်ကြောင်း သူက ထပ်ပြောပါတယ်။ အဲဒီအစား လေ့ကျင့်ခန်းပုံလုပ်ပြီး အစားလျော့စားဖို့ အကြံပြုထားပါတယ်။ သူကတော့ တစ်နေ့ ကယ်လိုရီ ၁၆၀၀ ကနေ ၁၇၀၀ ကြား စားသုံးတယ်။ အများစုမှာ သစ်သီး၊ ဒိန်ခဲနဲ့ ပရိုတိန်းဓာတ်တွေ ဖြစ်တယ်လို့ Zhavoonkov က ပြောပါတယ်။ အသက် ၁၅၀ ကျော် အသက်ရှင် နေထိုင်ဖို့ မဖြစ်နိုင်တာ မဟုတ်ပါဘူး။ ကျွန်တော့်မှာ သေဖို့ စီမံချက်လုံးဝ မရှိတာပါ။ ဘာမဆို ဖြစ်နိုင်တယ်ဆိုတာ သိမှတ်ပြီး အသက်ရှင်ဖို့သာ လိုအပ်ကြောင်း Zhavoronkov က နောက်ဆုံးစကား ပြောဆိုခဲ့တယ်။ မေးခွန်းကတော့ကာမရသခံစားပြီး ခဏပဲ အသက်ရှင်မှာလား သို့မဟုတ် အသက်ရှည် ရှည်နေထိုင်သွားမလား ဆိုတာပဲဖြစ်ပါတယ်။

Healthcare.com.mm

Ref: 
Indiatimes
Trend Myanmar
Credit
Phoekilay

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေးခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။

မှတ်ချက်။ ။ ဤဆောင်းပါးနှင့်ပက်သက်၍ဆက်စပ်ပြီး ထပ်မံသိရှိလိုပါက comment
(သို့မဟုတ်) message box ထဲတွင် ဝင်ရောက်မေးမြန်းနိုင်ပါသည်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18