Print

Voice Disorders ( အသံဆိုင်ရာ ပြဿနာများ)

  14-Feb-2019
Preview Image

အကျဉ်းရှင်းလင်းချက်

အသံအိုးကိုဖြတ်၍ အဆုတ်မှထွက်လာသောလေကြောင့် အသံထွက်ပေါ်လာခြင်းဖြစ်သည်။ အသံအိုးထဲတွင် အသံထွက်အောင် တုန်ခါပေးရသော ကြွက်သား (ခေါ်) အသံကြိုး နှစ်ချောင်း ရှိသည်။ ကျွနု်ပ်တို့အတွက် အသံသည် နေ့စဉ်လုပ်ငန်းစဉ်များအတွက် အရေးကြီးသော အခန်းမှ ပါဝင်ပေသည်။

စကားအလွန်ပြောခြင်း၊ အော်ခြင်း၊ ခဏခဏ လည်ချောင်းရှင်းခြင်း၊ ဆေးလိပ်သောက်ခြင်း စသည်တို့က အသံဝင်စေသည်။ ထိုမှတစ်ဆင့် အသံကြိုးယောင်ခြင်း၊အသံကြိုးတွင် အဖုအသီးများဖြစ်ခြင်း တို့ပါ ဖြစ်စေနိုင်သည်။ ပိုးဝင်ခြင်း၊ အစာအိမ်ထဲမှ အက်စစ်များ လည်ချောင်းထဲသို့ ပြန်တက်ခြင်း၊ ဗိုင်းရပ်စ်(သို့) ကင်ဆာကြောင့် ဖြစ်သော အကြိတ်အဖု၊ အသံကြိုးလုပ်ဆောင်မှုကို တုံ့ဆိုင်းစေသော ရောဂါများ စသည်တို့ကြောင့်လည်း အသံဆိုင်ရာ မူမမှန်မှုများဖြစ်တတ်သည်။

 

လက္ခဏာများ

- အသံဝင်ခြင်း၊ စကားပြောရန် အလွန်အားစိုက်ထုတ်ရခြင်း။

- သီချင်းဆိုသောအခါတွင် အမြင့်သံများအား မဆိုနိုင်တော့ခြင်း။

- အသံ သြလာခြင်း။

- မကြာခဏ လည်ချောင်း တစစ်စစ် ကိုက်ခြင်း (သို့) လည်ချောင်း ကြမ်းတမ်းခြောက်ကပ်ခြင်း။

 

ဖြစ်ပွားရသော အကြောင်းရင်းများ

(၁) အသံကို အလွန်အကျွံအသုံးပြုခြင်း။

     ဥပမာ - ဆူညံသောနေရာများတွင် စကားပြောဆိုရခြင်း၊ စကားပြောရာတွင် ကျယ်လောင်စွာပြောခြင်း၊

(၂) ရုတ်တရက် ပြင်းထန်သော လည်ချောင်းနာရောဂါ။

(၃) နာတာရှည် လည်ချောင်းနာရောဂါ။

(၄) အစာအိမ်မှ အက်စစ်များ လည်ချောင်းသို့ ဆန်တက်သော ရောဂါ။

(၅) အသံကြိုးတွင် ကင်ဆာမဟုတ်သော အဖုအကြိတ်များရှိခြင်း။

(၆) အသံကြိုး သွေးယိုခြင်း။

(၇) အသံကြိုး အကြောသေခြင်း။

(၈) လည်ချောင်း ကင်ဆာ။

 

ဖြစ်နိုင်ချေများသူများ

- အသံ အသုံးပြု၍ အလုပ်လုပ်ရသူများ (ဥပမာ- အဆိုတော်၊ ဈေးသည်၊ ကျောင်းဆရာ)

- ဆေးလိပ်သောက်သူများ

- ကိုယ်ခံအား ကျဆင်းသူများ

 

ဆရာဝန်နှင့် သွားရောက်ပြသသင့်သော အချက်များ

အသံဝင်ခြင်း ခဏခဏဖြစ်လျှင် (သို့) ကာလကြာရှည်စွာ အသံဝင်လျှင် သမားတော် (သို့) နား၊နှာခေါင်း၊လည်ချောင်း အထူးကုနှင့် ပြသရန်လိုပါသည်။

 

စစ်ဆေးမှုများ

- အသက်ရှူလမ်းကြောင်းကြည့် မှန်ပြောင်း ( flexible or rigid )

- mirror examination

- Videostroboscope

- Laryngeal electromyography

- Sound (acoustic) analysis

- Prolonged double-probe pH monitoring analysis ( to detect reflux larnygitis )

- အခြား --> ဓာတ်မှန်၊ CT scan၊ MRI ( to detect tumours, masses or airway passage problems )

 

ကုသခြင်း နှင့် ကာကွယ်ခြင်း

- ရေလုံလုံလောက်လောက်သောက်ပါ။

- ဆေးလိပ်ဖြတ်ပါ။

- အသံ အလွန်အကျွံ အသုံးပြုခြင်းကို ရှောင်ပါ။

- လည်ချောင်းရှင်းခြင်းသည် အသံကြိုးကို အရှိန်ပြင်းစွာ ရိုက်သည်နှင့်တူ၍ လည်ချောင်းခဏခဏ ရှင်းခြင်းကို ရှောင်ပါ။

- အအေးမိပြီး အသံဝင်နေသည့်အခါမျိုးတွင် ကျယ်လောင်စွာ စကားပြောခြင်း၊ အော်ဟစ်ခြင်းများကို ရှောင်ပါ။

 

Ref: National Institute of Deafness and Other Communication Disorders

 American Academy of

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေးခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18