Print

သွေးတိုးရောဂါ ဖြစ်ရခြင်း အကြောင်းရင်းများ

  14-Feb-2019
Preview Image

သွေးတိုးရောဂါသည် အမျိုးသားများတွင် အဖြစ်များသော်လည်း ထိုအကြောင်းရင်း တစ်ခုတည်းကြောင့်မဟုတ်ပါ။ အောက်ပါအချက်များကြောင့်လည်း ဖြစ်တတ်ပါသည်။

(၁) ကိုယ်အလေးချိန်များနေခြင်း
(၂) အရက်အလွန် အကျွံသောက်ခြင်း
(၃) စိတ်ဖိစီးမှုများသော လူနေမှုစရိုက်ရှိခြင်း
(၄) ဆား၊ အငန်စား သုံးမှုများခြင်း
(၅) ကိုယ်ကာယလှုပ်ရှားမှု နည်းပါးခြင်း
(၆) ကျောက်ကပ် ရောဂါဖြစ်ခြင်း စသည်တို့ဖြစ်သည်။

ကိုယ်ဝန်ဆောင် အမျိုးသမီးများတွင် ဖြစ်ပေါ်လာလေ့ရှိသော သွေးဖိအားမြင့်တက်မှုသည် အသက်အန ရာယ်ဖြစ်စေနိုင်သည့် ကိုယ်ဝန်ဆိပ်တက်ခြင်း၊ ကိုယ်ဝန်ဆိပ်မတက်မီ အကြိုအခြေအနေ ခံစားရခြင်းတို့ဖြစ်ရန် အလားအလာများသည်။ ကလေးမွေးပြီးသောအခါ မြင့်တက်နေသော သွေးဖိအား ပုံမှန်ပြန် ဖြစ်သွားလေ့ရှိသည်။

ဘာလုပ်သင့်သလဲ

(၁) သွေးဖိအား မြင့်တက်နေသည်ကို သိရှိရန် အရေးကြီးသောကြောင့် အသက် ၃ဝ ကျော်သူတိုင်း အနည်းဆုံး နှစ်နှစ်တစ်ကြိမ် သွေးဖိအားတိုင်းခြင်းကို ပုံမှန်ပြုလုပ်သင့်သည်။
(၂) သင်၏ သွေးဖိအား သည် ၁၄ဝ ၉ဝ mmHg ထက် များနေပါက သင်၏ ဆရာဝန်က ရက်သတ္တပတ် အနည်းငယ်အတွင်း သူ့ထံပြန်လာပြီး သွေးဖိအား ပြန်တိုင်းကြည့်ရန် ညွှန်ကြားပါလိမ့်မည်။
(၃) ၃ ကြိမ်ခွဲ၍ တိုင်းသောအခါ ရရှိသည့်မြင့် တက်နေသော သွေးဖိအားမဟုတ်လျှင် သွေးတိုးရောဂါရှိသည်ဟု များသောအားဖြင့် သတ်မှတ်လေ့မရှိပါ။

သင်၏ ဆရာဝန်က အောက်ပါစမ်းသပ်မှုများ ပြုလုပ်ရန် စီစဉ်ပါလိမ့်မည်။
(၁) နှလုံးစမ်းသပ်မှုများ (နှလုံးစမ်းသပ်စက် နဃွ ရိုက်ခြင်းအပါအဝင်)
(၂) ပျက်စီးနေသော သွေးကြောများ ရှိ၊ မရှိ ရှာဖွေရန် မျက်စိစမ်းသပ်မှုများ
(၃) သွေးဖိ အားမြင့်တက်စေသည့် အကြောင်းရင်းကို ဖော်ထုတ်နိုင်သည့် စမ်းသပ်မှုများ ပြုလုပ်ခြင်း (ဆီး စစ်ခြင်း၊ ကျောက်ကပ် ရောဂါရှိ၊ မရှိသိရန် အာလ်ထရာဆောင်းရိုက်ခြင်း သို့မဟုတ် ဟော်မုန်းချို့ယွင်းမှု ပြဿနာ ရှိ၊ မရှိ စမ်းသပ်ခြင်း)

နောက်ဆက်တွဲ ရှုပ်ထွေးမှုများရှိပါသလား

အကယ်၍ အလွန်ဆိုးဝါးသော သွေးတိုးရောဂါအား ကုသမှုမပေးခဲ့လျှင် သွေးလွှတ်ကြောများ၊ နှလုံးနှင့် ကျောက်ကပ်များ ကိုထိခိုက်နိုင်သော အခွင့်အလမ်းများပါသည်။ ထိခိုက်ပျက်စီးသွားသော သွေးလွှတ်ကြောများသည် သွေးကြောမာ 
ခဲကျဉ်းမြောင်းခြင်း (Atherosclerosis) ဖြစ်ရန် အခွင့်အလမ်းများပါသည်။ ဤ သို့ဖြစ်ရခြင်းမှာ သွေးကြော နံရံများအတွင်း အဆီခဲများ စုပုံလာပြီး ကျဉ်းမြောင်းလာကာ သွေးစီးဆင်းမှု နည်းပါးသွားခြင်းဖြစ်သည်။ နှစ်ပေါင်းများစွာကြာပြီး
နောက် ကျောက်ကပ်အတွင်းရှိ သွေးလွှတ်ကြောများ ထိခိုက်သွားပြီး နာတာရှည် ကျောက်ကပ်စွမ်း ရည်ကျဆင်းသည့်ရောဂါ ဖြစ်စေနိုင်ပါသည်။ မျက်စိအတွင်းရှိ အမြင်အာရုံခံ လွှာသည်လည်း သွေးတိုးရောဂါကြောင့် ပျက်စီးနိုင်ပါသည်။

Ref: 
ဖိုးသူတော် (www.phothutaww.com)
Credit: ံHealth Digest
ကျန်းမာရေး, ဗဟုသုတ 

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေးခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18