Print

နာကျင်မှုဝေဒနာများကို ပြေလျော့စေမယ့်သဘာဝနည်းလေးများ

  13-Feb-2019
Preview Image

(၁) တကိုယ်လုံးက ကြွက်သားတွေ နဲ့ အရိုးများနာကျင်ကိုက်ခဲနေပါသလား။
ဂျင်း လက်တဆစ်လောက်ကို နေ့တိုင်းစားပေး ပါ။ (အဆစ်ရောင်ရောဂါတွေအပြင်၊ အဆစ်တွင်းရှိ အရိုးနုများပျက်စီးတဲ့ရောဂါ တို့ကိုပါ ၇၅ ရာခိုင်နှုန်းလောက် သက်သာသွားစေ နိုင်ပါတယ်)

(၂) သွားကိုက်ပြီး သွားဖုံးတွေရောင်ကိုင်းနေပါသလား။
လေးညှင်းပွင့် ၂ ပွင့်ကို အာခံတွင်းထဲမှာ ဖြည်းဖြည်းချင်းမြှုံ့၍ ဝါးပေးပါ။

(၃) ဘာအစာမှ စားချင်စိတ်မရှိဘဲ လေပူထနေပါသလား။
ပန်းသီးတစ်ခြမ်းကို အခွံနွှာပြီးနောက် ညက်ညက်ဝါးစားပေးလိုက်ပါ။

(၄) နားကိုက်နေပါသလား။
ကြက်သွန်ဖြူ ၃ တက် လောက်စားပါ။

(၅) ခေါင်းအုံပြီး ကိုက်ခဲနေပါသလား။
ချယ်ရီသီး လက်တဆုပ်စာလောက် နေ့စဉ်စားပေးပါ။

(၆) အူရောင်ငန်းဖျား ရောဂါဖြစ်နေပါသလား?
အဆီများတဲ့ငါးများဖြစ်ကြတဲ့ ဆယ်လ်မွန်၊ တူနာ၊ ငါးသေတ္တာငါးများနှင့် ပင်လယ် ငါးအမျိုးမျိုးတို့စားပေးပါ။

(၇) ကျန်းမာရေးအတွက် ဘက်စုံကောင်းချင်ပါသလား။
အဆီမပါတဲ့ ဒိန်ချဉ်ကို နေ့စဉ် ၂ ခွက်လောက်သောက်ပေးပါ။

(၈) ခန္ဓာကိုယ်တစ်ခုလုံး (နာတာရှည်) နာကျင်ကိုက်ခဲနေပါသလား။
နနွင်းမှုန့်စစ်စစ်ကို နေ့စဉ် လ္ဘက်ရည် ဇွန်း ၄ ပုံ ၁ ပုံ လောက် သောက်ပေးပါ။

(အရိုး၊ အကြော နဲ့ ကိုယ်တိုင်းကိုယ်ပ ရောင်ရမ်းနာတွေကို သက်သာစေတဲ့အပြင် ကင်ဆာရောဂါများ၊ မျက်လုံး ရေတိမ်စွဲခြင်း နဲ့အယ်လ်ဇိုင်းမား (ခေါ်) ဦးနှောက်အကြိုဇရာ ရောဂါတွေကို မဆိုးဝါးလာအောင် ထိန်းထားပေးနိုင်ပါတယ်)

(၉) အမျိုးသမီးရောဂါ ဖြစ်နေပါသလား?
ကွေကာအုပ်(အကြမ်း) နေ့စဉ်စားပေးပါ (သားအိမ်အတွင်းမြှေးများကို ကောင်းကျိုးပြုပါ တယ်)

Healthcare.com.mm

Ref; 
KK ကနောင်
Credit to ပေါက်ပေါက်

 သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေးခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18