Print

သင့်ခန္ဓာကိုယ် တစ်ခုလုံးကို ပြောင်းလဲသွားစေနိုင်တဲ့ အုန်းဆီ

  11-Feb-2019
Preview Image

သင့်အတွက် ဝန်းကျင်မှာ သင်သတိမပြုမိဘဲ ရှိနေတဲ့ အလှကုန် ပစ္စည်းတစ်မျိုးမျိုး ရှိနေပါတယ်။ အဲဒါကတော့ အုန်းဆီ ပဲဖြစ်ပါတယ်။ အုန်းဆီမှာ အသားအရေအတွက် အကျိုးကျေးဇူးတွေ အများအပြား ရှိနေပါတယ်။ သန့်စင်တဲ့ အုန်းဆီဟာ သင့်အလှအပအတွက် နေရာစုံမှာ အသုံးဝင်နေတာကို အံ့သြဖွယ်ရာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ကြေးချွတ်တဲ့အခါ အသားအရေကို ကြေးချွတ်တဲ့အခါ အချို့သူတွေဟာ အုန်းဆီကို ထည့်သွင်း အသုံးပြုကြပါတယ်။ ဒါကို အားလုံး သိအောင် မျှဝေပေးလိုက်ပါတယ်။ အုန်းဆီကို အသုံးပြုပြီး ကိုယ်တိုင် လုပ်ကြေးချွတ်ခရင်မ် တစ်ခုဖန်တီးလို့ ရပါတယ်။ပြုလုပ်ရမှာက သကြား စားပွဲတင်ဇွန်း(၂) ဇွန်း၊ သန့်စင်တဲ့ အုန်းဆီစားပွဲ တင်ဇွန်း(၃) ဇွန်း ကိုရောနှောပြီး အသုံးပြုနိုင်ပါတယ်။ ဒီကြေးချွတ်ခရင်မ်က သင့်အသားအရေအတွက်ကောင်းမွန်တဲ့ အကျိုးရလဒ်ကို ယူဆောင်လာပေးပါလိမ့်မယ်။

ဆံပင်ပျော့ဆေး
သန့်စင်တဲ့ အုန်းသီးက ဆံသားအတွက် ရေဓာတ်ကို အနက်အရှိုင်းဆုံးအထိ ဖြည့်တင်းပေးနိုင်ပါတယ်။ ရေနွေးအနည်းငယ်နဲ့ သန့်စင်တဲ့ အုန်းဆီအချို့ကို ရောစပ်ပြီး ဦးရေပြားကို လိမ်းကျံပေးပါ။ သင့်ဦးရေပြား နဲ့ဆံနွယ်အတွက် ပျော်ရွှင်ဖွယ် အကျိုးရလဒ်ကို ရရှိပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။

မျက်ဝန်းတဝိုက်မိတ်ကပ်ဖျက်ဆေး

မျက်ဝန်းတဝိုက်နူးညံ့တဲ့ အရေပြားပေါ်ရှိ မိတ်ကပ်များကို ပယ်ဖျက်ရာမှာလည်း အုန်းဆီကို အသုံးပြုနိုင်ပါတယ်။ အုန်းဆီ အနည်းငယ် နဲ့ဂွမ်းလုံးကို အသုံးပြုပြီး မျက်ဝန်းတဝိုက်ရှိ မိတ်ကပ်များကို ညင်သာစွာ ပယ်ဖျက်ပေးနိုင်ပါတယ်။ မျက်ဝန်းတစ်ဝိုက် သာမက ရေစိုခံ မိတ်ကပ်များကို ဖျက်ရာမှာလည်း အသုံးပြု လို့ရပါတယ်။

အစိုဓာတ်ထိန်းခရင်မ်
အစိုဓာတ်ထိန်းခရင်မ် အဖြစ်လည်း အုန်းဆီကိုတစ်ခုလုံးအတွက် အသုံးပြုပေးနိုင်ပါတယ်။ အုန်းဆီကို Lotion နေရာမှာ အစားထိုး အသုံးပြုလို့ရတယ်ဆိုတာကို ကျယ်ကျယ်ပြန့်ပြန့် လက်ခံ ာကြပါပြီ။ အုန်းဆီကို Body Lotion အဖြစ် အသုံးပြုတဲ့အတွက် အသားအရေနူးညံ့၊ ကျန်းမာပြီး တောက်ပလာမှာကို သင်ခံစားရမှာဖြစ်ပါတယ်။

လက်သည်းအားဖြည့်ခရင်မ်
သင့်လက်သည်းတွေ ကျန်းမာသန့်ရှင်းဖို့ အရေးတကြီး လိုအပ်နေပြီ ဆိုရင်တော့ အုန်းဆီကို အသုံးပြုပေးနိုင်ပါတယ်။ လက်သည်းခွံလေးတွေ ကိုအုန်းဆီနဲ့ ပွတ်သုတ်ပေးပါက မယုံနိုင်စရာ ကောင်းလောက်အောင် လက်သည်းလေးတွေ ကျန်းမာသန်စွမ်းလာတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။

ချွေးနံ့ပျောက်ဆေး
Shea butter အာဒါလွတ်ဥ၊ မုန့်ဖုတ်ဆိုဒါနဲ့၊ အုန်းဆီ တို့ကို ရောစပ်ပြီး ချွေးနံ့ပျောက်ဆေးအဖြစ် အသုံးပြုနိုင်ပါတယ်။ ဒါဟာ ၁ဝဝ ရာခိုင်နှုန်း စစ်စစ် သဘာဝချွေး နံ့ပျောက်ဆေးပဲ ဖြစ်ပါတယ်။

နှုတ်ခမ်းအတွက်
အုန်းဆီကို နှုတ်ခမ်းသားလေးတွေ အတွက်လည်း အသုံးပြုနိုင်ပါသေးတယ်။ သဘာဝ အုန်းဆီစစ်စစ်ကို နှုတ်ခမ်းသားလေးတွေမှာ သုတ်လိမ်းပေးခြင်းဖြင့် နုပျိုစိုပြည်တဲ့နှုတ်ခမ်းသား တစ်စုံကို သင်ပိုင်ဆိုင်ခွင့် ရမှာပါ။ ဒါဆိုရင်တော့ အုန်းဆီဟာ သင့်လှပမှုအတွက် သင့်ဘဝမှာ ကောင်းမွန်တဲ့ အပြောင်းအလဲတွေနဲ့ ကြုံတွေ့ဖို့ ဖန်တီးပေးနိုင်တယ် ဆိုတာလေ့လာတွေ့ရှိနိုင်ပါပြီ။

အုန်းဆီကိုအသုံးပြုနိုင်တဲ့ နည်းလမ်းများ
အစားအစာ များချက်ပြုတ်တဲ့နေရာမှာ အခြားဆီများ အစားအသုံးပြုနိုင်ပါတယ်။ ခန္ဓာကိုယ် အစိုဓာတ်ထိန်း ခရင်မ်အဖြစ် အသုံးပြုနိုင်ပါတယ်။ Sun Screen အဖြစ်လည်း အသုံးပြုနိုင်ပါတယ်။ နှိပ်နယ်ရာမှာလည်း Massage Oil အဖြစ် အသုံးပြုနိုင်ပါတယ်။ အရေပြားမှာ ဖြစ်လာမယ့်အက်ကွဲကြောင်းများကို လျော့ကျစေပါတယ်။ ဦးခေါင်းမှသန်းများကို ဖယ်ရှားရှင်းလင်းရာမှာ အသုံးပြုနိုင်ပါတယ်။ ခြေဖနောင့်များ ကြမ်းတမ်းအက်ကွဲခြင်းကို ချောမွေ့နူးညံ့စေပါတယ်။ Hair Serum အဖြစ်လည်း အသုံးပြုနိုင်ပါတယ်။ မျက်လုံးအိမ်တဝိုက် ရောင်ရမ်းခြင်းကို လျော့ကျစေပါတယ်။ Lip balm အဖြစ်အသုံးပြုနိုင်ပါတယ်။ နေလောင်ကွက်တွေကို လျော့ကျသက်သာစေပါတယ်။ အမွေးအမျှင်များကို ဖယ်ရှားရှင်းလင်းတဲ့အခါ Shaving Cream အဖြစ်အသုံးပြုနိုင်ပါတယ်။ Hair maskt အဖြစ်ပြုလုပ်ပြီး ဆံပင်ပေါင်းတင်နိုင်ပါတယ်။ ကြေးချွတ်ဆားနှင့် အုန်းဆီကို ပေါင်းစပ်ပြီး Scrub ပြုလုပ်နိုင်ပါတယ်။ နှာခေါင်းသွေးယိုခြင်းကို ကာကွယ်နိုင်ပါတယ်။

Ref:
အေမီချို
June 12th, 2015 admin

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေးခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18