Print

Varicocele ( ကပ်ပယ်အိတ်ရှိ သွေးပြန်ကြောများဖောင်းလာခြင်း)

  10-Feb-2019
Preview Image

ပျော့တွဲသော ကပ်ပယ်အိတ် အရေပြားအတွင်းရှိ သွေးပြန်ကြောများ ဖောင်းလာခြင်းကို ဆိုလိုသည်။ ခြေထောက်ရှိ သွေးပြန်ကြောများ ဖောင်းခြင်းနှင့် ဆင်တူသည်။ ထိုသို့ ဖြစ်ခြင်းကြောင့် တစ်ခါတစ်ရံ ဝှေးစေ့ကို ကျုံ့သွားစေပြီး သုတ်ကောင်ထုတ်လုပ်မှု အရေအတွက်ကို လျော့ကျစေသည

လက္ခဏာများ

အများအားဖြင့် ပြင်းထန်သော လက္ခဏာများကို မတွေ့ရတတ်ပေ။

ရောဂါဖြစ်ပွားချိန် ကြာမြင့်လာခြင်း၊ မတ်တပ်ရပ်ခြင်း၊ လှုပ်လှုပ်ရှားရှား ပြုခြင်းများလျှင် နာကျင်တတ်သည်။ အချို့တွင် စူးရှရှ နာကျင်တတ်ပြီး၊ အချို့မှာ ကိုက်ခဲခြင်း၊ သက်တောင့်သက်သာ မရှိခြင်းတို့ကို ကြုံတွေ့ရတတ်သည်။ လှဲအိပ်လိုက်ပါက နာကျင်မှု သက်သာသွားတတ်သည်။ အချိန်ကြာမြင့် လာသည်နှင့်အမျှ ကပ်ပယ်အိတ်ရှိ သွေးကြောဖောင်းများမှာ ပို၍ကြီးမားပြီး သိသာလာတတ်သည်။ အမျိုးသားငယ်များတွင် ကပ်ပယ်အိတ် သွေးပြန်ကြောဖောင်းခြင်းကြောင့် သုတ်ကောင် ထုတ်လုပ်မှုကို လျော့နည်းစေသည်။

ဖြစ်ပွားရသော အကြောင်းရင်းများ

ဖြစ်ရသော အကြောင်းရင်းကို သေချာစွာ မသိရသေးပေ။ ဝှေးစေ့မှ ပြန်ထွက်သော သွေးပြန်ကြောရှိ အဆို့ရှင်များ ပျက်စီးခြင်းကြောင့် သွေးများပုံမှန် မစီးဆင်းခြင်းကြောင့် ဖြစ်ပွားရသည်ဟု ပညာရှင်များကို ယူဆထားသည်။ ကပ်ပယ်အိတ်တွင်း သွေးပြန်ကြောများ ဖောင်းခြင်းသည် လူပျိုဖော်ဝင်ချိန်တွင် အဖြစ်များပြီး ဘယ်ဘက်တွင် အဖြစ်များသည်။ ဘယ်ဘက်ရှိ သွေးကြောများ ဖောင်းသော်လည်း ဝှေးစေ့ နှစ်ဘက်လုံးကို ထိခိုက်ပြီး သုတ်ကောင် ထုတ်လုပ်မှုကို ထိခိုက်စေသည်။

ဖြစ်နိုင်ချေများသူများ

ပိန်သူများနှင့် အရပ်ရှည်သူများတွင် ပို၍ အဖြစ်များသည်ဟု လေ့လာချက်များအရ သိရသည်။

နောက်ဆက်တွဲ ပြဿနာများ

 နောက်ဆက်တွဲ ပြဿနာများ အနေဖြင့် ဝှေးစေ့ ကျုံ့သွားခြင်း (Atrophy)၊ သုတ်ကောင်ထုတ်လုပ်မှု အားနည်းခြင်းကြောင့် မျိုးမအောင်ခြင်းတို့ကို ကြုံတွေ့ရနိုင်သည်။

 

စစ်ဆေးမှုများ

ဆရာဝန်နှင့်သွားရောက်ပြသကာ လိုအပ်သော စမ်းသပ်မှုများကို ခံယူခြင်းနှင့် ကပ်ပယ်အိတ် အာထရာဆောင်းရိုက်ခြင်းတို့ကို ပြုလုပ်နိုင်သည်။

 

ကုသခြင်း

ပုံမှန်အားဖြင့် ကုသမှုခံယူရန် မလိုအပ်ပေ။ သို့သော် ဝှေးစေ့ကျုံ့သွားခြင်း၊ မျိုးမအောင်ခြင်း တို့ကို ကြုံတွေ့လာရပါက

-      ရိုးရိုးခွဲစိတ်ကုသခြင်း၊

-      မှန်ပြောင်းအကူအညီဖြင့် ခွဲစိတ်ခြင်း

-      အရေပြားပေါ်မှ သွေးပြန်ကြောများကို ပိတ်ခြင်း

-      ပြင်ပတွင် မျိုးအောင်စေခြင်းတို့ကို ပြုလုပ်နိုင်သည်။

 

ကပ်ပယ်အိတ် သွေးကြောဖောင်းခြင်းကြောင့် နာကျင်ခြင်း၊ သက်တောင့်သက်သာမရှိခြင်းတို့ ကြုံတွေ့ရပါက

-      အကိုက်အခဲ ပျောက်ဆေးများ သောက်ခြင်း

-      အားကစားသမားများ ဝတ်လေ့ရှိသော အတွင်းခံဝတ်ဆင်ခြင်း တို့ကို ပြုလုပ်နိုင်ပါသည်။

 

Lei

Healthcare.com.mm

Ref; Mayo Clinic

Checked by HPW

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေးခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။

 

 

 

 

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18