Print

Urinary incontinence (ဆီးမထိန်းနိုင်ခြင်း)

  06-Feb-2019
Preview Image

ဆီးမထိန်းနိုင်ခြင်း ဆိုသည်မှာ ရုတ်တရက် ချောင်းဆိုး၊ နှာချေခြင်းတို့ ပြုလုပ်ချိန်တွင် ဆီးအိမ် ထိန်းချုပ်မှု အားနည်းသောကြောင့် ဆီးထွက်ကျခြင်းကို ဆိုလိုသည်။ ထိုသို့ ရုတ်တရက် ဆီးထွက်ကျတတ်ခြင်းကြောင့် နေ့စဉ် ဘဝတွင် အရှက်ရခြင်း၊ အနှောင့်အယှက် ဖြစ်ခြင်းများ ကြုံတွေ့ရလေ့ရှိသည်။

 

လက္ခဏာများ

ဆီးမထိန်းနိုင်ခြင်းကို

·         ချောင်းဆိုးရာ၊ နှာချေရာ၊ ရယ်ရာ၊ လေ့ကျင့်ခန်းလုပ်ရာ၊ အလေးအပင်မရာတို့တွင် ဝမ်းဗိုက်ပေါ် ဖိအားများခြင်းကြောင့် ဆီးမထိန်းနိုင်ခြင်း (Stress Incontinence)

·         ဆီးပိုးဝင်ခြင်းနှင့် ဆီးချိုသွေးချို ရောဂါရှင်များတွင် အာရုံကြော အားနည်းခြင်းကြောင့် မကြာခဏ ဆီးသွားလိုခြင်း၊ ညဘက်များတွင်ပါ ဆီးခဏခဏ သွားခြင်း (Urge Incontienece)

·         ဆီးကုန်စင်အောင် မသွားခြင်းကြောင့် ဆီးတစ်စက်စက်ကျခြင်း (Overflow incontinence)

·         ကိုယ်နှင့် စိတ်ချို့ယွင်းမှုတို့ကြောင့် ဆီးအချိန်မီ မသွားနိုင်ခြင်း (ဥပမာ- အသက်ကြီးသူများတွင် ဆီးသွားလိုသောအချိန်၌ ဘောင်းဘီကို အချိန်မီ မချွတ်နိုင်ခြင်း (Functional incontinenece))

·         အထက်တွင် ဖော်ပြထားသော အခြေအနေ တစ်ခုထက်ပိုသော ဆီးမထိန်းနိုင်ခြင်း (Mixed Incontinenece) ဟူ၍ အမျိုးအစားများ ခွဲခြားနိုင်သည်။

 

ဖြစ်ပွားရသော အကြောင်းရင်းများ


ဆီးမထိန်းနိုင်ခြင်းမှာ ရောဂါတစ်ခုမဟုတ်ဘဲ လက္ခဏာတစ်ခုသာဖြစ်သည်။

 

ခဏတာ ဆီးမထိန်းနိုင်ခြင်း (Temporary urinary incontinenece)

·         အရက်၊ ကဖင်းဓာတ်များ

·         လက်ဖက်ရည်နှင့် ကော်ဖီ

·         Gas ပါသော အချိုရည်များ (Carbonated drinks)

·         သကြားတုများ (Artificial sweeteners)

·         အချဉ်ဓာတ်ပါသော အသီးများ

·         နှလုံးနှင့် သွေးတိုးရောဂါအတွက် ဆေးသောက်သုံးနေရသူများ

·         ဗီတာမင် ဘီနှင့်စီ များစွာ စားသုံးသူများတွင် ဆီးမထိန်းနိုင်ခြင်း ဖြစ်လေ့ရှိတတ်သည်။

 

·         ဆီးပိုးဝင်ခြင်း၊ ဝမ်းချုပ်ခြင်းတို့ကြောင့်လဲ ယာယီဆီးမထိန်းနိုင်ခြင်း ဖြစ်တတ်သည်။

 

နာတာရှည် ဆီးမထိန်းနိုင်ခြင်း (Persistent urinary incontinence)

 

နာတာရှည် ဆီးမထိန်းနိုင်ခြင်းကို

·         ကိုယ်ဝန်ဆောင်ချိန်

·         မွေးလမ်းကြောင်းမှ ကလေးမွေးထားသော မိခင်များ

·         အသက်အရွယ်ကြီးခြင်းကြောင့် ဆီးအိတ် ကြွက်သားအားနည်းသွားသူများ

·         သွေးဆုံးပြီး အမျိုးသမီးများ

·         သားအိမ် ထုတ်ထားသူများ

·         ဆီးကျိတ်ကြီးသော အမျိုးသားများ

·         ဆီးကျိတ်ကင်ဆာရှိသူများ

·         ဆီးလမ်းကြောင်းတစ်လျှောက် အလုံးအကြိတ်ရှိသူများ

·         အာရုံကြောဆိုင်ရာ ရောဂါရှိသူများတွင် တွေ့ရလေ့ရှိသည်။

 

အဖြစ်များသူများ


ဆီးမထိန်းနိုင်ခြင်းမှာ

·         အမျိုးသမီးများ

·         အသက်ကြီးသူများ

·         အဝလွန်သူများ

·         အာရုံကြောဆိုင်ရာ ရောဂါရှိသူများတွင် အဖြစ်များသည်။

 

နောက်ဆက်တွဲ ပြဿနာများ

·         စိုစွက်မှုကြောင့် လိင်အင်္ဂါတဝိုက်တွင် ယားယံခြင်း၊ အရေပြားရောဂါပိုးများဝင်ခြင်းနှင့် ရောင်ရမ်းခြင်း

·         ဆီးပိုးဝင်ခြင်း

·         နေ့စဉ်ဘဝတွင် အဆင်မပြေခြင်း တို့ဖြစ်နိုင်သည်။

 

စစ်ဆေးမှုများ

·         ဆရာဝန်နှင့် တိုင်ပင်ကာ ရောဂါလက္ခဏာများကို စစ်ဆေးခြင်း

·         ဆီးပိုးဝင်ခြင်းရှိမရှိ၊ ဆီးတွင်းသွေးပါခြင်းရှိမရှိတို့ကို စစ်ဆေးခြင်း

·         တနေ့လျှင် ရေမည်မျှသောက်သည်၊ ဆီးမည်မျှသွားသည်၊ ဆီးသွားလိုစိတ် ဘယ်နှစ်ကြိမ်ဖြစ်သည်၊ ဘယ်နှစ်ကြိမ် ဆီးမထိန်းနိုင်ဖြစ်သည် တို့ကို မှတ်သားစေခြင်း

·         ဆီးလမ်းကြောင်းတွင်း တစ်စုံတစ်ရာ ပိတ်ဆို့ခြင်းရှိမရှိ စမ်းသပ်ခြင်း

·         ဆီးအိတ်၏ ညှစ်အားနှင့် ဆီးအိတ်ဝ ကြွက်သား၏ သန်မာမှုကို စစ်ဆေးခြင်း (Urodynamic testing)

·         ဆီးအိတ်တွင်းသို့ မှန်ပြောင်းဖြင့် စစ်ဆေးခြင်း (Cystoscopy)

·         ဆီးအိတ်တွင်း ဆေးထိုး၍ ဓာတ်မှန်ရိုက်ခြင်း (Cystogram)

·         ဆီးလမ်းကြောင်းနှင့် မျိုးပွားအင်္ဂါအတွင်းသို့ စစ်ဆေးခြင်း တို့ကို ပြုလုပ်နိုင်ပါသည်။

ကုသခြင်း

·         ဆီးသွားချင်လာပါက ချက်ချင်းမသွားဘဲ ၁၀မိနစ်ခန့် နေပြီးမှသွားခြင်း

·         ဆီးသွားပြီးပြီးချင်း ချက်ချင်းမထဘဲ ဆီးကျန်ကုန်စေရန် နောက်တကြိမ်သွားခြင်း

·         နှစ်နာရီတစ်ကြိမ် သို့မဟုတ် လေးနာရီတစ်ကြိမ် အပေါ့သွားခြင်း

·         အရက်၊ ကဖင်းနှင့် အက်ဆစ်ဓာတ်များသောအစာများကို ရှောင်ခြင်း၊ အရည်လျော့သောက်ခြင်း၊ ကိုယ်အလေးချိန် လျော့ခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း တို့ဖြင့် သက်သာအောင် ပြုလုပ်နိုင်ပါသည်။

·         ဆီးထိန်းအားကောင်းစေသော လေ့ကျင့်ခန်းအနေဖြင့်

-      ဆီးသွားစဉ် ၅စက္ကန့်ခန့် ဆီးကိုရပ်လိုက် ၅စက္ကန့်ခန့်ဆီးပြန်သွားလိုက် ပြုလုပ်ပါ။

-      ထို့နောက် ၁၀ စက္ကန့်သို့ တိုးလုပ်ပါ။

-      လေ့ကျင့်ခန်းကို တစ်နေ့ အနည်းဆုံးသုံးကြိမ်ပြုလုပ်ပါ။

ထို့ပြင် ကုသမှုအနေဖြင့်

·         ဆေးများသောက်ခြင်း၊

·         လျှပ်စစ်သုံး၍ ကုသခြင်း

·         လိုအပ်ပါက ဆီးလမ်းကြောင်းအတွင်းသို့ ပစ္စည်းထည့်ခြင်း

·         ဆီးအိတ်ကို ထိန်းပေးသော ကွင်းထည့်ခြင်း

·         ခွဲစိတ်မှုများပြုလုပ်ခြင်း

·         ဆီးပိုက်တပ်ထားခြင်း

·         ဆီးခံ အတွင်းခံ ဝတ်ဆင်စေခြင်း တို့ကို ပြုလုပ်နိုင်ပါသည်။

ဆီးတစက်စက်ကျခြင်းကြောင့် အရေပြားယားယံခြင်းကို သက်သာစေရန် ပဲပြုတ်

-      ရေစိုဝတ်ဖြင့် အင်္ဂါကို သန့်ရှင်းရေးလုပ်ခြင်း

-      လေဝင်လေထွက်ကောင်း၍ ခြောက်သွေ့အောင်ထားခြင်း

-      Petroleum Gel ကဲ့သို့သော Cream များလိမ်းပေးခြင်း တို့ကို ပြုလုပ်နိုင်သည်။

 

Lei

Healthcare.com.mm

Ref; Mayo Clinic

 သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေးခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။

 

 

 

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18