Print

ပေါင်းစပ်အသားအရေ

  05-Feb-2019
Preview Image

ပေါင်းစပ်အသားအရေမှန်း သိသာစေတဲ့ ဖော်ပြချက်တွေကတော့ သင့်မျက်နှာပြင်ရဲ့ ပါးပြင်နေရာများဟာ ခြောက်သွေ့နေပြီး T- zone နေရာ (နဖူးနှင့်နှာခေါင်း တစ်လျှောက်) တွေမှာတော့ အဆီတွေရှိနေပါတယ်။ ဒါဆိုရင်တော့ သင်ဟာ ပေါင်းစပ်အသားအရေပိုင်ရှင်ဖြစ်တာ သေချာပါပြီ။ အသားအရေကို အကောင်းဆုံး ထိန်းသိမ်းနိုင်ဖို့အတွက် ကိုယ့်ရဲ့အသားအရေအမျိုးအစားကို သိထားဖို့ အရေးကြီးပါတယ်။ အသားအရေနှင့် အလိုက်ဖက်ဆုံး Skin Care Product တွေကို အသုံးပြုသလို အစားအစာနှင့် လေ့ကျင့်မှုနည်း စနစ်ကလည်း ကောင်းမွန်တဲ့အသားအရေ ထိန်းသိမ်းမှုဖြစ်
တယ်ဆိုတာကို သင်သတိပြုရပါမယ်။ ဒါကြောင့် အသားအရေတစ်မျိုးချင်းစီအလိုက် ထိန်းသိမ်းဂရုစိုက်မှုနဲ့ အသုံးပြုရမယ့် Skin Care ပစ္စည်းများအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

ပေါင်းစပ်အသားအရေအတွက် ထိန်းသိမ်းစောင့် ရှောက်မှု

ပေါင်းစပ်အသားအရေပိုင်ရှင်များအတွက် မျက်နှာသန့်စင်ဆေးကို ရွေးချယ်တဲ့အခါမှာ နူးညံ့တဲ့သန့်စင်ဆေးကို ရွေးချယ်ရမှာ ဖြစ်ပါတယ်။ သတိပြုရမှာတစ်ခုက ဆေးဝါးကုသမှုဆိုင်ရာ ပစ္စည်းများပါဝင်တဲ့ သန့်စင်ဆေးမျိုးကိုတော့ ရွေးချယ်အသုံး
မပြုရဘူးဆိုတာပါပဲ။ ပေါင်းစပ်အသားအရေပိုင်ရှင်များဟာ မိမိမျက်နှာပြင်ရဲ့ ဘယ်အစိတ်အပိုင်းက အဆီပြန်နေတတ်လဲဆိုတာကို အနည်းဆုံးတစ်နေ့တစ်ကြိမ်တော့ ရှာဖွေလေ့လာကြည့်ပါလို့ အကြံပြုပါရစေ။ သင့်မျက်နှာပြင်ရဲ့ အဆီပြန်တဲ့နေရာ တစ်ဝိုက်အတွက်ကိုတော့ Salicylic Aicd ပါဝင် တဲ့ Product ကို အသုံးပြုပေးလို့ ရပါတယ်။ အစိုဓာတ်ထိန်းခရင်မ်ကို ရွေးချယ်ရာမှာတော့ အဆီပြန်တဲ့နေရာအတွက် SPF 30 ပါဝင် တဲ့ Oil Free အမျိုးအစားကို သုံးသင့်ပြီး ခြောက်သွေ့တဲ့ ဧရိယာတဝိုက်အတွက်တော့ အာဟာရ ဓာတ်ကြွယ်ဝစွာ ပါဝင်တဲ့ အစိုဓာတ်ထိန်းခရင်မ်မျိုးကို
ရွေးချယ်ရမှာ ဖြစ်ပါတယ်။ သင့်အသားအရေကရော ဘယ်လိုအမျိုးအစားထဲမှာ ပါဝင်နေပါသလဲ။

Ref:
အေမီချို
ရတီကျန်းမာရေး 

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေးခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18